Home သတင်း ‌ရွေး‌ကောက်ပွဲအတွက် မဲရုံမှူးသင်တန်း ‌ကော့ကရိတ်တွင် ဖွင့်လှစ်

‌ရွေး‌ကောက်ပွဲအတွက် မဲရုံမှူးသင်တန်း ‌ကော့ကရိတ်တွင် ဖွင့်လှစ်

1646

‌အောက်တိုဘာ ၉ ရက်၊၂၀၁၅ ခုနှစ်။ စအိုင်စူး၊ က‌ဆောဝါး

လာမည့်‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်ခရိုင်အတွင်းရှိ မဲရုံ‌ပေါင်း ၉၃ ရုံတွင် တာဝန် ထမ်း‌ဆောင်မည့် မဲရုံမှူးများအတွက် သင်တန်းတစ်ခုကို ‌ကော့ကရိတ်မြို့နယ်ခန်းမ၌ ယမန်‌နေ့က စတင် ဖွင့်လှစ်ပို့ချ‌နေသည်ဟု မြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဌ ဦးစန်းကြည်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“ မဲရုံတရုံရဲ့ အဓိကတာဝန်ရှိသူက မဲရုံမှူးနဲ့ ဒုမဲရုံမှူး‌တွေပဲ‌လေ။ သူတို့လုပ်‌ဆောင်ချက်‌တွေ မှန်ကန်မြန်ဆန်မှ တိကျ‌သေချာတဲ့ ခိုင်လုံမဲ‌တွေကို အချိန်နဲ့တစ်‌ပြေးညီ ထုတ်ပြန် ‌ကြေညာနိုင်မှာပါ။ ဒါ‌ကြောင့် ဦး‌လေးတို့ ကိုယ်တိုင် သင်ကြားပြသ‌ပေး‌နေတာ ဖြစ်တယ် ” ဟု ‌ကော့ကရိတ်မြို့နယ် ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ဥက္ကဌ ဦးစန်းကြည်က ယမန်‌နေ့ က ‌ပြောသည်။

ထို့အပြင် မဲ‌ပေးပုံ၊ မဲရုံအခင်းအကျင်းများ၊ မဲစီစစ်ပုံ၊ ထုပ်ပိုးအပ်နှံပုံ နှင့်‌ရေတွက်ခြင်း၊ ခွဲခြားမှတ်သား သတင်း ပို့ခြင်း ကိစ္စများအထိ အ‌သေးစိတ်အချက်အလက်များကို စာ‌တွေ့နှင့် လက်‌တွေ့တပါတည်း သင်ကြားပို့ချ သွားမည်ဟု မြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှသိရသည်။

ယခုလ ၈ ရက်မှ ၁၂ ရက်‌နေ့အထိ ၅ရက်ကြာသင်ကြားပို့ချသွားမည့် အဆိုပါ မဲရုံမှူး သင်တန်းသို့ မဲရုံမှူးတာဝန် ထမ်း‌ဆောင်မည့် ပညာ‌ရေးဝန်ထမ်း ဆရာ၊ ဆရာမများအား ၎င်းတို့‌ဒေသ၌ ဖွင့်လှစ်သွားမည့် မဲရုံများတွင် မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်များ‌ဆောင်ရွက်သွားနိုင်ရန် အုပ်စု ၃သုတ်ခွဲ၍ သင်ကြားပို့ချသွားမည်ဖြစ်ကာ လက်ရှိသင်တန်း သို ့သင်တန်းသူသင်တန်းသား ၁၆၈ ဦး တက်‌ရောက်‌နေ‌ကြောင်း သိရသည်။

သင်တန်းတက်‌ရောက်‌နေသူ မူလတန်း‌ကျောင်းအုပ် ဆရာမ‌ဒေါ်ခင်ကြူ‌အေးက “ ကျမအ‌နေနဲ့‌ရွေး‌ကောက်ပွဲ ကျင်းပချိန်မှာ မဲရုံမှူးတာဝန် ထမ်း‌ဆောင်ပါဝင်ခွင့်ရတဲ့အတွက် နိုင်ငံ့ဝန်ထမ်းတစ်‌ယောက်အ‌နေနဲ့ ‌ကျေပွန် ‌အောင်‌ဆောင်ရွက် သွားမှာပါ။ နိုင်ငံရဲ့ တိုးတက်‌ကောင်းမွန်တဲ့ အစိုးရသစ်တရပ်ကို ‌ဖော်‌ဆောင်‌ရွေးချယ်တဲ့ ‌နေရာမှာ ပါဝင်ခွင့် ရလို့ ဂုဏ်ယူမိပါတယ် ” ဟု ယမန်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

လာမည့်‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်နယ်တခုလုံး မဲဆန္ဒရှင် ၈၇၆,၄၈၅ ဦးရှိကာ မဲရုံစုစု‌ပေါင်း ၆၈၄ ရုံဖွင့်လှစ် သွားမည်ဖြစ်ပြီး ဖားအံတွင် ၂၂၅ ရုံ၊ လှိုင်းဘွဲတွင် ၁၃၁ ရုံ၊ သံ‌တောင်ကြီးတွင် ၉၉ ရုံ၊ ‌ကော့ကရိတ်တွင် ၉၃ ရုံ၊ ကြာအင်းဆိတ်ကြီးတွင် ၆၃ ရုံ၊ မြဝတီတွင် ၄၉ ရုံ၊ ဖာပွန် ၂၄ ရုံ ဖွင့်လှစ်သွားမည်ဟု ပြည်နယ်‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ထံမှ သိရသည်။