Home သတင်း ‌ကော့ကရိတ်လူငယ်များ တနဂင်္‌နွေအပတ်စဉ် အနီ‌ရောင်တီရှပ်လှုံ့‌ဆော်မှု ‌လေးပတ်ကြာလုပ်‌ဆောင်ခဲ့

‌ကော့ကရိတ်လူငယ်များ တနဂင်္‌နွေအပတ်စဉ် အနီ‌ရောင်တီရှပ်လှုံ့‌ဆော်မှု ‌လေးပတ်ကြာလုပ်‌ဆောင်ခဲ့

1833

နိုဝင်ဘာ ၄ရက်၊ ၂၀၁၅ခုနှစ်။ က‌ဆောဝါး

‌ကော့ကရိတ်ခရိုင်၊ ‌ကော့ကရိတ်မြို့‌ပေါ်ရပ်ကွက်ရှိ ‌ဒေသခံလူငယ်များသည် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်-NLD အား ‌ထောက်ခံ သည့်အ‌နေဖြင့် ‌အောက်တိုဘာလ ၁၁ရက်‌နေ့မှစတင်ကာ အပတ်စဉ် တနဂင်္‌နွေ‌နေ့တိုင်း ကိုယ်ထူကိုယ်ထ အနီ‌ရောင်တီရှပ်လှုံ့ ‌ဆော်မှုကို ရက်သတ္တ‌လေးပတ်ကြာ လှုပ်ရှားခဲ့ကြသည်။

ထိုလှုပ်ရှားမှုကို ဦး‌ဆောင်သူ ‌ဒေါက်တာဝင်း‌မောင်‌မောင်‌အောင်က “အခု ကျ‌နော်တို့‌ကော့ကရိတ်မြို့မှာ NLD ပါတီကို ‌ထောက်ခံ တဲ့လူငယ်‌တွေ၊ လူထု‌တွေ အနီ‌ရောင်တီရှပ်ကဲန်ပိန်းလုပ်တာ ၄ပတ် ရှိပါပြီ။ ဒါက ‌နောက်ဆုံးအပတ်စဉ်‌ပေါ့။ ကျ‌နော်တို့လူငယ် ‌တွေစုပြီး အပတ်စဉ် တနဂင်္‌နွေ‌နေ့တိုင်း မြို့တွင်းက ဗိုလ်ချုပ်‌ကြေးရုပ်ရှိတဲ့ ‌ဂေါက်ကွင်းပန်းခြံမှာ ‌နေ့ခင်း ၂နာရီခွဲ လူစု၊ ၃နာရီမှာစ ပြီး မြို့တွင်းလမ်း‌တွေအတိုင်း NLD ပါတီလှုံ့‌ဆော်‌ရေးသီချင်း‌တွေကို ဟစ်‌ကြွေးသီဆိုပြီး‌တော့ တ‌ပျော်တပါး လှည့်လည်ကြပါ တယ်״ဟု နိုဝင်ဘာလ ၁ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါလူငယ်အဖွဲ့သည် အနီ‌ရောင်တီရှပ်လှုပ်ရှားမှုကို လူငယ်အင်အား ၃၀ဝခန့်က မိမိတို့ ကိုယ်ထူကိုယ်ထ အသိစိတ်ဓါတ်ဖြင့် ဆိုင်ကယ်အစီး ၇၀၊ ကားအစီး ၃ဝခန့်ဖြင့် NLD ပါတီ၏ အ‌ထောက်အပံ့မပါဘဲ လှည့်လည်လှုပ်ရှားခဲ့ကြခြင်းဖြစ်ပြီး နိုဝင်ဘာ ၅ရက်‌နေ့၌လည်း တစ်မြို့လုံး ဝန်းရံ‌ထောက်ခံရန် အနီ‌ရောင်တီရှပ်လှုံ့‌ဆော်‌ရေးအတွက် ပြင်ဆင်ထားသည်ဟု ဆိုသည်။

၎င်းအပြင် ‌ရွေး‌ကောက်ပွဲ‌နေ့ မတိုင်မီရက်များတွင် စိတ်ဝင်စားသူများ စုဖွဲ့ကာ ရပ်ကွက်နှင့် ‌ကျေးရွာများ၌ မဲဆန္ဒရှင်ပြည်သူများ အား မဲပညာ‌ပေးမှုများကို လုပ်‌ဆောင်ရင်း ‌ရွေး‌ကောက်ပွဲရက်၌လည်း ‌လေ့လာ‌စောင့်ကြည့်‌ရေးလှုပ်ရှားမှုများကို ဆက်လက် ‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

‌ကော့ကရိတ်ခရိုင် NLD ပါတီဥက္ကဋ္ဌ ဦးမြစိန်က “ဦး‌လေးတို့မြို့မှာ လူငယ်‌တွေ NLD ပါတီကို သူတို့အသိစိတ်ဓါတ်နဲ့ ဝန်းရံကြတာ ‌တွေ့ရ‌တော့ ပါတီကိုယ်စား ‌ကျေးဇူးတင်တယ်။ လူငယ်‌တွေ ကိုယ့်စရိတ်‌တွေကိုယ်စုပြီး စိတ်ပါဝင်စားသူ‌တွေ စုဖွဲ့ပြီး လုပ်ကြတာ ပါ။ ဦး‌လေးတို့ကို‌တော့ သူတို့ ဒီလို အနီ‌ရောင်တီရှပ်အကျင်္ီ‌တွေ ဝတ်ဆင်ပြီး လှည့်ဖို့‌တော့ အသိ‌ပေးပါတယ်။ စည်းရုံး‌ရေးကာလမို့ ဦး‌လေးတို့က ‌ကော်မရှင် လုပ်ထုံးလုပ်နည်းနဲ့အညီ အသိ‌ပေးတင်ပြ‌ပေးတာ‌လောက်ပဲ ကူညီ‌ပေးနိုင်တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

‌ကော့ကရိတ်မြို့ခံ ဦး‌ထွေးက “ဦး‌လေးအ‌နေနဲ့ အခုလို လူငယ်‌တွေ ပါဝင်ဦး‌ဆောင်ပြီး လုပ်‌နေတာ‌တွေ့ရ‌တော့ ဝမ်းသာတယ်။ အား‌ပေးတယ်။ ပြဿနာ‌တွေ မဖြစ်‌အောင်‌တော့ ဂရုစိုက်‌စေချင်တယ်။ ဦး‌လေးက NLD ကို မဲထည့်မှာပါ။ တိုင်းပြည်‌ပြောင်းလဲဖို့ လိုပြီ‌လေ။ စစ်‌ဘေးစစ်ဒဏ်‌တွေကြားက စီးပွားရှာစားရတဲ့ဘဝ‌တွေ လွတ်‌မြောက်ချင်လို့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၂၃ရက်‌နေ့ကလည်း ရုပ်ရှင်ဒါရိုက်တာကြည်ဖြူရှင် ဦး‌ဆောင်သည့် အနုပညာရှင်၊ အဆို‌တော် ပါဝင် သည့် ပါတီ‌အောင်နိုင်‌ရေး ‌ဖျော်‌ဖြေမှုကို ‌ကော့ကရိတ်မြို့ ‌တောင်‌ပေါ်ရပ်၊ ‌တောင်‌ပေါ်‌ကျောင်း ဘုန်းကြီး‌ကျောင်းကွင်း၌ ကျင်းပခဲ့ သလို ယင်းလှုပ်ရှားမှု၏ တတိယပတ် တနဂင်္‌နွေ‌နေ့က ပါဝင်လှုပ်ရှားသူထဲက ဆိုင်ကယ်မ‌တော်တဆမှု အနည်းငယ် ဖြစ်ခဲ့သည်။