Home သတင်း အွန်လိုင်းကရင်လူငယ်များအဖွဲ့မှ ပထမဦးဆုံးအကြိမ် စု‌ပေါင်းမဂ္ဂဇင်းစာအုပ်ထုတ်‌ဝေ

အွန်လိုင်းကရင်လူငယ်များအဖွဲ့မှ ပထမဦးဆုံးအကြိမ် စု‌ပေါင်းမဂ္ဂဇင်းစာအုပ်ထုတ်‌ဝေ

1980

‌ဖေ‌ဖော်ဝါရီ ၂ဝရက်၊ ၂၀၁၆ခုနှစ်။ စအိုင်ဆူး

နိုင်ငံတကာ‌ရောက်နှင့် ပြည်တွင်းကရင်လူငယ်များဖြင့် ချိတ်ဆက်ဖွဲ့စည်းထားသည့် အွန်လိုင်းကရင်လူငယ်များအဖွဲ့-OKYG မှ အမျိုးသား‌ရေးဆိုင်ရာ စိတ်ဓါတ်မြှင့်တင်‌ရေးအခန်းကဏ္ဍကို အဓိက ‌စောင်း‌ပေး‌ရေးသားထားသည့် စု‌ပေါင်းမဂ္ဂဇင်းတစ်အုပ်ကို ‌ဖေ‌ဖော်ဝါရီ ၁၉ရက်‌နေ့က ပထမဦးဆုံးအကြိမ် စတင် ထုတ်‌ဝေဖြန့်ချိလိုက်သည်။

မဂ္ဂဇင်းစာအုပ်ထုတ်‌ဝေမှု တာဝန်ခံ စ‌ကျော်စိုးက “ဒီစာအုပ်ထုတ်ဖြစ်တဲ့ အဓိကရည်ရွယ်ချက်က ကျ‌နော်တို့ မျိုးချစ်စိတ်နဲ့အဖွဲ့ကို လူ‌တွေ ပိုသိလာပြီး ယုံကြည်မှုပိုရရှိလာ‌အောင်ပါ။ ‌နောက်ပြီး OKYG အဖွဲ့ရဲ့ မှတ်တိုင်တစ်ခုအ‌နေနဲ့‌ကော မျိုးချစ်လူငယ်‌တွေ လက်ဆင့်ကမ်း လုပ်‌ဆောင်နိုင်ဖို့နဲ့ တဖက်တလမ်းကလည်း ပညာ‌ရေးအတွက် အ‌ထောက်အကူဖြစ်ဖို့ အဖွဲ့ဝင်အားလုံးနဲ့ တိုင်ပင် ပြီး ထုတ်‌ဝေခဲ့တာဖြစ်တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းမဂ္ဂဇင်း၌ ပညာ‌ရေး အမျိုးသား‌ရေး၌ မိမိလူမျိုးတို့၏ ဘဝမြှင့်တင်‌ရေးတွင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင်‌ပြောင်းလဲရန်နှင့် စီးပွား ‌ရေး အမြင်ပွင့်လင်းရန်တို့အပြင် ရိုးရာယဉ်‌ကျေးမှုများကိုပါ ထိန်းသိမ်းမြှင့်တင်သွားနိုင်ရန် ရသ‌ပေါင်းစုံကဏ္ဍများဖြင့် ပါဝင်‌ရေး သားထားသကဲ့သို့ အလားတူ မဂ္ဂဇင်းမျိုးကို အလျင်းသင့်သလို ထုတ်‌ဝေသွားရန်ရှိသည်ဟု စ‌ကျော်စိုးက ဆက်‌ပြောသည်။

စာမျက်နှာ‌ပေါင်း ၁၅၀‌ကျော်ပါဝင်သည့် ယင်းမဂ္ဂဇင်း၌ OKYG အဖွဲ့ဝင် နိုင်ငံတကာ‌ရောက် ကရင်လူငယ်များနှင့် ပြည်တွင်းရှိ စာ‌ပေချစ်မြတ်နိုး‌သော ကရင်လူငယ်များ၊ ကဗျာဆရာ စာ‌ရေးဆရားများမှ စု‌ပေါင်း‌ရေးသားခဲ့ကြပြီး အဖွဲ့ဝင်များမှ ဝိုင်းဝန်းကြိုး စားထားခြင်းဖြစ်ကာ အုပ်‌ရေ ၁၀၀ဝ ထုတ်‌ဝေသွားမည်ဖြစ်သည်။ ၎င်းမဂ္ဂဇင်းစာအုပ်မှ ရရှိလာသည့် အကျိုးအမြတ်များကို ပညာ ‌ရေးတွင် လိုအပ်ချက်မြင့်မား‌နေသည့် ‌ဒေသများသို့ လှူဒါန်းသွားမည်ဟု သိရသည်။

OKYG သည် ပညာ‌ရေးအတွက် ပံ့ပိုုးရန် လိုအပ်ချက်များ‌နေသည့် ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း အပါအဝင် အခြားအကူအညီ‌တောင်းခံလာသည့် ‌ဒေသများသို့ ပညာသင်နှစ်တိုင်းအတွက် စာ‌ရေးကိရိယာများ လှူဒါန်း‌ပေးပြီး မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ ‌ကော့လှိုင်း‌ကျေးရွာမှ မူလွန်‌ကျောင်းအတွက် ၂၀၁၆-၂၀၁၇ခုနှစ် စာသင်နှစ်အမှီ ‌ဆောက်လုပ်လှူဒါန်းလျှက်ရှိသည်။

နိုင်ငံတကာ‌ရောက် စကင်္ာပူ၊ မ‌လေးရှား၊ ထိုင်း၊ ဂျပန်၊ ကိုးရီးယား၊ အ‌မေရိကန်မှ ကရင်လူငယ်များနှင့် မြန်မာနိုင်ငံရှိ ကရင်လူငယ်များ လူမှုကွန်ယက်မှတဆင့် ခင်မင်ရင်းနှီးကြရာမှ ပညာ‌ရေးခက်ခဲသည့် ‌ဒေသများအတွက် အကျိုးပြုရန်ရည်ရွယ်ပြီး OKYGအဖွဲ့ကို ၂၀၁၄ခုနှစ် မတ်လတွင် ချိတ်ဆက်ဖွဲ့စည်းခဲ့သည်။

ပြည်တွင်း၌ ယခင်ကရင်အမျိုးသားနှစ်သစ်ကူး ကျင်းပ‌ရေးဗဟို‌ကော်မတီ(ရန်ကုန်)မှ နှစ်စဉ် ထုတ်‌ဝေ‌နေကြ ကရင့်‌ကြေမုံမဂ္ဂဇင်းအပြင် ကရင်ကဗျာစာအုပ်များ၊ ထင်ရှားသည့် ကရင့်အမျိုးသား‌ခေါင်း‌ဆောင်များ၏ စာအုပ်များ၊ ကရင့်‌တော်လှန်‌ရေးသမိုင်း(ဖူးစ‌ကောလယ်‌တော)စာအုပ်အပြင် ယခုလ ၄ရက်‌နေ့တွင် ပြည်တွင်း ကရင်စာ‌ရေးဆရာများ စု‌ပေါင်း‌ရေးသားထားသည့် ‌ကောက်သစ်ဦးမဂ္ဂဇင်းလည်း ထွက်ရှိထားပြီးဖြစ်သည်။