Home သတင်း ‌ပေါင်းစည်း‌ရေးအတွက် ကရင်နိုင်ငံ‌ရေးပါတီ ၅ခု ‌ဆွေး‌နွေးပွဲစတင်ပြီ

‌ပေါင်းစည်း‌ရေးအတွက် ကရင်နိုင်ငံ‌ရေးပါတီ ၅ခု ‌ဆွေး‌နွေးပွဲစတင်ပြီ

1696

‌ဖေ‌ဖော်ဝါရီ ၂၇ရက်၊ ၂၀၁၆ခုနှစ်။ ‌ကေအိုင်စီ

ပါတီ‌ပေါင်းစည်း‌ရေးအတွက် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ကရင်လူမျိုးအများစုရှိရာ ‌ဒေသအသီးသီးတွင် အ‌ခြေစိုက်ကြသည့် ကရင် နိုင်ငံ‌ရေးပါတီ ၅ခုသည် ယ‌နေ့ ‌ဖေ‌ဖော်ဝါရီ ၂၇ရက်‌နေ့တွင် ကရင်ပြည်နယ်၊ ဖားအံမြို့ Peace Hotel ၌ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ စတင် ‌နေပြီ ဖြစ်သည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်သူ့ပါတီ(KPP)၊ ကရင်အမျိုးသားပါတီ(KNP)၊ ကရင်ဒီမို ကရက်တစ်ပါတီ(KDP)နှင့် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ(KSDDP)တို့မှ ပါတီထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ‌လေ့လာသူများ စုစု‌ပေါင်း ၃၀‌ကျော် တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

“ဒီ‌နေ့ အစည်းအ‌ဝေးက‌တော့ အ‌သေးစိတ် ဘယ်လိုလုပ်ကြမလဲ။ ဖြစ်ကတတ်ဆန်း‌တော့ မလုပ်ချင်ဘူး။ ကျ‌နော်တို့‌ရှေ့မှာ ‌ပေါင်းစည်းသွားတဲ့ ရခိုင်ပါတီ‌တွေကို သင်ခန်းစာယူသင့်တယ်။ ကရင်ပါတီ‌တွေကလည်း ‌ပေါင်းစည်းဖို့ကို အ‌လေးအနက်ထားပြီး စဉ်းစားရမယ်”ဟု PSDP ဒုဥက္ကဌ မန်း‌အောင်ပြည်စိုးက အဖွင့်မိန့်ခွန်းတွင် ‌ပြောကြားခဲ့သည်။

‌ပေါင်းစည်းသွားသည့်အခါ ပါတီကို မည်သို့ ဖွဲ့စည်းသွား‌ရေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်‌ကျေး၊ ဗဟိုအဆင့်များကို မည်သို့ ဖွဲ့စည်း သွား‌ရေးနှင့် ‌ပေါင်းစည်းသွားပါက စည်းလုံးညီညွှတ်‌သော ကရင်အမျိုးသားဒီမိုကရက်တစ် တိုးတက်‌ရေးပါတီ အမည်ရှိ အဆိုပြု လွှာတစ်‌စောင်ကိုလည်း ဖတ်ကြားရန်ရှိ‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ယ‌နေ့ ပြုလုပ်သည့် ကရင်ပါတီများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲမှာ ဆဋ္ဌမအကြိမ်‌မြောက်ဖြစ်ပြီး ၎င်းပါတီ ၅ခုသည် ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ပါတီ‌ပေါင်းစည်း‌ရေးကို မူအရ သ‌ဘောတူထားခဲ့ပြီး ဖြစ်သည်။