Home သတင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမျိုးသမီးလွှတ်‌တော်အမတ် နန်းခင်‌ထွေးမြင့်ကို ခန့်အပ်

ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် အမျိုးသမီးလွှတ်‌တော်အမတ် နန်းခင်‌ထွေးမြင့်ကို ခန့်အပ်

2206

မတ် ၂၈ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ဒုတိယအကြိမ် ကရင်ပြည်နယ်၊ လွှတ်‌တော်တတိယ‌နေ ့ အစည်းအ‌ဝေးကို မတ်လ ၂၈ရက်‌နေ့၊ နံနက် ၉နာရီတွင် ပြည်နယ် လွှတ်‌တော် အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့ရာ ဖားအံမြို့နယ်၊ အမှတ်(၁) မဲဆန္ဒနယ်‌မြေ ပြည်နယ်လွှတ်‌တော်အမတ် နန်းခင် ‌ထွေးမြင့်အား ပြည်နယ်ဝန်ကြီးချုပ်အဖြစ် နိုင်ငံ‌တော်သမ္မတ ဦးထင်‌ကျော်က အမည်စာရင်း‌ပေးပို့ထားရာ ပြည်နယ်လွှတ်‌တော် အမတ် ၂၃ဦးစလုံးက ကန့်ကွက်သူမရှိဘဲ အတည်ပြု ခန့်အပ်လိုက်သည်။

ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာသူ နန်းခင်‌ထွေးမြင့်သည် ကရင်ပြည်နယ်၏ NLD ဥက္ကဋ္ဌလည်းဖြစ်ပြီး ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ ဝင်အဖြစ်လည်း တာဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်ကာ ၂၀၁၅ နိုဝင်ဘာ ‌ရွေး‌ကောက်ပွဲအပြီးကတည်းက ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မည် ဟု သတင်းထွက်‌ပေါ်ထားခဲ့သူလည်း ဖြစ်သည်။

သူမအ‌နေဖြင့် ကရင်ပြည်နယ် အစိုးရအဖွဲ့သစ် စတင် တာဝန်စယူမည့် ရက်‌ပေါင်းတစ်ရာအတွင်း ပြည်နယ်အတွင်းရှိ တိုင်းရင်း သားပြည်သူများ အကျိုးပြု‌စေမည့် ထူးခြား‌ပြောင်းလဲမှုများကို လုပ်‌ဆောင်သွားရန်ရှိသည်ဟု ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်း ‌ဆောင်မည့် နန်းခင်‌ထွေးမြင့်က မတ်လ ၂၅ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောဆိုထားခဲ့သည်။

ယခုကဲ့သို့ နန်းခင်‌ထွေးမြင့်ကို ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မှုအ‌ပေါ် ကြိုဆို‌ကြောင်းနှင့် ပြည်နယ်တိုးတက်ဖွံ့ဖြိုး‌ရေးအ တွက် အတူပူး‌ပေါင်းလုပ်ကိုင်သွားမည်ဟု ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ အမှတ် ၂ မဲဆန္ဒနယ်‌မြေမှ ကရင်ပြည်သူ့ပါတီ ကိုယ်စားပြု ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စော‌ဂျေ‌အေဝင်းမြင့်က ယခုလို ‌ပြောသည်။

“ဒီမနက်ပဲ နန်းခင်‌ထွေးမြင့်နဲ့ နှုတ်ဆက်ကြတယ်။ ကိုယ့်ပြည်နယ်အတွက် တင်‌မြှောက်ခဲ့တာဖြစ်လို့ သူ့ကို ဂုဏ်ပြုတယ်။ သူက လည်း ကိုယ့်ပြည်နယ် တိုးတက်ဖို့အတွက် ဝိုင်းဝန်းကူညီကြဖို့၊ အထူးသဖြင့် ကိုယ့်‌ဒေသတိုးတက်ဖို့အတွက် ‌ပြောနိုင်ဆိုနိုင် ဝိုင်း လုပ်ကြမယ်ဆိုရင် ပိုပြီး တိုးတက်မယ်လို့ ကျမယုံကြည်တယ်လို့ သူက ‌ပြောပါတယ်။ ကိုယ့်ပြည်နယ်သားအချင်းချင်း ပြည်နယ် တိုးတက်ဖို့အတွက် ဝိုင်းလုပ်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိ‌တော့လည်း ကျ‌နော်တို့အားရှိတာ‌ပေါ့ဗျာ”ဟု ‌စော‌ဂျေ‌အေဝင်းမြင့်က ‌ကေအိုင် စီသို့ ‌ပြောသည်။
IMG_5415
လက်ရှိ ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်း‌ဆောင်‌တော့မည့် နန်းခင်‌ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များအ‌နေဖြင့် မတ် လ ၃ဝရက်‌နေ့တွင် ပြည်နယ်လွှတ်‌တော်၌ ကျမ်းကျိန်မည်ဖြစ်ပြီး ဧပြီလ ၁ရက်‌နေ့တွင် စတင် တာဝန်ထမ်း‌ဆောင်သွားမည်ဖြစ် ‌ကြောင်း သိရသည်။

အသက် ၆၂နှစ်ရှိပြီဖြစ်‌သော နန်းခင်‌ထွေးမြင့်သည် ကရင်ပြည်နယ် ဥက္ကဋ္ဌ(ငြိမ်း)အဖြစ် တာဝန်ယူခဲ့ဖူး‌သော ‌ဒေါက်တာ‌စောလှ ထွန်းနှင့် ‌ဒေါ်အမာတို့၏ သမီးဖြစ်သည်။ သူမသည် စီးပွား‌ရေးဘာသာရပ်ဖြင့် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သူဖြစ်ပြီး ‌မွေးဖွားရာဇာတိမှာ မွန် ပြည်နယ်၊ ‌မော်လမြိုင်မြို့ဖြစ်သည်။

၁၉၉ဝခုနှစ်တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်သို့ စတင် ဝင်‌ရောက်တာဝန်ထမ်း‌ဆောင်ခဲ့သည်။ ၁၉၉ဝခုနှစ် ‌ရွေး‌ကောက်ပွဲတွင် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲ ၇၃%‌ကျော် အနိုင်ရရှိခဲ့သည်။ ၁၉၉၆ခုနှစ်တွင် စသန့်ဇင်နှင့် အိမ်‌ထောင်ကျပြီး‌နောက် တနှစ်အကြာ ၁၉၉၇ခုနှစ်၌ စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံရကာ ‌မော်လမြိုင်‌ထောင်တွင် ၂နှစ် ‌ထောင်ကျခဲ့သည်။

၁၉၉၉ခုနှစ်တွင် ‌ထောင်မှပြန်လွတ်‌မြောက်လာခဲ့ပြီး‌နောက်ပိုင်း ကရင်ပြည်နယ်၏ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌအဖြစ် လည်း‌ကောင်း၊ အဖွဲ့ချုပ်၏ ဗဟို အလုပ်အမှု‌ဆောင် ၁၅ဦးအနက် တစ်ဦးအဖြစ် တာဝန်ယူခဲ့သည်။