Home သတင်း NCA ကို KNU ‌ခေါင်း‌ဆောင် ၃ ဦး လက်မှတ်ထိုးမည်

NCA ကို KNU ‌ခေါင်း‌ဆောင် ၃ ဦး လက်မှတ်ထိုးမည်

1722

‌အောက်တိုဘာ ၁၂ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

‌နေပြည်‌တော်၌် ‌အောက်တိုဘာ ၁၅ရက်‌နေ့တွင်ပြုလုပ်မည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး စာချုပ် (NCA) လက်မှတ်‌ရေးထိုးပွဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ‌ခေါင်း‌ဆောင် ၃ ဦးမှ NCA စာချုပ်တွင် လက်မှတ်‌ရေးထိုးသွားမည်ဟု KNU ဘက်က ‌ပြောသည်။

ထိုသို့ လက်မှတ်ထိုးရာတွင် ကရင်အမျိုးသားအစည်းအရုံး KNU မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်း၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့မှ လက်မှတ်‌ရေးထိုးသွားမည် ဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU တွဲဖက်အတွင်း‌ရေးမှူး(၁) ပဒို‌စော‌သောသီဘွဲက ” NCA စာချုပ်မှာပါတဲ့ အတိုင်း အဲဒါကိုကျ‌နော်တို့ ‌အောက်တိုဘာလ ၁ဝ ရက်‌နေ့မှာ ဗဟို‌ကော်မတီအစည်း အ‌ဝေးလုပ်ပြီး လက်မှတ်ထိုးရာမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ကိုယ်စားလှယ်‌တွေကို အစည်းအ‌ဝေးက ‌ရွေးချယ်ဆုံးဖြတ် လိုက်တာဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို ့ယ‌နေ ့‌ပြောသည်။

ထိုအတူ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော် DKBA မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ်၊ ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်‌စောမို‌ရှေး၊ စစ်‌ရေးချုပ်(HQ)ဗိုလ်မှူးစိန်ဝင်းတို့အပြင် KNU/KNLA(PC) ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင်၊ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး‌စော‌ထော‌လေး၊ ဗိုလ်ချုပ်‌စောရင်နုတို့မှလည်း NCA ကို ပါဝင်လက်မှတ်ထိုးသွားမည်ဟု သိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှလက်မှတ်‌ရေးထိုးမည့် ‌ခေါင်း‌ဆောင် ၃ ဦး အပါအဝင် KNU ကာကွယ်‌ရေးဌာနတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ‌စော‌ရောဂျာခင်၊ ဗဟို‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်း၊ စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်၊ ပဒို‌စောဆဲ‌ဂေ၊ ပဒို‌စော‌ရွှေ‌မောင်း၊ ပဒို‌စောဘီးလယ်၊ ဗိုလ်မှူးချုပ်‌စောအယ်ကလူသိန်း စသည့်‌ခေါင်း‌ဆောင် ၁ဝ ဦး တို့လည်း လက်မှတ်ထိုးပွဲ အခမ်းအနားသို့ တက်‌ရောက်မည် ဖြစ်သည်။

၎င်းအပြင် လက်မှတ်‌ရေးထိုးပွဲ အခမ်းအနားတက်‌ရောက်မည့် KNU အထူးကိုယ်စားလှယ် ၁၃ ဦး အပါအဝင် ခရီးစဉ်အ‌ထောက်အကူပြုအဖွဲ့နှင့် ရုံးလုပ်ငန်းအဖွဲ့များပါဝင်မည့် အဖွဲ့ဝင် ၂ဝ ‌ကျော်လည်း ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များနှင့်အတူ လိုက်ပါသွားမည် ဖြစ်‌ကြောင်းသိရသည်။

ကရင်လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များမှ ကိုယ်စားလှယ်များသည် ယ‌နေ့ သက်ဆိုင်ရာ ထိန်းချုပ်နယ်‌မြေ ‌ဒေသအသီးသီးမှ စတင်ထွက်ခွာသွားပြီးဖြစ်ကာ ယင်းခရီးစဉ်မှာ ‌အောက်တိုဘာ ၁၇ ရက်‌နေ့အထိ ကြာမြင့်ဖွယ်ရှိ‌ကြောင်း ကိုယ်စားလှယ်အဖွဲ့များထံမှ သိရသည်။