Home သတင်း ‌ကော့ကရိတ်-အိန္ဒု အာရှလမ်း‌ဖောက်လုပ်ပါက လူ‌နေအိမ်ပါမသွား‌စေ‌ရေး စဉ်းစား‌ပေးရန် ‌ဒေသခံများ ‌တောင်းဆို

‌ကော့ကရိတ်-အိန္ဒု အာရှလမ်း‌ဖောက်လုပ်ပါက လူ‌နေအိမ်ပါမသွား‌စေ‌ရေး စဉ်းစား‌ပေးရန် ‌ဒေသခံများ ‌တောင်းဆို

1819

‌မေ ၂၈ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

အာရှဖွံ့ဖြိုး‌ရေးဘဏ်(ADB)နှင့် ‌ဆောက်လုပ်‌ရေးဝန်ကြီးဌာနတို့ အ‌ကောင်အထည်‌ဖော်မည့် ကရင်ပြည်နယ်ရှိ အိန္ဒု-‌ကော့က ရိတ် အာရှလမ်းမ စီမံကိန်း၌ လမ်း‌ဘေးနှင့်နီးကပ်သည့် အိမ်များအတွက် တစ်စုံတစ်ခု စဉ်စား‌ပေး‌စေလို‌ကြောင်း ‌မေလ ၂၇ရက် ‌နေ့၊ လွန်းည‌ကျေးရွာတွင် ပြုလုပ်သည့် ကုမ္ပဏီနှင့် လူထု‌တွေ့ဆုံပွဲတွင် ‌ဒေသခံများက ‌တောင်းဆိုလိုက်သည်။

လမ်း‌ဖောက်လုပ်သည့်အခါ လမ်းမကြီးနှင့် အလွန်နီးကပ်‌သော အိမ်များ အန္တရာယ်ရှိနိုင်‌သော်လည်း အိမ်မထိခိုက်သည့်အတွက် ‌လျော်‌ကြေး‌ပေးမည် မဟုတ်ဟု ADB ၏ ‌ပြောဆိုထားမှုအ‌ပေါ် ‌ဒေသခံများက ထိုသို့ ‌တောင်းဆိုရခြင်းဖြစ်သည်ဟု ရွာသူတစ်ဦး က ‌ကေအိုင်စီသို့ ‌ပြောသည်။

လွန်းညရွာသူ နန်းမူးမူးက “အခုပြန်လည်‌ဖောက်မယ့် အဆင့်မြင့် လမ်းစီမံကိန်းက ရှိထားတဲ့လမ်းထက် ပိုကျယ်သွားရင် လမ်းနဲ့ အိမ် ၂‌ပေ‌လောက်ပဲ ရှိ‌တော့မယ်။ သူတို့လာတိုင်းတဲ့အချိန်က မထိဘူးလိုု့ ‌ပြော‌ပေမယ့် လမ်းက အိမ်‌ရှေ့အထိ‌ရောက်ရင် အန္တ ရာယ်များမယ်။ သူတို့ လမ်းလုပ်ပြီးသွားရင် ခံရမှာ ကျမတို့ က‌လေး‌တွေအတွက်လည်း မ‌ကောင်းဘူး။ တချို့လူ‌တွေက အိမ် ‌နောက် ပြန်‌ရွှေ့ဖို့လည်း ခြံကျဉ်း‌တော့မဖြစ်ဘူး။ အဲလို အခက်အခဲ‌တွေရှိရင် ကျမတို့ကို စဉ်းစား‌ပေး‌စေချင်တယ်”ဟု ‌ပြောသည်။

ထိုတိုးချဲ့မည့် လမ်းစီမံကိန်းအတွက် အိမ်‌ထောင်စု ၁၁၄စုသာ ထိခိုက်မည်ဖြစ်ပြီး လမ်းနှင့်ကပ်လျှက် ‌နေအိမ်များမပါဝင်‌ကြောင်း၊ လမ်းအကျယ်သည် မြို့ရွာအပြင် ၂၃၀‌ပေ၊ မြို့ရွာအတွင်း ၂၃၀‌ပေအထက် ‌လျှော့ယူမည်ဖြစ်‌ကြောင်းနှင့် ထိခိုက်မှု နည်းသထက် နည်း‌အောင်ယူပြီး ထိခိုက်မည့် ‌ဒေသခံများအတွက် ADB မှ မဟုတ်ဘဲ မြန်မာနိုင်ငံအစိုးရ၏ ထည့်ဝင်‌ငွေ ‌ဒေါ်လာ ၁.၈သန်းထဲမှ ‌လျော်မည်ဖြစ်‌ကြောင်း ‌ဒေသခံလူထုနှင့် ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ADB က ရှင်းပြထားသည်။

စီမံကိန်းအတွက် ‌လျော်‌ကြေး‌ငွေ‌ပေးသည့်အ‌ပေါ် အမှန်တကယ် ထိခိုက်နစ်နာသည့် ‌ဒေသခံများ ‌လျော်‌ကြေး အပြည့်အဝ မရရှိ မည်ကို စိုးရိမ်ပြီး ယခုပြုလုပ်မည့်စီမံကိန်းကို အ‌ဆောတလျင် မပြုလုပ်ရန် ADB ထံ အကြံပြုထားသည်ဟု KPSN (Karen peace support network) ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်မှ ‌စော‌ဝေလင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ စီမံကိန်းက လုပ်တာ ‌စော‌နေ‌သေးတယ်လို့ ကျ‌နော်တို့မြင်တယ်။ ဒီလိုမျိုးက မြန်မြန်လုပ်လို့ မရ‌သေးဘူး။ ပြီး‌တော့ ငြိမ်းချမ်း ‌ရေး(NCA) လက်မှတ်ထိုးပြီး‌ပေမယ့်လည်း တကယ်မငြိမ်းချမ်း‌သေးဘူး။ မြဝတီ-‌ကော့ကရိတ် အာရှလမ်းမတစ်ခုကို နမူနာ အများကြီး‌ပေးထားပြီ။ အဲဒီလမ်း‌ကြောင့် တိုက်ပွဲ‌တွေ ဖြစ်လာတယ်။ အပြစ်မဲ့လူ‌တွေလည်း ‌သေရတယ်။ ‌လျော်‌ကြေး‌ပေးမယ် ‌ပြောပြီး တကယ်မရ‌သေးတဲ့လူ အများကြီးရှိတယ်။ ဒီစီမံကိန်းကို မြန်ဆန်စွာ မလုပ်ဖို့ ADB ကို အကြံပြုထားတယ်”ဟု သူက ‌ပြောသည်။

‌ဖောက်လုပ်သွားရန်ရှိသည့် ‌ကော့ကရိတ်-အိန္ဒု အာရှလမ်းသည် ‌ကော့ကရိတ်မြို့နယ်နှင့် ဖားအံမြို့နယ်အကြားတွင် တည်ရှိပြီး ၂၀၁၆ခုနှစ်အတွင်းမှာပင် စီမံကိန်း စတင်မည်ဟု ADB က ‌ဒေသခံများကို ‌ပြောထားခဲ့‌သော်လည်း ‌ပြောင်း‌ရွှေ့ရမည့် ‌ဒေသခံက မည်သည့်‌နေရာသို့ ‌ပြောင်း‌ရွှေ့ရမည်ကို စိုးရိမ်မှုများရှိသလို လယ်သမားအချို့ကလည်း ယခုနှစ် လယ်ပြန်စိုက်၍ ရမရကို မသိရ ‌သေး‌ကြောင်း ‌ပြောဆို‌နေကြသည်။

လွန်းည‌ကျေးရွာတွင် ပြုလုပ်သည့် ‌ဒေသခံ‌တွေ့ဆုံပွဲတွင် ဖားအံမြို့နယ်ရှိ ‌ကော့ကဒါ၊ ခနိမ်းဒို၊ လွန်းည၊ တံတားဦး စသည့်‌ကျေး ရွာများမှ ‌ဒေသခံများနှင့် အစိုးရဖက်မှ ဖားအံခရိုင် ‌ဆောက်လုပ်‌ရေးအဖွဲ့နှင့် ADB တာဝန်ရှိသူများ အပါအဝင် စုစု‌ပေါင်း ၁၀ဝခန့် တက်‌ရောက်ခဲ့ကြသည်။