Home သတင်း (၂၇)ကြိမ်‌မြောက် ကရင်လူငယ်အစည်းအရုံး‌နေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျင်းပပြီးစီး

(၂၇)ကြိမ်‌မြောက် ကရင်လူငယ်အစည်းအရုံး‌နေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျင်းပပြီးစီး

1828

‌မေ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ယခုနှစ် ‌မေလ ၂၃ရက်‌နေ့တွင် ကျ‌ရောက်‌သော ၂၇ကြိမ်‌မြောက် ကရင်လူငယ်အစည်းအရုံး(KYO)‌နေ့ကို ကရင်ပြည်နယ်၊ ကြာ အင်းဆိပ်ကြီးမြို့နယ် နတ်‌ချောင်းအလယ်‌ကျေးရွာ ‌ဘောလုံးကွင်း၌ ‌မေလ ၂၃ရက်‌နေ့က ကျင်းပခဲ့ရာ ကရင်အမျိုးသား အစည်း အရုံး KNU မှ ‌ခေါင်း‌ဆောင်များနှင့် လူငယ်‌ခေါင်း‌ဆောင်များ အပါအဝင် ပရိဿတ် ၁၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။

ကရင်လူငယ်များ၏ ဘဝတိုးတက်ဖွံ့ဖြိုး‌ရေး မိမိတို့အမျိုးသားယဉ်‌ကျေးမှု ထိန်းသိမ်းမြှင့်တင်‌ရေးနှင့် မှန်ကန်‌သော မျိုးချစ်စိတ် ဓာတ်ထက်သန်သည့် လူငယ်များ ‌ပေါ်ထွန်းလာ‌ရေးအတွက် ရည်ရွယ်ကျင်းပရခြင်းဖြစ်သည်ဟု ဒူးပလာယာခရိုင်၊ ကရင်လူငယ် အစည်းအရုံး ဥက္ကဌ ‌စောသာဝါး‌ဖောဖာ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်လူငယ်အစည်းအရုံး ရှိတယ်ဆိုတာ မသိကြတဲ့လူငယ်‌တွေ အများကြီးရှိတာ‌ပေါ့‌နော်။ အခုလို အခမ်းအနားကျင်းပခြင်း အားဖြင့် သူတို့‌တွေ (KYO)အ‌ကြောင်းလည်း သိလာမယ်။ ချမှတ်ထားတဲ့ ရည်ရွယ်ချက်‌တွေ လုပ်‌ဆောင်ချက်‌တွေကိုလည်း သူ တို့ ပိုသိလာမယ်။ နိုင်ငံ‌ရေးအ‌ခြေ‌နေ‌ကြောင့်ရယ်၊ စားဝတ်‌နေ‌ရေး အ‌ခြေအ‌နေ‌ကြောင့်ရယ် လက်ရှိ ဒီ‌ဒေသမှာ လူငယ်‌တွေ အမျိုးသား‌ရေးဘက်မှာ စိတ်ဝင်စားမှု အားနည်း‌နေရတယ်”ဟု သူက ‌ပြောသည်။

ထို‌နေ့ နံနက် (၈)နာရီအချိန်တွင် စတင်ကျင်းပခဲ့သည့် ယင်းအခမ်းအနားသို့ (KNU) ဗဟို‌ကော်မတီဝင် ‌စောလစ္စတန်၊ နို့တ‌ကော မြို့နယ် ဥက္ကဌ ပဒို‌စော‌ဖော‌ဒေး‌အောင်မြတ်၊ ခရိုင် အတွင်း‌ရေးမှူး မန်းက‌နေဒီနှင့် ‌ဒေသခံလူငယ်‌ခေါင်း‌ဆောင်များ တက်‌ရောက်ခဲ့ ကြပြီး ကရင်အမျိုးသားအလံ‌တော်နှင့် KYO အလံ‌တော်အား အ‌လေးပြုခြင်း၊ KYO ဒုဥက္ကဋ္ဌ ပဒို‌စောအယ်ကလူ‌စေး၏ မိန့်ခွန်းကို ဖတ်ကြားခြင်း၊ KNU တွင် ဆက်လက် တာဝန်ထမ်း‌ဆောင်လျှက်ရှိ‌သော လူငယ်‌ခေါင်း‌ဆောင်များကို ဂုဏ်ပြုလက်မှတ်များ ‌ပေး အပ်ချီးမြှင့်ခဲ့ကြသည်။
13282509_1541602832814576_1047524676_o
မြို့‌ဟောင်း‌ကျေးရွာမှ ‌စောရှက “ကျ‌နော်တို့က ဒီမှာ အဓိက မူးယစ်‌ဆေးဝါး ပညာ‌ပေးပြဇာတ်အဖွဲ့အ‌နေနဲ့ လာ‌ရောက်တယ်‌ပေါ့ ‌နော်။ ကျ‌နော်တို့‌ဒေသမှာ (KYO)‌နေ့ရှိတယ်ဆိုတာ လူငယ် ‌တော်‌တော်များများက မသိကြဘူး။ အခုလူငယ်‌တွေ ပူး‌ပေါင်းပါဝင်မှု အားနည်းတယ်လို့ မြင်တယ်။ ဒီအခမ်းအနားက‌နေ KYO ရဲ့အ‌ကြောင်း‌တွေ သူတို့ရဲ့ ရည်ရွယ်ချက်‌တွေ သိလာရတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ကျ‌ရောက်သည့် (၂၇)ကြိမ်‌မြောက် KYO ‌နေ့ကို ကြာအင်းဆိပ်ကြီးမြို့နယ်အပြင် နယ်စပ်‌ဒေသရှိ ကရင်ဒုက္ခသည်စခန်း အချို့တွင်လည်း ‌မေလ၂၃ရက်‌နေ့က အသီးသီး ကျင်းပပြုလုပ်ခဲ့ကြ‌ကြောင်း သိရသည်။

ကရင်ဗဟိုအဖွဲ့ချုပ် (KCO)ကို ဝန်းရံသွားရန် ရည်ရွယ်ကာ မန်းဘခိုင်၊ မန်းဝင်း‌မောင်၊ မန်း‌ကျော်စိန်တို့ ဦး‌ဆောင်ပြီး ကရင်လူ ငယ်အစည်းအရုံး(KYO)ကို (၁၉၄၆)ခုနှစ်က ဖွဲ့စည်းခဲ့သည်။ သို့‌သော် လူငယ်‌ခေါင်း‌ဆောင်များအကြား သ‌ဘောထားမတူညီသ ဖြင့် အကွဲအပြဲဖြစ်ပြီး‌နောက် KYO ၏ လှုပ်ရှားမှုမှာ ရပ်တန့်သွားခဲ့သည်။ ထို့‌နောက် KNUကို အ‌ထောက်အကူပြုရန်၊ ကရင်မျိုး ဆက်သစ် လူငယ်‌ခေါင်း‌ဆောင်များကို ‌မွေးထုတ်ရန်၊ ကရင်လူငယ်များ ပညာသင်ကြား‌ပေးနိုင်ရန် ရည်ရွယ်ပြီး ၁၉၈၉ခုနှစ်တွင် KNU ဌာနချုပ်‌ဟောင်း မာနယ်ပ‌လော၌ KYO ကို ဒုတိယအကြိမ် ပြန်လည် ဖွဲ့စည်းခဲ့သည်။