Home ထိပ်တန်းသတင်း ရက် ၁၀ဝစီမံချက်ဖြင့် ပြည်နယ်အစိုးရက နိုင်ကဒ်နှင့် သန်း‌ခေါင်စာရင်း ‌နေ့ချင်းပြီး ပြုလုပ်‌ပေး‌နေ

ရက် ၁၀ဝစီမံချက်ဖြင့် ပြည်နယ်အစိုးရက နိုင်ကဒ်နှင့် သန်း‌ခေါင်စာရင်း ‌နေ့ချင်းပြီး ပြုလုပ်‌ပေး‌နေ

1970

‌မေ ၂၆ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

လူထုအကျိုးပြု ရက် ၁၀ဝစီမံချက်အရ ပြည်နယ်အတွင်းရှိ မြို့နယ် ၇မြို့နယ်စလုံးတွင် ပြည်နယ်အစိုးရက နိုင်ငံသားစိစစ်‌ရေး ကဒ်ပြား(မှတ်ပုံတင်)နှင့် သန်း‌ခေါင်စာရင်းများကို ‌ကျေးရွာများသို့ ‌နေ့ချင်းပြီး ကွင်းဆင်း လုပ်ကိုင်‌ပေး‌နေ‌ကြောင်း ပြည်နယ်လူ ဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ လက်‌ထောက်ညွှန်ကြား‌ရေးမှူး ဦးစန်း‌ရွှေက ‌ကေအိုင်စီသို့ ‌မေလ ၂၅ရက်‌နေ့က ‌ပြောသည်။

“အခု အစိုးရ ရက် ၁၀ဝ စီမံချက်အ‌နေနဲ့‌ပေါ့။ ကျ‌နော်တို့ဌာနက အခု နိုင်ကဒ်နဲ့ သန်း‌ခေါင်စာရင်း/ယာယီ သန်း‌ခေါင်စာရင်း‌တွေ ကို ‌ကျေးနယ်‌တွေက ရပ်ရွာအုပ်ချုပ်‌ရေးမှူး‌တွေ တင်ပြလာတဲ့ လူဦး‌ရေ အိမ်‌ထောင်စု အချက်အလက်‌တွေ‌ပေါ်မှာ အ‌ခြေခံပြီး NRC အဖွဲ့‌တွေနဲ့ ပူး‌ပေါင်းလုပ်တာပါ။ တစ်ခါတည်း ‌သွေးစစ်၊ တစ်ခါတည်း အချက်အလက်‌တွေ ‌ရေးသွင်းဖြည့်စွက်ပြီး ‌နေ့ချင်းပြီး လိုက်လံ‌ဆောင်ရွက်‌ပေး‌နေပါတယ်”ဟု ဦးစန်း‌ရွှေက ‌ပြောသည်။

ထိုသို့ ‌နေ့ချင်းပြီး ‌ဆောင်ရွက်ရာတွင် ၁ဝနှစ်ပြည့်နှင့် ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေး ကဒ်ထုတ်‌ပေးခြင်း၊ သန်း‌ခေါင်စာရင်း ထုတ် ‌ပေးခြင်းနှင့် သန်း‌ခေါင်စာရင်းတွင် မိသားစုဝင် အတိုးအ‌လျှော့ ပြုလုပ်‌ပေးခြင်း၊ ‌ရွှေ့‌ပြောင်း‌နေထိုင်သူများအတွက် ယာယီ သန်း ‌ခေါင်စာရင်း ထုတ်‌ပေးခြင်းများ ပါဝင်သည်ဟု ပြည်နယ် လဝကထံမှ သိရသည်။

ဖားအံမြို့နယ်၊ ‌ကော့လမု‌ကျေးရွာသား ကိုနိုင်ထွန်းက “‌ကျေးရွာ မှတ်ပုံတင် လာလုပ်‌နေပါတယ်။ လိုအပ်တဲ့ ပုံစံ‌တွေဖြည့်ပြီး တင် ထားတယ်။ ဇယား‌တွေ ‌ဖောင်ပုံစံ‌တွေ ဖြည့်ရတယ်။ ‌နေ့ချင်းပြီး လုပ်‌ပေး‌နေတယ်ကြားလို့ လာလုပ်တာ အဆင်‌ပြေပါတယ်။ အရင်တုန်းက မှတ်ပုံတင်လုပ်ရတာ မလွယ်ဘူး‌လေ။ အခု‌တော့ ရွာ‌တွေဘက်လည်း ‌နေ့ချင်းပြီး ဆင်းလုပ်‌ပေး‌နေတယ်”ဟု ‌ကေ အိုင်စီသို့ ‌ပြောသည်။

အဆိုပါလုပ်ငန်းစဉ်ကို ရက် ၁၀ဝစီမံချက်ဖြင့် ပြုလုပ်‌ပေး‌နေသည့်အတွက် ‌ဒေသအလိုက်၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ဆက်သွယ် ကာ လာ‌ရောက်လုပ်ကိုင်ကြရန်နှင့် မှတ်ပုံတင်၊ သန်း‌ခေါင်စာရင်းများရှိသည့် ‌ဒေသခံများအတွက် အ‌ရောင်းအဝယ် ပြုလုပ်ခြင်း၊ ခရီးသွားလာ‌ရေးတို့တွင် ပိုမို အဆင်‌ပြေသွားမည်ဖြစ်သည်ဟု ဒု-လဝကမှူး ‌ဒေါ်ခင်ညိုညိုထွန်းကလည်း ‌ပြောသည်။
DSC09983
လက်ရှိ မြဝတီမြို့နယ်အတွင်းရှိ ‌ကျေးရွာများ၊ ဖားအံမြို့နယ် ထုံးအိုင်‌ကျေးရွာနှင့် သံလွင်မြစ် အ‌နောက်ဘက်ခြမ်းရှိ ‌ကျေးရွာများ၊ ‌ကော့ကရိတ်မြို့နယ်၊ သံ‌တောင်ကြီးမြို့နယ်ရှိ ‌ကျေးရွာများမှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ တင်ပြလာသည့် စာရင်းများအ‌ပေါ် အ‌ခြေခံကာ ပြည်နယ်လဝကမှ ယင်းလုပ်ငန်းများကို ကွင်းဆင်း‌ဆောင်ရွက်‌ပေးလျှက်ရှိပြီး ‌ငွေ‌ကြေးတစုံတရာ ‌ကောက်ခံခြင်း မရှိ‌ကြောင်း သိရသည်။

ပြည်နယ်အစိုးရ၏ ရက် ၁၀ဝစီမံချက်အရ ဖားအံမြို့ရှိ အလုပ်ရုံများမှ အလုပ်သမားများကို အသိပညာ‌ပေး ‌ဟော‌ပြောပွဲ ပြုလုပ် ‌ပေးခြင်း၊ ယခင် ဖြတ်သန်းချိန် ကန့်သတ်ထားသည့် တံတားအချို့ကို ကန့်သတ်မှု ‌လျှော့ချ‌ပေးခြင်းများ ပြုလုပ်ခဲ့‌သော်လည်း စီမံ ချက်တွင် မည်သည့်အ‌ကြောင်းအရာများ လုပ်ကိုင်‌ပေးသွားမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရ‌သေး‌ကြောင်း ဖားအံမြို့ခံများက ‌ပြောဆိုသည်။

နိုင်ငံသားစိစစ်‌ရေးကဒ်နှင့် သန်း‌ခေါင်စာရင်းများ အခမဲ့ ပြုလုပ်‌ပေးခြင်းကို ‌မေလ (၁)ရက်‌နေ့မှ ဇူလိုင်လ (၃၁)ရက်‌နေ့အထိ ‌ဆောင်ရွက်‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း ပြည်နယ်လဝက ဦးစီးမှူးက ‌ပြောဆိုသည်။ ယခင် အစိုးရလက်ထက်ကလည်း မိုးပွင့် စီမံချက်ဖြင့် ပြည်သူ့အင်အားနှင့် လူဝင်မှုကြီးကြပ်‌ရေးဦးစီးဌာနက Norwegian Refugees Council – NRC နှင့်ပင် အလားတူ လုပ်ငန်းများကို ပူး‌ပေါင်း‌ဆောင်ရွက်ခဲ့‌သေးသည်။