Home သတင်း ဦးထင်‌ကျော် သမ္မတဖြစ်ပြီ

ဦးထင်‌ကျော် သမ္မတဖြစ်ပြီ

2482

ယ‌နေ့ ပြည်‌ထောင်စု လွှတ်‌တော်မှာ သမ္မတ‌လောင်း ၃ ဦးဖြစ်တဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က ဦးထင်‌ကျော်၊ ဦးဟင်နရီဗန်ထီးယူနဲ့ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ဦးမြင့်‌ဆွေတို့ကို လျှို့ဝှက် မဲ‌ပေးစနစ်ဖြင့် သမ္မတအဖြစ် ‌ရွေးချယ်ရာမှာ ဦးထ‌ကျော်က မဲအများဆုံးရရှိတဲ့အတွက် မြန်မာနိုင်ငံရဲ့သမ္မတ ဖြစ်လာပြီဖြစ်ပါတယ်။ ဒုတိယ မဲအများဆုံး ရရှိတဲ ဦးမြင့်က‌တော့ ဒုသမ္မတ(၁) ဖြစ်လာပါတယ်။ ဒုသမ္မတ (၂)က‌တော့ ဦးဟင်နရီဗန်ထီးယူ ဖြစ်ပါတယ်။ မဲ‌ပေါင်း – ၆၅၂ မဲ ဦးထင်‌ကျော် – ၃၆ဝ မဲ ဦးမြင့်‌ဆွေ – ၂၁၃ မဲ ဦဟင်နရီဗန်ဒီးယူ – ၇၉ မဲ

ရန်ကုန်ရှိ ကရင်တတ်သိပညာရှင် ‌စောကပိက “ဦးထင်‌ကျော်က စီမံခန့်ခွဲမှု‌ကောင်းတဲ့ ‌နောက်ခံအရည်အချင်းရှိတယ်။ သူက စီးပွား‌ရေးဖွံ့ဖြိုးမှုနဲ့ တိုးတက်မှုကို နားလည်တယ်။ ဒါ‌ကြောင့် ဒီကဏ္ဍ‌တွေကို သူ အဓိက ဦးတည်ထားနိုင်မယ်။ ပညာ‌ရေး၊ ကျန်းမာ‌ရေးပိုင်း အပါအဝင်‌ပေါ့”

သို့‌သော် ‌ဒေါ်‌အောင်ဆန်းစုကြည်အ‌နေဖြင့် စစ်တပ်နှင့် အာဏာခွဲ‌ဝေမှု ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ထင်မြင်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။