Home သတင်း (၂၁)နှစ်‌မြောက် DKBA တည်‌ထောင်ခြင်း‌နေ့ အခမ်းအနား ဆုံဆည်းမြိုင်တွင်ကျင်းပ

(၂၁)နှစ်‌မြောက် DKBA တည်‌ထောင်ခြင်း‌နေ့ အခမ်းအနား ဆုံဆည်းမြိုင်တွင်ကျင်းပ

2924

ဒီဇင်ဘာ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်(DKBA) တည်‌ထောင်ခြင်း (၂၁)နှစ်‌မြောက် ‌မွေး‌နေ့အခမ်းအနားကို ဒီဇင်ဘာလ ၂၁ရက် ‌နေ့၌ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ဆုံဆည်းမြိုင်‌ကျေးရွာတွင် ကျင်းပခဲ့‌ကြောင်း သိရသည်။

ထိုအခမ်းအနားကို နံနက် ၆နာရီအချိန်ခန့်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး စစ်‌ရေးပြခြင်း အခမ်းအနားဖြင့် စစ်‌ကြောင်းချီတက် အ‌လေးပြု ခြင်း၊ စစ်‌ကြောင်း လှည့်လည်စစ်‌ဆေးခြင်း၊ အလံတင်ခြင်း၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ်၏ မိန့်ခွန်းဖတ်ကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားကို နှစ်စဉ် ကျင်းပလာခဲ့ခြင်းဖြစ်ပြီး ယခုနှစ်ပြုလုပ်‌သော အခမ်းအနားသို့ DKBA ဗိုလ်ချုပ်ကြီး‌စောလားပွယ်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောမို‌ရှေး အပါအဝင် ဒီ‌ကေဘီ‌အေ အရာရှိအရာခံ တပ်ဖွဲ့ဝင်များ၊ BGF အရာရှိများ၊ မြဝတီခရိုင်၊ မြို့နယ် များရှိ အာဏာပိုင်များနှင့်အတူ ပရိဿတ် တစ်‌ထောင်ခန့် တက်‌ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU အတွင်း ဖြစ်ပွားခဲ့‌သော ဘာသာ‌ရေးပဋိပက္ခများ‌ကြောင့် မိခင်အစည်းအရုံးမှ ခွဲထွက်ကာ တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBA အဖြစ် ၁၉၉၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး‌နောက် ယခု ဒီမိုက ‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA အဖြစ် အမည်‌ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။