Home ထိပ်တန်းသတင်း စိုက်ပျိုးစရိတ်‌ချေး‌ငွေ တိုး‌ပေးသဖြင့် ‌ငွေထုတ်‌ချေးမည့် ‌တောင်သူ ဦး‌ရေများလာ

စိုက်ပျိုးစရိတ်‌ချေး‌ငွေ တိုး‌ပေးသဖြင့် ‌ငွေထုတ်‌ချေးမည့် ‌တောင်သူ ဦး‌ရေများလာ

2207

‌မေလ ၃၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ယခုနှစ်ရာသီတွင် လယ်သမားများအတွက် စိုက်ပျိုးစရိတ်‌ချေး‌ငွေ တိုးပြီး ထုတ်‌ချေး‌ပေးလိုက်သည့်အ‌ပေါ် စိုက်ပျိုး‌ချေး‌ငွေ ထုတ် ယူ‌ချေးငှားမည့် ‌တောင်သူဦး‌ရေ များလာသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ စိုက်ပျိုး‌ရေးဘဏ်မန်‌နေဂျာ ဦးမျိုး‌အောင်က ‌မေလ ၃ဝရက်(ယမန်)‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “စိုက်ပျိုးစရိတ်ထုတ်‌ချေးမယ့် လယ်သမားဦး‌ရေများလာတယ်ဆို‌တော့ သိန်းတစ်‌သောင်း‌ကျော်‌လောက် ထုတ်‌ချေး‌ပေးဖို့ လျာထားတာ‌ပေါ့‌လေ။ လျာထားတယ်ဆို‌ပေမယ့် ‌အောက်‌ခြေက‌ရော နယ်က‌ကျေးရွာမှာရှိတဲ့ စာရင်း‌တွေလည်း အစုံ မ‌ရောက် ‌သေး‌တော့ မှန်းရခက်တယ်။ လယ်သမား‌တွေ လယ်ယာလုပ်ငန်းခွင်မှာ အသုံးစရိတ် လုံလုံ‌လောက်‌လောက်ရှိ‌အောင် နိုင်ငံ‌တော် အစိုးရက ထပ်တိုးပြီး‌တော့ ထုတ်‌ချေး‌ပေးခြင်းဖြစ်တယ်”ဟု ‌ပြောသည်။

ယခင်နှစ် ၂၀၁၅ခုနှစ်က လယ်တစ်ဧကလျှင် တစ်သိန်းနှုန်းကို အတိုး (၄၂)ပြားဖြင့် ကျပ်သိန်း‌ပေါင်း တစ်‌သောင်းရှစ်ရာ ထုတ် ‌ချေး‌ပေးခဲ့ပြီး ယခုနှစ် ‌မေလမှစတင်ကာ အစိုးရက လယ်တစ်ဧက တစ်သိန်းခွဲနှုန်းကို အတိုး (၆၇)ပြားဖြင့် ထုတ်‌ချေး‌ပေးခြင်း ဖြစ်သည်။

ခလယ်ရွာမှ ‌တောင်သူ ‌စောအ‌ညောက “အခု ကျ‌နော်တို့ကို လယ်တစ်ဧက တစ်သိန်းခွဲ ထုတ်‌ချေး‌ပေးလိုက်‌တော့ စိုက်ပျိုးစရိတ် ‌ရော၊ အလုပ်သမားစရိတ်‌ရော အများကြီး အဆင်‌ပြေတာ‌ပေါ့‌နော်။ လယ်က (၄)ဧက‌လောက် စိုက်တယ်ဆို‌ပေမယ့် စိုက်ပျိုး စရိတ် အပြီးအငြိမ်း ပြန်တွက်လိုက်ရင် (၇)သိန်း‌ကျော်‌လောက်‌တော့ ကုန်တာ‌ပေါ့။ အရင်နှစ်ကထက်စာရင်‌တော့ ကျ‌နော်တို့ လယ်ယာလုပ်ငန်း‌တွေ ထပ်တိုးပြီး လုပ်လို့ရသွားတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ကျေးရွာအများစုမှာ လယ်ယာလုပ်ငန်း၊ ရာဘာခြံလုပ်ငန်းနှင့် သံပုရာစိုက်ပျိုး‌ရေးလုပ်ငန်းများကို မိရိုး ဖလာနည်းအတိုင်း အဓိကထားစိုက်ပျိုးကြပြီး ကြာအင်းဆိပ်ကြီးမြို့နယ် တစ်မြို့နယ်လုံးတွင် စာရင်း‌ပေါက်သည့် လယ်‌မြေဧက ‌ပေါင်း ၉၀,၀၀ဝနီးပါးရှိသည်ဟု စုံစမ်းသိရှိရသည်။

ထို‌ဒေသရှိ လယ်သမားအများစုသည် မိရိုးဖလာနည်းအတိုင်း လယ်စိုက်ပျိုးကြသဖြင့် ဖြစ်ထွန်း‌အောင်မြင်မှုနည်းပါးသည့်အ‌ပေါ် မိမိတို့လယ်ယာလုပ်ငန်း ဖြစ်ထွန်း‌အောင်မြင်လာရန် နည်းပညာပိုင်း၊ သိပ္ပံနည်းကျစိုက်ပျိုးသည့် နည်းလမ်းများနှင့် ‌မြေဩဇာ သုံး စွဲမှုများကိုလည်း သက်ဆိုင်ရာအစိုးရအ‌နေဖြင့် လာ‌ရောက်သင်ကြား‌ပေးရန် လယ်ယာလုပ်ငန်း လုပ်ကိုင်သူများက လိုလားကြ သည်။

ယခုနှစ် ထုတ်‌ပေးလိုက်သည့် ‌ချေး‌ငွေများသည် လာမည့် ၂၀၁၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ‌နောက်ဆုံးအပတ်တွင် အတိုး‌ရော၊ အရင်းပါ ‌ပေါင်းပြီး ပြန်လည်‌ပေးသွင်းရမည်ဟု ‌ချေး‌ငွေယူသည့် လယ်သမားများက ‌ပြောသည်။