Home သတင်း ဧရာဝတီတိုင်း ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ပထမဆုံးအကြိမ် အစည်းအ‌ဝေး ကျင်းပပြီးစီး

ဧရာဝတီတိုင်း ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီ ပထမဆုံးအကြိမ် အစည်းအ‌ဝေး ကျင်းပပြီးစီး

1611

မတ် ၇ ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာ‌ဖောင်

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ပထမဆုံးအကြိမ်အစည်းအ‌ဝေးကို ပုသိမ်မြို့၊ မင်းကြီးလမ်း၊ အထက (၆) အနီးရှိ၊ ဂရုဏာမြန်မာ‌ဖောင်‌ဒေးရှင်းရုံးခန်းမ၌ မတ် ၅ ရက်‌နေ့တွင် ပြုလုပ်ကျင်းပ ပြီးစီးသွားပြီးဖြစ်သည်။

အစည်းအ‌ဝေးအ‌ပေါ် တိုင်းစာယဉ်ဥက္ကဌ ‌စောဖရန်စစ်ခိုင်က “အစည်းအ‌ဝေးပြုလုပ်ရတဲ့ ရည်ရွယ်ချက်က‌တော့ ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု ‌ကော်မတီရဲ့ ဖွဲ့စည်းပုံမူကြမ်းကို ‌ဆွေး‌နွေးတယ်။ ‌နောက်ပြီး ‌တော့ ‌ဒေသတွင်း‌နွေရာသီ ကရင်စာ‌ပေသင်ကြားမှုအတွက် အခြားသင်ကြားမှုမှာ အင်အား‌ကောင်းတဲ့ ပန်းတ‌နော်တို့၊ အိမ်မဲတို့၊ ကျုံ‌ပျော်တို့လို ‌နေရာမျိုး‌တွေက အခြားလိုအပ်တဲ့ ‌နေရာမျိုး‌တွေကို ပံ့ပိုး‌ပေးဖို့ ‌ဆွေး‌နွေးတာ ဖြစ်တယ်”ဟု ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

နံနက် ၉ နာရီခွဲမှ ည‌နေ ၃ နာရီထိ တ‌နေ့တာ နီးပါးပြုလုပ်ခဲ့သည့် ယင်းအစည်းအ‌ဝေးသို့ တိုင်း‌ဒေသကြီး အတွင်းရှိ ပန်းတ‌နော်၊ ကျုံ‌ပျော်၊ အိမ်မဲ၊ ‌မြောင်းမြ အစရှိသည့် မြို့နယ် ၂၂ မြို့နယ်မှ စာယဉ် တာဝန်ရှိသူ စုစု‌ပေါင်း ၉ဝ ဦး‌ကျော်ခန့်တက်‌ရောက်ခဲ့ပြီး တိုင်းစာယဉ် ဖွဲ့စည်းပုံနှင့် ‌နွေရာသီ ကရင်စာသင်တန်းများဖွင့်လှစ် ‌ရေးကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

အစည်းအ‌ဝေးတက်‌ရောက်သည့် တိုင်းစာယဉ် ဒုဥက္ကဌလည်းဖြစ်၊ ‌မြောင်းမြမြို့နယ်၊ စာယဉ်အတွင်း‌ရေးမှူး လည်းဖြစ်သူ မန်းထွန်းလင်းက “အခုမှ တိုင်း‌ဒေသကြီး တခုလုံးအ‌နေနဲ့ ဒီလိုအစည်းအ‌ဝေးကို ပထမဆုံး အကြိမ်လုပ်ဖြစ်တာ ဖြစ်တယ်။ အခု စာ‌ပေကို လုပ်နိုင်ပြီးဆို‌တော့ ‌နောင်လည်း ဧရာဝတီတိုင်းထဲမှာရှိတဲ့ ကရင်အမျိုးသား‌တွေ စု‌ပေါင်းပြီး အခြား‌သော အမျိုးသား‌ရေး ကိစ္စများကိုလည်း ပူး‌ပေါင်းလုပ်‌ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအစည်းအ‌ဝေး၌ လာမည့် စာသင်နှစ်တွင် စာသင်‌ကျောင်းများ၌ ကရင်စာသင်ကြားမည့် ဆရာ၊ ဆရာမ များအတွက် နည်းပြသင်တန်းကို မတ်လ‌နှောင်းပိုင်းတွင် ပြုလုပ်ရန်၊ ပိုးကရင်(ဖလုံး)နှင့် စ‌ကောကရင်စာတို့ကို ပြန်လည်မွမ်းမံသင်ကြား‌ပေး‌ရေးအတွက် တိုင်းအတွင်းရှိ တစ်မြို့နယ်လျှင် ၅ ဦးစီ ‌ခေါ်ယူသင်ကြား‌ပေးပြီး ဆိုင်ရာမြို့နယ်အလိုက် ‌ကျေးရွာများတွင် လက်ဆင့်ကမ်း သင်ကြား‌ပေးသွားရန် ဆုံးဖြတ်ခဲ့သည်ဟု မန်းထွန်းလင်းက ဆက်‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီးအတွင်း ပုသိမ်၊ ‌မြောင်းမြ၊ လပွတ္တာ၊ မအူပင်၊ ဟသင်္ာတနှင့် ဖျာပုံ စသည့် ခရိုင်(၆)ခုရှိ မြို့နယ် ၂၆ မြို့နယ်တို့တွင် စာယဉ်‌ကော်မတီများကို မြို့နယ်အလိုက် ဖွဲ့စည်းထားပြီး တိုင်း‌ဒေသကြီးအဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂ဝ ရက်‌နေ့တွင် ပုသိမ်မြို့၌ စတင်ဖွဲ့စည်းခဲ့သည်။