Home သတင်း အစိုးရစစ်သည်သုံးဦး KNU နယ်‌မြေအတွင်း မိုင်းနင်းမိ

အစိုးရစစ်သည်သုံးဦး KNU နယ်‌မြေအတွင်း မိုင်းနင်းမိ

2228

ဩဂုတ် ၂၆ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်အမျိုးသားအစည်းအရုံး KNU ဘိတ်-ထားဝယ်ခရိုင်နယ်‌မြေအတွင်း ဩဂုတ်လ ၂၅ရက်‌နေ့က တိုင်းမှူးလမ်း‌ကြောင်းအ တွက် လမ်းလုံခြုံ‌ရေးယူ‌နေသည့် အစိုးရတပ်မှ တပ်ခွဲတပ်ကြပ်ကြီးတစ်ဦးနှင့် စစ်သည်နှစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိ သွား‌ကြောင်း နယ်စပ်မှလာ‌သော သတင်းများအရ သိရှိရသည်။

ဩဂုတ်လ ၂ဝရက်‌နေ့က ကမ်းရိုးတန်းစစ်ဌာနချုပ်(ကရခ)တိုင်းမှူး အသစ်အဖြစ် ‌ရောက်ရှိလာ‌သော ဗိုလ်မှူးချုပ်‌မောင်‌မောင်‌ဆွေ က ထားဝယ်မြို့နယ် ထီးခီးနယ်စပ်ရှိ တပ်များ၊ ဂိတ်များကို စစ်‌ဆေးရန်ရှိသည့်အတွက် ယင်းနယ်‌မြေအတွင်းရှိ အစိုးရတပ်ရင်း (၂)ရင်းမှ လမ်းလုံခြုံ‌ရေးယူ‌ပေး‌နေစဉ် ‌မေတ္တာမြို့နယ်ခွဲအတွင်းရှိ အိုင်ဝိုင်းရွာနှင့် ‌လော်‌အော်ရွာအကြားတွင် ယခုလိုဖြစ်ပွားခြင်း ဖြစ်သည်။

အဆိုပါသတင်းရရှိမှုအ‌ပေါ် ဘိတ်-ထားဝယ်ခရိုင် KNU ‌ကျေးရွာကာကွယ်‌ရေးတာဝန်ခံတစ်ဦးကို ဆက်သွယ်‌မေးမြန်းရာ ၎င်းက “ကျ‌နော်တို့ ကြားရသ‌လောက်က‌တော့ သူတို့‌တွေက လမ်း‌ဘေးမှာမ‌နေဘဲ ဟိုး‌တောင်‌ပေါ်အထိလိုက်တက်‌တော့ သွားနင်းမိတာ လို့ သိရတယ်။ တစ်‌ယောက်က ‌ခြေ‌ထောက်ပြတ်သွားတယ်လို့ပဲ ကြားတယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒဏ်ရာရရှိသွားသူမှာ ‌ရှေ့တန်း‌ခြေလျင်တပ်ရင်း (၁၀၆)တပ်ရင်းမှူး ဗိုလ်မှူး‌ကောင်းမင်းထွတ် လက်‌အောက်ခံစစ်‌ကြောင်း (၂)တပ် ခွဲ(၂)ရှိ ဗိုလ်ကြီးသန်းနိုင်ဦး ဦးစီးတပ်ခွဲ(၁)မှ တပ်ခွဲ တပ်ကြပ်ကြီးဖြစ်သူ စန်းနိုင်ဦးဖြစ်သည်ဟုသိရပြီး ၎င်းမှာ ဘယ်ဖက်‌ခြေကျင်း ဝတ် ပြတ်ထွက်ဒဏ်ရာရရှိသွားပြီး အခြားစစ်သည်နှစ်ဦးမှာလည်း မိုင်းစထိမှန်ဒဏ်ရာများရရှိသဖြင့် ထားဝယ်စစ်‌ဆေးရုံသို့ ပို့ ‌ဆောင်ကာ ကုသခံ‌နေရ‌ကြောင်း သိရသည်။

ယခုဖြစ်ပွားမှုမှာ KNU နယ်‌မြေအတွင်းဖြစ်သည်ဟု သိရ‌သော်လည်း ယခင်က အစိုးရတပ်နှင့် KNU တို့ နှစ်ဖက်တပ်များ လှုပ်ရှား သွားလာလျှက်ရှိသည့်အတွက် မည်သည့်ဘက်က ‌ထောင်ထားသည့်မိုင်းဖြစ်သည်ကို ‌ပြောဆို၍မရ‌ကြောင်းလည်း အဆိုပါ ‌ကျေး ရွာတာဝန်ခံက ‌ပြောသည်။

ယခင် ကမ်းရိုးတန်းစစ်ဌာနချုပ်(ကရခ)တိုင်းမှူးမှာ ဗိုလ်ချုပ်ခင်‌မောင်‌ဌေးဖြစ်ပြီး ဗိုလ်မှူးချုပ်‌မောင်‌မောင်‌ဆွေမှာ တိုင်းမှူးအသစ် တာဝန်ကို စတင် လွှဲ‌ပြောင်းရယူစဉ်အတွင်း ပထမဆုံးအကြိမ် လက်‌အောက်ခံတပ် အ‌ခြေအ‌နေများကို လိုက်လံစစ်‌ဆေးခြင်းဖြစ် သည်။