Home သတင်း ‌ရွေး‌ကောက်ပွဲနှင့် အလွန်ကာလ ‌ဒေသခံများနှင့် ‌တွေ့ဆုံ‌မေးမြန်းမှုကို KHRG ထုတ်ပြန်

‌ရွေး‌ကောက်ပွဲနှင့် အလွန်ကာလ ‌ဒေသခံများနှင့် ‌တွေ့ဆုံ‌မေးမြန်းမှုကို KHRG ထုတ်ပြန်

2035

‌ဖေ‌ဖော်ဝါရီ ၂၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်‌မြေ သထုံ၊ ‌တောင်ငူ၊ ‌ညောင်‌လေးပင်၊ တနသင်္ာရီ(ဘိတ်-ထားဝယ်)၊ ဖာပွန်နှင့် ဒူးပလာယာ စသည့်ခရိုင် ၆ခုတို့ရှိ ‌ရွေး‌ကောက်ပွဲနှင့် အလွန်ကာလအတွင်း ‌ဒေသခံများ ကြုံ‌တွေ့ခဲ့ရသည့် အ‌ခြေအ‌နေများကို ‌မေးမြန်းထားသည့် အစီရင်ခံစာတစ်‌စောင်အား ‌ဖေ‌ဖော်ဝါရီလ ၂၃ရက်‌နေ့က ထုတ်ပြန်ခဲ့ သည်။

လာမည့် အစိုးရအ‌နေဖြင့် ‌ဒေသခံလူထုများ၏ လိုလားချက်များကို သိရှိနိုင်ရန် ရည်ရွယ်၍ ယင်းခရိုင်များသို့ ကွင်းဆင်းပြီး ၂၀၁၅ ခုနှစ်၊ နိုင်ဝင်ဘာ ၄ရက်မှ ၂၂ရက်‌နေ့အထိ ‌ဒေသခံ အမျိုးသား ၁၁ဦးနှင့် အမျိုးသမီး ၁ဝဦးအား KHRG မှ ‌တွေ့ဆုံ‌မေးမြန်းပြီး ရရှိ လာသည့် ရလဒ်များကို ယခုလို အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်းသည်ဟု KHRG စည်းရုံးလှုံ့‌ဆော်‌ရေး(ရန်ကုန်) တာဝန်ခံ ‌နော်အယ် ‌သောက ‌ပြောသည်။

သူမက “‌နောင်လာမယ့် အစိုးရရယ်၊ ‌နောက်လာမယ့် ‌ရွေး‌ကောက်ပွဲမှာ ဒီတင်ပြချက်ကို အသုံးပြုလို့ရ‌အောင် ဒီလို ကွင်းဆင်း ‌မေးမြန်းမှုကို ကျမတို့ လုပ်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ရွေး‌ကောက်ပွဲနှင့် ဆက်နွယ်၍ အင်တာဗျူးချက်များအရ ‌ဒေသခံများက ‌နောင်တက်လာမည့် အစိုးရအ‌နေဖြင့် ငြိမ်းချမ်း‌ရေးအ တွက် အားလုံးပါဝင်နိုင်‌သော အပစ်အခတ်ရပ်စဲ‌ရေး၊ ‌မြေယာပြဿနာ ဆိုးကျိုးများကို ‌လျော့ကျ‌အောင် ပြုလုပ်ပြီး ‌ဒေသဖွံ့ဖြိုး‌ရေး အတွက် ပွင့်လင်းမြင်သာမှုရှိ‌ရေး၊ နိုင်ငံတကာအဆင့်မီ ပညာ‌ရေးနှင့် ကျန်းမာ‌ရေး လုပ်‌ဆောင်‌ပေး‌ရေးနှင့် လာမည့် ‌ရွေး‌ကောက် ပွဲတွင် နိုင်ငံတကာ စံချိန်စံနှုန်း အဆင့်မီရန် ပြင်ဆင်‌ပေး‌ရေး စသည်တို့ကို ‌ဆောင်ရွက်‌ပေးရန် ‌မျှော်လင့်ထားကြသည်ဟု KHRG အစီရင်ခံစာ၌ ‌ဖော်ပြထားသည်။

အဂင်္လိပ်၊ မြန်မာ နှစ်ဘာသာဖြင့် စာမျက်နှာ ၁၃မျက်နှာပါ ထုတ်ပြန်သည့် ယင်း‌ရွေး‌ကောက်ပွဲဆိုင်ရာ ထုတ်နှုတ်တင်ပြချက် အစီ ရင်ခံစာတွင် ‌ဒေသခံများအား ‌တွေ့ဆုံ‌မေးမြန်းထားချက်ကို နိဒါန်း၊ ပွင့်လင်းမြင်သာမှု ပူး‌ပေါင်းပါဝင်နိုင်မှု၊ အများယုံကြည် လက်ခံ နိုင်စွမ်းရှိမှုနှင့် နိဂုံးချုပ်ဟူ၍ ‌ခေါင်းစဉ်ခွဲအလိုက် အပိုင်းခွဲကာ တင်ပြထားသည်။

ပွင့်လင်းမြင်သာမှု ‌ခေါင်းစဉ်တွင် KHRG ၏ သထုံမြို့နယ်ရှိ ‌ဒေသတွင်း အဖွဲ့ဝင်တစ်ဦးက “ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနဲ့ ဖွံ့ဖြိုး‌ရေး ပါတီက ဘီးလင်းမြို့နယ်မှာရှိတဲ့ ‌ကျေးရွာအုပ်စု‌တွေကို ဆိုလာပြား‌တွေ၊ စပါး‌ခြွေ‌လှေ့စက်‌တွေ‌ပေး၊ လမ်း‌ဖောက်‌ပေးတာ လုပ်ခဲ့ တယ်။ အဲဒီနည်းနဲ့ မဲဆွယ်ခဲ့တယ်။ သူတို့ကို မဲ‌ပေးခဲ့ရင် အဲဒီထက် ပစ္စည်း‌တွေ ‌ပေးမယ်လို့ ‌ပြောတယ်။ အမျိုးသားဒီမိုက‌ရေစီအ ဖွဲ့ချုပ်ကို မဲ‌ပေးရင်‌တောင် သူတို့ကပဲ နိုင်မယ်လို့ ယူဆခဲ့ကြတယ်”ဟု ‌ပြောဆိုသည်။

‌တွေ့ဆုံ‌မေးမြန်းထားသည့် ‌ဒေသခံများအနက် မဲ‌ပေးရန် အာဏာပိုင်များဘက်မှ အကြပ်ကိုင်မှုများ မရှိ‌သော်လည်း KHRG လက် ခံရရှိ‌သော အစီရင်ခံစာပါ အချက်တချို့တွင် စည်းရုံး‌ရေးကာလအတွင်း မဲဝယ်ခြင်းများ၊ ပါတီကိုယ်စားလှယ်အချို့က သတင်းအ ချက်အလက်များ လှည့်စားခြင်း ဩဇာအရှိန်အဝါနှင့် ကြွယ်ဝမှုကို အသုံးပြုပြီး ‌ဒေသခံရွာသားများအား မဲဆွယ်စည်းရုံးခြင်းများ ပါဝင်သည်ဟုလည်း KHRG က ဆိုသည်။

KHRG သည် ‌ဒေသခံများအား ယခုလို ‌တွေ့ဆုံ‌မေးမြန်မှု ပြုလုပ်၍ အစီရင်ခံစာထုတ်သည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၅ခု နှစ်၊ နိုဝင်ဘာ ၈ရက်‌နေ့ ‌ရွေး‌ကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှုရှိ‌ကြောင်း၊ သို့‌သော် ‌ရွေး‌ကောက်ပွဲ မတိုင်မီ ပြုလုပ်‌သော မဲ ဆွယ်စည်းရုံးမှုများသည် မှတ်‌ကျောက်တင်ရမည့် နိုင်ငံ၏ ပြုပြင်‌ပြောင်းလဲ‌ရေးတွင် ‌မေးခွန်းထုတ်စရာ အပြစ်အနာအဆာတစ်ခု ဖြစ်သွား‌စေသည်ဟု သုံးသပ်‌ကြောင်း KHRG က ‌ပြောသည်။