Home တွေ့ဆုံမေးမြန်းခန်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲ‌ရေးနှင့် ပတ်သက်ပြီး SD အဖွဲ့တွင်ပါဝင်‌သော ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲ‌ရေးနှင့် ပတ်သက်ပြီး SD အဖွဲ့တွင်ပါဝင်‌သော ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များနှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

1180

“အားလုံးပါဝင်‌ရေးကို အစိုးရက လက်မခံနိုင်ဘူးဆိုရင် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ပျက်သွားနိုင်တယ်”

ဩဂုတ်လ ၂၁ရက်မှ ၂၄ရက်‌နေ့ထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များ အစည်းအ‌ဝေး သို့ တက်‌ရောက်ခဲ့သည့် ‌ခေါင်း‌ဆောင်အချို့ကို ‌တွေ့ဆုံ‌မေးမြန်းထားတာ ဖြစ်ပါတယ်။

ပဒို‌နော်စီဖိုးရာစိန် (ဒုဥက္ကဋ္ဌ၊ ‌ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး)

DSC_0066
အခု ဩဂုတ်လ ၂၁ရက်က‌နေ ၂၄ရက်‌နေ့အထိ ပြုလုပ်သွားတဲ့ တိုင်းရင်းသား‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်‌တွေ အစည်းအ‌ဝေးမှာ ဘယ်လိုဆုံးဖြတ်ချက်ချခဲ့သလဲဆိုတာ ရှင်းပြ‌ပေးပါ။
အခု အစည်းအ‌ဝေးရဲ့ ဆုံးဖြတ်ချက်‌တွေက‌တော့ ကျန်‌သေးတဲ့ NCA ရဲ့ အချက်အလက်‌တွေကို အဆုံးသတ်ဖို့အတွက် တိုင်းရင်းသားအဖွဲ့ (၅)ဖွဲ့ဖြစ်တဲ့ KNU၊ MON၊ KNPP၊ KIO နဲ့ SSPP အဖွဲ့အပါအဝင် SD ‌ခေါင်း‌ဆောင် ၃ဦးပါ အဖွဲ့က‌နေပြီး မြန်မာ အစိုးရနဲ့ စစ်တပ်ဗိုလ်ချုပ်ကြီး‌တွေ‌တွေ့ပြီး‌တော့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးစာချုပ် လက်မှတ်ထိုးနိုင်‌ရေးအတွက် ကျန် ‌နေ‌သေးတဲ့ အချက်အလက်‌တွေကို ‌တွေ့ဆုံ‌ဆွေး‌နွေးသွားမယ်လို ့ဆုံးဖြတ်ခဲ့ပါတယ်။
Aug 21-24_III
NCA မှာ ကျန်‌နေတဲ့အချက်က ဘာ‌တွေဖြစ်တယ်ဆိုတာရယ်၊ ဘာ‌တွေ‌ဆွေး‌နွေးဖို့ ရှိလဲဆိုတာရယ် ‌ပြောပြ‌ပေးပါ။
အဲ့ဒီ ကိုယ်စားလှယ်အဖွဲ့က သွား‌ရောက် ‌ဆွေး‌နွေးမယ့်အ‌ကြောင်းအရာ‌တွေက‌တော့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲ ‌ရေး လက်မှတ်ထိုးတဲ့‌နေရာမှာ တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့‌တွေ အားလုံး ပါဝင်လက်မှတ်ထိုးဖို့ဆိုတဲ့ ကျန် ‌နေ‌သေးတဲ့အချက်ကို ‌ဆွေး‌နွေးမှာပါ။ အားလုံးပါဝင်ဖို့အတွက် ဒါမှမဟုတ် ပါဝင်နိုင်ဖို့ နည်းလမ်းကို ‌ပြောဆို‌ဆွေး‌နွေးသွားမှာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းက တိုင်းရင်းသားအဖွဲ့အစည်းတစ်ချို့ လက်မှတ်အရင်ထိုးမယ်ဆိုပြီး ထုတ်‌ဖော်‌ပြောဆိုလာတာ‌တွေ ရှိပါတယ်။ ဒီအ ‌ပေါ် အခုအစည်းအ‌ဝေးမှာ ဘယ်လို‌ဆွေး‌နွေး ဆုံးဖြတ်ခဲ့တယ်ဆိုတာ ရှင်းပြ‌ပေးပါဦး။
အခု ဒီအစည်းအ‌ဝေးမှာ ဘယ်အဖွဲ့က လက်မှတ်အရင်ထိုးမယ်ဆိုတာကို ဘယ်အဖွဲ့အတွက်ကိုမှ မဆုံးဖြတ်ခဲ့ကြဘူး။ ဒီ NCA စာချုပ်ကို လက်ခံတယ်ဆိုတဲ့အ‌ပေါ်မှာလည်း မူတည်တယ်‌လေ။ ဒါ‌ကြောင့်မို့ အားလုံး အဆင်‌ပြေ‌ချော‌မွေ့သွားပြီဆိုမှ ‌နောက်တဆင့်ကို ဆက်သွားမှာ ဖြစ်ပါတယ်။ ဒါ‌ပေမယ့် အရင်သွားပြီး လက်မှတ်ထိုးမယ်ဆိုပြီး လုပ်‌ဆောင်မယ့် တိုင်းရင်းသားအ ဖွဲ့ တစ်ဖွဲ့မှ မရှိဘူး။

ဒီအစည်းအ‌ဝေးက ‌နောက်ဆုံးအကြိမ်ပဲလို့ ကြားသိထားတယ်။ ဒီကိစ္စနဲ ့ပတ်သက်ပြီး ဘာ‌တွေ ဆုံးဖြတ်ထားသလဲ။
ကျမအ‌နေနဲ့က‌တော့ အစိုးရက ကျမတို့ တိုင်းရင်းသား ‌တော်လှန်‌ရေးအဖွဲ့‌တွေ ‌ပြောဆို‌ဆွေး‌နွေးခဲ့တဲ့ တစ်နိုင်ငံလုံးဆိုင် ရာ အပစ်ခတ်ရပ်စဲ‌ရေး အချက်အလက်ကို လက်ခံခဲ့မယ်ဆိုရင် ‌နောက်ဆုံးအကြိမ်ဖြစ်မှာပါလို့ပဲ ‌ပြောချင်တယ်။

ပဒို‌စောကွယ်ထူးဝင်း (အ‌ထွေ‌ထွေအတွင်း‌ရေးမှူး၊ ‌ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး)

DSC_0254
အခု အစည်းအ‌ဝေး အ‌ခြေအ‌နေကို ရှင်းပြ‌ပေးပါဦး။
ဒီအစည်းအ‌ဝေးမှာ တိုင်းရင်းသားအဖွဲ့ ၁၇ဖွဲ့ထဲက အဖွဲ့ ၅ဖွဲ့ရဲ့ ‌ခေါင်း‌ဆောင်‌တွေကိုသွားပြီး ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ ‌ရွေးချယ် ခဲ့တယ်။ ဒီတခါ ‌တွေ့ဆုံမယ့်အကြိမ်ထဲမှာ အဆုံးသတ် ‌တွေ့ဆုံဖို့အတွက် မဟုတ်ဘူးဆိုရင် ‌ရှေ့ဆက် ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ မဖြစ်နိုင် ဘူး။ ပြီးဆုံး‌အောင် မလုပ်‌ဆောင်နိုင်ဘူးဆိုရင် ‌ရှေ့ဆက် ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ လမ်းမရှိ‌တော့ဘူး‌လေ။ ပစ်ခတ်ရပ်စဲ‌ရေးလည်း ဖြစ်ဖို့ အလားအလာ မရှိ‌တော့ဘူး။ ဖြစ်မယ်ဆိုရင်‌တောင်မှ တခြားနည်းလမ်း‌တွေနဲ့ပဲ ဖြစ်‌တော့မှာပါ။ အဖွဲ့တစ်ဖွဲ့စီရဲ့ စီရင်ဆုံးဖြတ်တဲ့ အတိုင်းပဲဖြစ်‌တော့မှာပါ။ အဖွဲ့‌တွေအများကြီး ပူး‌ပေါင်းလုပ်‌ဆောင်ဖို့က‌တော့ ဖြစ်နိုင်‌တော့မှာမဟုတ်ဘူး။ ဒါ‌ကြောင့်မို့ ဒီတခါသွား တဲ့ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုက တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲ‌ရေးစာချုပ်နဲ့ ပတ်သက်ပြီး အပြီးသတ် ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်း ဖြစ်ပါတယ်။

အခု အဖွဲ့ကို ဘယ်လိုတာဝန်နဲ့ ဆုံးဖြတ်ပိုင်ခွင့်အာဏာ‌တွေကို ကိုယ်စားပြု‌ပေးခဲ့ပါသလဲ။
ဒါနဲ့ ပတ်သက်ပြီး‌ပြောရမယ်ဆိုရင် တာဝန်အရက‌တော့ သွား‌တွေ့ဆုံ‌ဆွေး‌နွေးရမယ့်အချက်က အဖွဲ့အစည်းအားလုံး ပါဝင်လို့မရတဲ့အဆုံးမှာ ကျန်‌နေတဲ့အဖွဲ့‌တွေက ဘယ်လိုနည်းလမ်းနဲ့ ပါဝင်နိုင်မလဲ။ သူတို့ရဲ့ နိုင်ငံ‌ရေးအာမခံချက်အတွက် ဘယ် လိုပါဝင်နိုင်မလဲ။ စစ်တပ်ပိုင်းဆိုင်ရာ အာမခံချက် ဘယ်လိုရှိနိုင်မလဲ ဆိုတာ‌တွေကို ‌ပြောဆို‌ဆွေး‌နွေးသွားမှာ ဖြစ်ပါတယ်။
Aug 21-24_I
NCA မှာ အားလုံးပါဝင်နိုင်‌ရေးအတွက် အခု အစည်းအ‌ဝေးက ဘယ်လိုဆုံးဖြတ်ခဲ့ပါသလဲ။
အခုက အားလုံးပါဝင်နိုင်ဖို့ အရင်ဆုံး‌ဆွေး‌နွေးမယ်။ ပါဝင်ဖို့ မဖြစ်နိုင်ဘူးဆိုတဲ့အဆုံးမှာ ပါဝင်နိုင်သူ‌တွေ အရင် ပါဝင် ‌ဆောင်ရွက်နှင့်မယ်။ မပါဝင်နိုင်တဲ့ အဖွဲ့‌တွေအ‌နေနဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာ ဘယ်နည်းလမ်းနဲ့ ပါဝင်နိုင်မှာလဲ။ စစ်တပ်ပိုင်း ဆိုင်ရာ အာမခံချက် ဘယ်လိုရှိမလဲ။ တစ်ဆင့်ချင်းစီ အဆင့်တိုင်းမှာ သူတို့ ဘယ်လိုပါဝင်နိုင်မလဲ၊ ဆိုတာ‌တွေကို သွား‌တွေ့ဆုံ ‌ဆွေး‌နွေးသွားမှာပါ။ အဲ့လို ဆုံးဖြတ်ထားပါတယ်။

အခု အပစ်ရပ်စာချုပ် အစိုးရနဲ့ လက်မှတ်ထိုးဖို ့‌နောက်ဆုံးအ‌ခြေအ‌နေက ဘယ်လိုရှိသလဲ၊ ဖြည့်စွက်‌ပြော‌ပေးပါဦး။
အခုက အားလုံးပါဝင်ရမယ်ဆိုတာကို အ‌သေကိုင်ထားမယ်ဆိုရင်‌တော့ မြန်မာအစိုးရက လက်မခံနိုင်ဘူးဆိုရင် ‌တွေ့ဆုံ ‌ဆွေး‌နွေး‌ရေး ပျက်စီးသွားနိုင်တယ်။ အဲဒီအခါမှာ အစိုးရက တစ်ဖွဲ့ချင်းစီကို အပစ်အခတ်ရပ်စဲ‌ရေးလုပ်ဖို့ ဖိတ်‌ခေါ်ပါလိမ့်မယ်။ အဲဒီမှာ အဖွဲ့တစ်ဖွဲ့ချင်းစီက စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ အဖွဲ့တစ်ဖွဲ့ချင်းစီက စီရင်ဆုံးဖြတ်လိုက်မယ်ဆိုရင် တိုင်းရင်းသား ‌တွေရဲ့ ပူး‌ပေါင်း‌ဆောင်ရွက်ထားတာ‌တွေ အကုန်လုံး ယိုယွင်းပျက်စီးသွားလိမ့်မယ်။ ‌နောက်ထပ်တစ်ခါ အသစ် ထပ်မံ လုပ် ‌ဆောင်မယ်ဆိုတာ မ‌ကောင်း‌တော့ဘူး။ ဒါ‌ကြောင့်မို့ ကျ‌နော်တို့ရဲ့အမြင်က အစိုးရ လက်ခံနိုင်တာ‌တွေနဲ့ စတင်ခဲ့တယ်။ အားလုံး (ကျန်အဖွဲ့)က သူတို့ရဲ့ အ‌ခြေအ‌နေနဲ့ သင့်‌တော်တဲ့ တစ်ဆင့်ချင်းစီမှာ ပါဝင်နိုင်‌အောင် စတင်ခဲ့တာ ဖြစ်ပါတယ်။