Home သတင်း အသိမ်းခံ လယ်‌မြေများ ပြန်ရလို၍ တွံ‌တေးလယ်သမားများ စု‌ပေါင်းဆန္ဒထုတ်‌ဖော်

အသိမ်းခံ လယ်‌မြေများ ပြန်ရလို၍ တွံ‌တေးလယ်သမားများ စု‌ပေါင်းဆန္ဒထုတ်‌ဖော်

1925
ဇွန် ၉ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံ‌တေးမြို့နယ်၊ ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ အသိမ်းခံ လယ်‌မြေများ ပြန်ရလို၍ ‌ကျေးရွာအုပ်စု ငါးစုရှိ လယ်သမား ၇ဝဦးတို့သည် တွံ‌တေးမြို့၊ လွတ်လပ်‌ရေး‌ကျောက်တိုင်မှ ‌မြေစာရင်းရုံးသို့ ဇွန် ၈ရက်‌နေ့၊ နံနက် ၁ဝမှ ၁၂နာရီခွဲအ ထိ ချီတက်ဆန္ဒ‌ဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ ‌ကျေးရွာအုပ်စုရှိ လယ်‌မြေ ၉၆၉ဧကကို ၁၉၉၄ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံ တပ်ရင်းများက သိမ်းယူခဲ့ပြီး ၂၀၁၄ခုနှစ်တွင် မူလပိုင်ရှင်များထံ လယ် ၃၉၁ဧကကို ပြန်‌ပေးခဲ့‌သော်လည်း ပြန်ရသည့် လယ်များအ‌ပေါ် ထွန်ယက်စိုက် ပျိုးစဉ် ယခင် စစ်တပ်သီးစားချ ကိုယ်စားလှယ်များက ဝင်‌ရောက်‌နှောက်ယှက်သည့်အတွက် အခုလို ဆန္ဒထုတ်‌ဖော်ရခြင်း ဖြစ် သည်ဟု လယ်သမားများက ‌ပြောဆိုသည်။

‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုမှ လယ် ၁၂ဧက အသိမ်းခံရသူ မန်းမျိုးသန့်က “ကျ‌နော်တို့ ဆန္ဒပြတဲ့ ရည်ရွယ်ချက်က မူလ လယ် သမား‌တွေပိုင်တဲ့ လယ်‌တွေကို မှန်မှန်ကန်ကန်နဲ့ သက်ဆိုင်ရာက ပြန်ချ‌ပေး‌စေချင်တယ်။ ‌နောက်‌တော့ မူလလယ်သမား‌တွေ စိုက်ထားတဲ့ လယ်‌တွေကို စစ်သီးစားကိုယ်စားလှယ်‌တွေ လာဖျက်ဆီးတာကို မြို့နယ်‌ထွေအုပ်က အ‌ရေးယူမှုမပြုလို့ လိုက်ပါ ဆန္ဒ ထုတ်‌ဖော်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆန္ဒထုတ်‌ဖော်ပွဲကို ကနဦး တွံ‌တေးမြို့ လွတ်လပ်‌ရေး‌ကျောက်တိုင်မှ မြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီးဌာနရုံးအထိ ဆန္ဒ ထုတ်‌ဖော်ရန် စီစဉ်ခဲ့‌သော်လည်း မြို့နယ်၊ ‌ထွေအုပ်က ‌မြေစာရင်းရုံးထိသာ ခွင့်ပြုချက် ရရှိခဲ့သည်ဟု လယ်သမားများက ဆို သည်။

နှစ်နာရီကြာ ပြုလုပ်သည့် ယင်းဆန္ဒထုတ်‌ဖော်ပွဲသို့ ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုအတွင်းရှိ ရွာငါးရွာမှ လယ်သမား ၅၇ဦးထံမှ သိမ်းယူထားသည့် လယ်‌မြေများကို လယ်ယာ‌မြေ ဥပ‌ဒေ ပုဒ်မ ၃၂နှင့်အညီ မူလ လယ်သမားများထံ ပြန်‌ပေး‌ရေး၊ လက်ရှိ ပြန် ရသည့် လယ်‌မြေများစိုက်ပျိုးစဉ်တွင် လာ‌ရောက်‌နှောက်ယှက်သူများကို ဥပ‌ဒေနှင့်အညီ အ‌ရေးယူ‌ပေး‌ရေး စသည်တို့ကို ‌ကြွေး ‌ကြော်ကာ ဆန္ဒထုတ်‌ဖော်ခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်‌ဖော်ပွဲ မပြုလုပ်မီ ဇွန် ၇ရက်‌နေ့တွင် မူလပိုင်ရှင်များ ပြန်ရသည့် လယ် ၃၉၁ဧကအ‌ပေါ်တွင် ထွန်ယက်စိုက်ပျိုး စဉ် အသိမ်းခံထားရစဉ်က စစ်တပ်သီးစားချထားသူများက စက်ပစ္စည်းများဖြင့် ဝင်‌ရောက်သဖြင့် နှစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်တပ်သီးစားချခဲ့သူများဘက်မှ တစ်ဦး‌သေဆုံးကာ တစ်ဦးဒဏ်ရာ ရရှိမှုဖြစ်ပွားခဲ့‌ကြောင်း ဆန္ဒပြပွဲဦး‌ဆောင်သူ ကရင်ပြည်သူ့ပါတီ ရန်ကုန်‌တောင်ပိုင်း ခရိုင်ဥက္ကဌ မန်းအုန်းမြင့်သိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုလို ယာယီလက်မှတ်နဲ့ ပြန်ရတဲ့ လယ်အ‌ပေါ် မူလပိုင်ရှင် လယ်သမား‌တွေ ထွန်ယက်စိုက်ပျိုးတာကို စက်အင်အား၊ လူအင် အားနဲ ့ဝင်‌ရောက်ဖျက်ဆီးတာ ခံလိုက်ရတယ်။ ‌ပြောချင်တာက‌တော့ ပြည်သူ‌တွေ‌ထောက်ခံမှုနဲ့ တင်‌မြှောက်လိုက်တဲ့ အရပ်သား အစိုးရအ‌နေနဲ့ မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် ‌ဆောင်ရွက်‌ပေးဖို့ ကျ‌နော်တို့ ‌တောင်းဆိုပါတယ်”ဟု မန်းအုန်းမြင့်သိန်းက ‌ပြောဆိုသည်။

တွံ‌တေးမြို့နယ်၊ ခတ္ထိယတိုက်နယ်၊ ‌ရေတွင်းကုန်း‌ကျေးရွာအုပ်စုရှိ လယ် ၉၆၉ ဧက ကို ၁၉၉၄ခုနှစ်တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်းများက သိမ်းယူပြီး ၂၀၁၄ ခုနှစ်တွင် ဧက ၃၉၁ကို မူလ ပိုင်ရှင်များထံ ယာယီပုံစံဖြင့် ပြန်‌ပေးခဲ့‌သော် လည်း လယ်သမားများနှင့် ယခင် စစ်တပ်သီးစားချ ကိုယ်စားလှယ်တို့ ယခုအချိန်ထိ ပိုင်ဆိုင်မှု အငြင်းပွားလျှက်ရှိသည်။

ယင်းအ‌ပေါ် ဌာနဆိုင်ရာများမှ ထိ‌ရောက်စွာ မ‌ဖြေရှင်း‌ပေးသည့်အတွက် နှစ်ဘက် အငြင်းပွားမှု ပိုမိုပြင်းထန်လာနိုင်‌ကြောင်း ‌ဒေသခံများက သုံးသပ်‌ပြောဆိုကြသည်။