Home သတင်း ကရင်မျိုးနွယ်စု အမည်မှန် အတည်ပြုနိုင်‌ရေး လွှတ်‌တော်‌ရေးရာ‌ကော်မတီနှင့် KAC ‌တွေ့ဆုံ

ကရင်မျိုးနွယ်စု အမည်မှန် အတည်ပြုနိုင်‌ရေး လွှတ်‌တော်‌ရေးရာ‌ကော်မတီနှင့် KAC ‌တွေ့ဆုံ

1587

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်မျိုးနွယ်စုအမည်မှန် ‌ဖော်ထုတ်‌ရေးစည်း‌ဝေးပွဲများမှ ထွက်‌ပေါ်လာသည့် ရလဒ်ကို အတည်ပြုနိုင်‌ရေးအတွက် ကရင့်‌ရေးရာ ‌ကော်မတီ(KAC)နှင့် အမျိုးသားလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ ပဋ္ဋိပက္ခ‌ဖြေ‌လျှော့‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်း‌ကော်မတီတို ့ ဒီဇင်ဘာလ ၁၉ရက်‌နေ့က ‌နေပြည်‌တော်ရှိ၊ အမရာဟိုတယ်၌ ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့သည်။

KAC က ဦး‌ဆောင်ပြုလုပ်ခဲ့သည့် အဆိုပါ‌တွေ့ဆုံပွဲသို့ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)၊ ပြည်ထဲ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုး အပါအဝင် ကရင်မျိုးနွယ်စုအလိုက် ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်‌တော် တိုင်းရင်းသား‌ရေးရာ ပဋိပက္ခ ‌ဖြေ‌လျှော့‌ရေးနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်း‌ကော်မတီဥက္ကဌ ဦးခက်ထိန်နန်၊ ပြည်‌ထောင်စုလွှတ်‌တော်ရှိ ကရင်လွှတ်‌တော်အမတ်များ အပါအဝင် စုစု‌ပေါင်း ၈ဝဦးခန် ့တက်‌ရောက်ခဲ့ကြသည်။

‌တွေ့ဆုံပွဲတက်‌ရောက်လာသည့် အမျိုးသားလွှတ်‌တော်၊ တိုင်းရင်းသား‌ရေးရာ‌ကော်မတီ ဥက္ကဌ ဦးခက်ထိန်နန် က “‌တွေ့ဆုံပွဲက ကရင်မျိုးနွယ်စုအမည်နာမ တိတိကျကျ ‌ဖော်ထုတ်တဲ့ရည်ရွယ်ချက်ဖြစ်တယ်။ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့အ‌ရေးက ပြည် ‌ထောင်စုအ‌ရေးပဲ။ ဒါ‌တွေဟာ ပြည်‌ထောင်စုလွှတ်‌တော်မှာ ‌ဆောင်ရွက်သွားဖို့ရှိတယ်။ ဒါ‌ပေမယ့် ကိုယ့်တိုင်းရင်းသားရဲ့ အမည် ‌တွေကို ကိုယ့်တိုင်းရင်းသားဘဲ အဓိကဆုံးဖြတ် အတည်ပြုပြီး‌တော့ ဒါကို ပြည်‌ထောင်စုလွှတ်‌တော်မှာ ပြန်ဆုံးဖြတ်အတည်ပြုရမဲ့ အ‌ခြေအ‌နေရှိတယ်ဆိုတာ ‌ပြောချင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို မျိုးနွယ်စုအမည်မှန် ပြန်လည်သတ်မှတ်‌ရေးနှင့်ပတ်သက်ပြီး တစ်ခြားတိုင်းရင်းသားများ မလုပ်နိုင်‌သေးခင် ကရင်မျိုး နွယ်စုအတွက် ကရင့်‌ရေးရာ‌ကော်မတီက ဦးစီးပြီး လုပ်‌ဆောင်နိုင်သည့်အတွက် ဂုဏ်ယူသလို တခြားတိုင်းရင်းသားများလည်း ယခုလို လုပ်‌ဆောင်သွားနိုင်ရန် ‌မျှော်လင့်သည်ဟု ဦးခက်ထိန်နန်ကဆက် ‌ပြောသည်။

ယင်း‌တွေ့ဆုံပွဲတွင် ရရှိလာသည့် အကြံပြုချက်များအရ နယ်ပယ်စုံ ကရင်အမျိုးသားများ ပါဝင်လက်မှတ်ထိုးထားသည့် စာတစ် ‌စောင်ကို နိုင်ငံ‌တော်ဒုသမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်းထံ ဒီဇင်ဘာလ ၂၃ရက်‌နေ့၌ တင်ပြရန် စီစဉ်ထားသည်ဟု ကရင့်‌ရေးရာ ‌ကော်မတီ၊ အတွင်း‌ရေးမှူး ဆရာ‌စော‌ကျော်စွာက ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

“ကျ‌နော်တို ့ ဒုသမ္မတ ‌ဒေါက်တာစိုင်း‌မောက်ခမ်းဆီ စာပို ့မယ်။ မိတ္တူကို လွှတ်‌တော်တိုင်းရင်းသား‌ရေးရာ ‌ကော်မတီ‌တွေကို ပို့ မယ်။ ပြီး‌တော့ ပြည်ထဲ‌ရေး၊ သမ္မတရုံးဝန်ကြီးဌာနကိုလည်း ပို့မယ်။ ပို့ပြီး‌တော့ ဒါ‌တွေ အားလုံး ‌ရောက်သွားတဲ့အတွက်‌ကြောင့် ဒီကိစ္စက လွှတ်‌တော်မှာ ပြန်လည်‌ဆွေး‌နွေးစရာ အ‌ကြောင်းရှိလာလိမ့်မယ်။ လွှတ်‌တော်ထဲ‌ရောက်‌အောင် အဲ့ဒီနည်းနဲ့ သွားပါလို့ သူတို့ အကြံပြုတယ်”ဟု ဆရာ‌စော‌ကျော်စွာက ‌ပြောသည်။

ကရင်မျိုးနွယ်စု အမည်မှန် ‌ဖော်ထုတ်‌ရေးကို ပြီးခဲ့သည့် ၂၀၁၄ခုနှစ်မှ စတင်ကာ ကရင်မျိုးနွယ်စုများ‌နေထိုင်ရာ ‌ဒေသအလိုက် မျိုးနွယ်စု‌တွေ့ဆုံပွဲ အစည်း‌ဝေး ၅၀‌ကျော် ပြုလုပ်ခဲ့ပြီး ထွက်‌ပေါ်လာသည့် ရလဒ်များကို မြို့နယ်၊ ခရိုင်၊ တိုင်း‌ဒေသကြီးနှင့် ပြည် နယ် တစ်ဆင့်ချင်း အတည်ပြုပြီး‌နောက် တစ်နိုင်ငံလုံး အဆင့်အစည်းအ‌ဝေးကို ဒီဇင်ဘာလ ၅ရက်‌နေ့တွင် ဖားအံမြို့၊ သု‌မေဓာ ရာမ ကြား‌တောရ‌ကျောင်း၌ ပြုလုပ်ခဲ့ပြီး ကရင်မျိုးနွယ်စု ၇စုကို အတည်ပြုခဲ့သည်။