Home သတင်း အာရှလမ်းသစ်ဖွင့်ပွဲနှင့် ဒုတိယ‌မြောက်ချစ်ကြည်‌ရေးတံတား အုတ်မြစ်ချပွဲ နှစ်ဖက်နယ်စပ်တွင် ပူးတွဲကျင်းပမည်

အာရှလမ်းသစ်ဖွင့်ပွဲနှင့် ဒုတိယ‌မြောက်ချစ်ကြည်‌ရေးတံတား အုတ်မြစ်ချပွဲ နှစ်ဖက်နယ်စပ်တွင် ပူးတွဲကျင်းပမည်

1497

ဩဂုတ် ၇ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမှ ‌ကော့ကရိတ်သို့ ဆက်သွယ်ထားသည့် ‌ဒေါန‌တောင်ပတ်ကားလမ်း(အာရှလမ်းသစ်) တရားဝင် ဖွင့်လှစ် ပွဲကို ဩဂုတ်လ ၃ဝရက်‌နေ့တွင် ထိုင်းနှင့် မြန်မာအစိုးရတာဝန်ရှိသူများက ပူးတွဲ ဖွင့်လှစ်သွားကြမည်ဖြစ်သည်။

ထိုင်းနိုင်ငံ လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီးဌာနမှ အရာရှိတဦးက “ဒီလ ၃ဝရက်‌နေ့မှာ အာရှလမ်းသစ် လမ်းပိုင်းဖြစ်တဲ့ မြဝတီ-‌ကော့ကရိတ်လမ်းကို နှစ်နိုင်ငံ တာဝန်ရှိသူ‌တွေက‌နေ တရားဝင်ဖွင့်လှစ်ပွဲပြုလုပ်ဘို့ နှစ်နိုင်ငံ နိုင်ငံခြား‌ရေးဝန်ကြီးဋ္ဌာန‌တွေ သ‌ဘောတူညီထားပြီးဖြစ်တယ်”ဟု ယ‌နေ့တွင် ‌ပြောဆိုခဲ့သည်။

အာရှလမ်းသစ်ဖွင့်ပွဲကို ယခင်လ ၂ဝရက်‌နေ့က ကျင်းပရန် စီစဉ်လျာထားခဲ့‌သော်လည်း အဆိုပါလမ်းပိုင်းတွင် မြန်မာစစ်တပ်နှင့် ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ) ရက်ရှည်တိုက်ပွဲ ဖြစ်ပွားခဲ့‌သော‌ကြောင့် မူလအစီအစဉ် ‌ပြောင်းလဲသွား ခြင်း ဖြစ်သည်။

အာရှလမ်းသစ်ဖွင့်ပွဲ‌နေ့တွင် နှစ်နိုင်ငံအစိုးရတာဝန်ရှိသူများက ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီ နယ်ခြား‌သောင်ရင်းမြစ်ကို ဖြတ်‌ကျော်တည်‌ဆောက်မည့် ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတားသစ် အုတ်မြစ်ချမဂင်္လာအခမ်းအနားကို တံတားတည် ‌ဆောက်မည့်‌နေရာတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

တံတားတည်‌ဆောက်မည့် အီတာလျှံ-ထိုင်း ကုမ္ပဏီမှဝန်ထမ်းတဦးက “ဒီလကုန်ပိုင်းမှာ အုတ်မြစ်ချပွဲ ပြုလုပ်မှာဖြစ်ပါတယ်။ အုတ်မြစ်ချပွဲကို ထိုင်းဘက်နဲ့ မြန်မာဘက်ခြမ်း‌တွေမှာ ပြုလုပ်ဘို့ရှိပြီး နှစ်နိုင်ငံလူကြီး‌တွေ တက်‌ရောက်ကြမယ်လို့ သိရတယ်”ဟု ‌ပြောဆိုသည်။

ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတားသစ် တည်‌ဆောက်‌ရေးကို ထိုင်းဘက်ခြမ်းတွင် အီတာလျှံ-ထိုင်းကုမ္ပဏီက တည်‌ဆောက် မည်ဖြစ်ပြီး မြန်မာဘက်ခြမ်းတွင် ထိုင်းနိုင်ငံမှ စီစယ်ကန်ယိုးထားကုမ္ပဏီက တည်‌ဆောက်မည်ဖြစ်သည်။

တံတားသစ်တည်‌ဆောက်မည့်‌နေရာမှာ ထိုင်းဘက်ခြမ်းတွင် လက်ရှိ ချစ်ကြည်‌ရေးတံတား‌မြောက်ဘက် ၅ကီလိုမီတာအကွာ၊ ဝမ်တခင်းရမ်းစီရင်စုရှိ အမှတ် ၇ရပ်ကွက်တွင်ဖြစ်ကာ မြန်မာဘက်တွင် မြဝတီမြို့နယ် အမှတ် ၅ရပ်ကွက်အပိုင် ‌ရေပူအရပ်တွင် တည်‌ဆောက်မည့် ‌ရေလယ်တိုင်မပါ‌သော နယ်ခြား‌သောင်ရင်းမြစ် ဖြတ်‌ကျော်တံတားဖြစ်သည်။

တံတားသစ်တည်‌ဆောက်‌ရေး အ‌နေအထားများနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ ပရာယွတ် ကျန်ထအိုးချား ဦး‌ဆောင်သည့် အစိုးရအဖွဲ့ဝင်များသည် ယခုလ ၂၄ရက်‌နေ့တွင် တံတားတည်‌ဆောက်မည့် ထိုင်းဘက်ခြမ်း‌နေ ရာသို့ လာ‌ရောက်‌လေ့လာမည်ဟု မဲ‌ဆောက်မြုနီစီပယ်ရုံးမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စတာဂျိုးက ‌ပြောဆိုသည်။

အဆိုပါတံတားသစ်ကို ထိုင်းနိုင်ငံဘက်မှ ထိုင်းဘတ်‌ငွေသန်း(၃၉၀၀) အကုန်ကျခံကာ တည်‌ဆောက်မည်ဖြစ်ပြီး မြဝတီ-‌ကော့ ကရိတ် အာရှလမ်းသစ်နှင့် ချိတ်ဆက်မည်ဖြစ်သည်။

လက်ရှိအသုံးပြု‌နေသည့် နှစ်နိုင်ငံချစ်ကြည်‌ရေးတံတားမှာ လွန်ခဲ့သည့် ၂၀၀၆ခုနှစ်က တံတားကြံ့ခိုင်မှု ဆိုးရွားစွာ ကျဆင်းခဲ့ ‌သော‌ကြောင့် ဒုတိယ‌မြောက် ချစ်ကြည်‌ရေးတံတား တည်‌ဆောက်မည့်စီမံကိန်း ဖြစ်‌ပေါ်လာခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံဘက်မှ ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်ကြီးများက ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်‌ရေး၏ အဓိကလမ်း‌ကြောဖြစ်သည့် မဲ‌ဆောက်-မြဝတီမှတဆင့် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်မှု ပမာဏမှာ တစ်လလျှင် ထိုင်းဘတ်‌ငွေသန်း သုံး‌ထောင်အထက်ရှိသည်ဟု နှစ်နိုင်ငံကုန်သွယ်မှု ကိန်းဂဏန်းများအရ သိရှိရ သည်။