Home သတင်း မှန်ကန်စွာ မဲထည့်နိုင်သူ ၂ဝရာခိုင်နှုန်းသာရှိမည်ဟု အရပ်ဖက်နှင့် ပါတီကိုယ်စားလှယ်များ သုံးသပ်

မှန်ကန်စွာ မဲထည့်နိုင်သူ ၂ဝရာခိုင်နှုန်းသာရှိမည်ဟု အရပ်ဖက်နှင့် ပါတီကိုယ်စားလှယ်များ သုံးသပ်

1578

‌အောက်တိုဘာ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

လာမည့် ရက်သတ္တပတ်‌ကျော်အတွင်း ကျင်းပ‌တော့မည့် ၂၀၁၅‌ရွေး‌ကောက်ပွဲ၌ ကရင်ပြည်နယ်၏ မြို့နယ် ၇မြို့နယ်ရှိ မဲထည့်ပိုင် ခွင့်ရှိသူများအနက် မှန်မှန်ကန်ကန် မဲထည့်နိုင်မည့်သူမှာ ၂ဝရာခိုင်နှုန်းသာရှိမည်ဟု မဲဆန္ဒရှင်ပညာ‌ပေးလုပ်ငန်းများ လုပ်‌ဆောင် ‌နေသည့် အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်အချို့က သုံးသပ်‌ပြောဆိုသည်။

မဲဆန္ဒရှင်ပညာ‌ပေးလုပ်ငန်းများ လုပ်‌ဆောင်‌ပေး‌နေသည့် ကရင်ပြည်နယ် အရပ်ဖက် လူမှုအဖွဲ့အစည်းများကွန်ယက်-KSCN မှ ‌စော‌ကျော်စွာက “မဲဆန္ဒရှင်‌တွေအ‌နေနဲ့‌တော့ မဲထည့်ကြမှာပါ။ ဒါ‌ပေမဲ့ မှန်မှန်ကန်ကန်နဲ့ မဲထည့်နိုင်မဲ့သူ၊ ပယ်မဲမဖြစ်‌အောင် ထည့်တတ်မဲ့သူက‌တော့ ၂ဝရာခိုင်နှုန်း‌လောက်ပဲရှိမယ်။ ဘာ‌ကြောင့်လဲဆို‌တော့ စာမတတ်တာလည်းပါတယ်။ ‌နောက်ပြီး မ‌တွေ့ ဖူးတာလည်း ပါတယ်။ မြို့ကြီး‌တွေမှာက တီဗွီ‌တွေမှာကြည့်လို့ရတယ်။ ရွာ‌တွေမှာက တီဗွီမရှိ ဘာမရှိနဲ့ တံဆိပ်တုံး‌တောင်မှ မဖွင့် တတ်ဘူး”ဟု ‌ကေအိုင်စီသို့ ယ‌နေ့ ‌ပြောသည်။

ယခင် ‌ရွေး‌ကောက်ပွဲများက အမှတ်အသား ခြစ်‌ပေးရုံမျှသာဖြစ်ပြီး ယခုကျင်းပမည့် ‌ရွေး‌ကောက်ပွဲ၌ တံဆိပ်တုံးထုရမည်ဖြစ် ‌သော‌ကြောင့် လက်ရှိတွင် တံဆိပ်တုံးအား နှစ်ကြိမ်ထုပါက ပယ်မဲဖြစ်သွားနိုင်သဖြင့် ‌ရွေး‌ကောက်ပွဲ‌နေ့တွင် မှန်ကန်စွာ မဲထည့် နိုင်မှုရလဒ် မည်သို့ဖြစ်လာမည်ကို စိုးရိမ်ရ‌ကြောင်းလည်း ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

အလားတူ ဖားအံ မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း လက်ရှိ ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်‌တော်အမတ် နန်း‌စေးအွာက မဲဆန္ဒရှင်ပြည်သူများမှာ မဲထည့်ရန် အဆင်သင့်မရှိ‌သေးသည့်အပြင် မဲပညာ‌ပေးလုပ် ‌ဆောင်‌နေသည့် အဖွဲ့များကလည်း ‌ဒေသတိုင်းသို့ မ‌ရောက်ရှိနိုင်သည့် အ‌ခြေအ‌နေတွင် မဲဆန္ဒရှင်များ မှန်ကန်စွာ မဲထည့်နိုင်မှုမှာ ရာခိုင်နှုန်းထက်ဝက် မ‌ကျော်လွန်နိုင်‌ကြောင်း သုံးသပ်‌ပြောဆိုခဲ့သည်။

“တခြားမဲဆန္ဒနယ်ကို ကျမ မဆင်းဘူးဆို‌တော့ တစ်ပြည်နယ်လုံးနဲ့ဆိုရင် ရာနှုန်းကို‌ပြောဖို့ခက်ပါတယ်။ ဒါ‌ပေမဲ့ ကျမ မဲဆန္ဒနယ် မှာက ‌တောသူ‌တောင်သား‌တွေ များတယ်။ ‌လေ့လာမှုကလည်း အားနည်းတယ်။ ဘာသာစကား အခက်အခဲနဲ့ စာမတတ် ‌ပေမ တတ်‌တွေလည်း များတယ်ဆို‌တော့ ‌သေချာတာက မှန်ကန်စွာ မဲထည့်မဲ့သူက ၅ဝရာခိုင်နှုန်း မ‌ကျော်နိုင်ဘူး”ဟု လက်ရှိ ပြည်သူ့ လွှတ်‌တော်အမတ် နန်း‌စေအွာက ‌ပြောသည်။

စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ‌ရေကြီးနစ်မြှုပ်မှု သဘာဝ‌ဘေးအန္တရာယ်နှင့် နယ်‌မြေမ‌အေးချမ်းမှုကို အ‌ကြောင်းပြကာ ‌ရွေး ‌ကောက်ပွဲကျင်းပမည့်‌နေ့ရက်ကို ‌ရွှေ့ဆိုင်းသင့်မသင့် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဗဟို‌ကော်မ တီဝင် နိုင်ငံ‌ရေးပါတီကိုယ်စားလှယ်များ၊ ဝန်ကြီးဋ္ဌာနဆိုင်ရာ အကြီးအကဲများက အပြန်အလှန် သ‌ဘောထားများ ‌ဆွေး‌နွေးခဲ့ကြ ပြီး မ‌ရွှေ့ဆိုင်းရန် ‌ကော်မရှင်က လက်ခံဆုံးဖြတ်၍ ထုတ်ပြန်‌ကြေညာခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လနှင့် စက်တင်ဘာလများတွင် အ‌ခြေခံမဲစာရင်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ‌ကြေညာခဲ့ ‌သော်လည်း မှားယွင်းမှု၊ လွဲ‌ချော်မှုများ နှစ်ကြိမ်စလုံး ရှိခဲ့ပြီး ‌နောက်ထပ် မဲ‌ပေးပိုင်ခွင့်ရှိသူစာရင်းကို နိုဝင်ဘာလ ၂ရက်‌နေ့မှစ၍ သက်ဆိုင်ရာ ရပ်ကွက်‌ကော်မရှင်ရုံးများတွင် ထပ်မံ ‌ကြေညာကပ်သွားမည်ဟု ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ညွှန် ကြား‌ရေးမှူးချုပ် ဦးတင်ထွန်းက ‌နေပြည်‌တော်တွင် ‌အောက်တိုဘာလ ၂၇ရက်‌နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ‌ပြော ကြားခဲ့သည်။

‌ကော့ကရိတ်မြို့နယ်၊ ‌ကော့နွဲ‌ဒေသခံ ‌စော‌ကျောပိုးက “ကျ‌နော်တို့‌ဒေသမှာ‌တော့ သင်တန်းပုံစံလုပ်ပြီး ပုံစံပြ‌ပေးရအုံးမယ်။ အခု ချိန်ထိ‌တော့ မလုပ်ရ‌သေးဘူး။ ‌သေချာတာက‌တော့ အခုထိ ‌ဒေသခံလူထု‌တွေ ‌တော်‌တော်များများက‌တော့ မဲမထည့်တတ်‌သေး ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း တသီးပုဂ္ဂလနှင့် နိုင်ငံ‌ရေးပါတီ ၁၈ပါတီမှ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း စုစု‌ပေါင်း ၂၅၆ဦးရှိပြီး တစ် ပြည်နယ်လုံး အတိုင်းအတာဖြင့် မဲဆန္ဒရှင်ဦး‌ရေ ၈သိန်း‌ကျော်ရှိသည်။ ထို့အပြင် ပြည်နယ်တစ်ခုလုံးတွင် မဲရုံ‌ပေါင်း ၆၈၄ရုံရှိပြီး လုံခြုံ‌ရေးအ‌ကြောင်းပြချက်ဖြင့် မဲရုံမဖွင့်လှစ်နိုင်သည့် ‌ကျေးရွာအုပ်စု‌ပေါင်း ၉၄အုပ်စုအထိရှိ‌ကြောင်း ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ခွဲ ၏ မှတ်တမ်းအရ သိရသည်။