Home သတင်း စစ်‌ဘေး‌ရှောင်ချိန် ရွာသားများပိုင်ဆိုင်ရာပစ္စည်းများ ‌ပျောက်ဆုံးမှုရှိ‌နေ

စစ်‌ဘေး‌ရှောင်ချိန် ရွာသားများပိုင်ဆိုင်ရာပစ္စည်းများ ‌ပျောက်ဆုံးမှုရှိ‌နေ

2245
(‌ကောင်းမှု‌ကျေးရွာမှ ရွာသားများ၏ အိမ်‌မွေးနွားများ)

ဩဂုတ် ၆ရက်၊ ၂၀၁၅ခုနှစ်။ (‌ကေအိုင်စီ)

ပြီးခဲ့သည့် ဇူလိုင်လဆန်းက ဖြစ်ပွားခဲ့‌သော အစိုးရတပ်မ‌တော်နှင့် နယ်ခြား‌စောင့်တပ်(BGF) ပူး‌ပေါင်းတပ်ဖွဲ့နှင့် ဒီမိုက‌ရေစီအ ကျိုးပြုတပ်မ‌တော်(DKBA)တို့အကြား တိုက်ပွဲများ‌ကြောင့် ‌ရှောင်တိမ်း‌နေရသည့် ‌ကော့ကရိတ်မြို့နယ်ရှိ ‌ကောင်းမှု‌ကျေးရွာသား များမှာ ၎င်းတို့၏ ပိုင်ဆိုင်ရာ ပစ္စည်းဥစ္စာများ ‌ပျောက်ဆုံးမှုများရှိခဲ့‌ကြောင်း ‌ပြောဆိုသည်။

အဆိုပါတိုက်ပွဲ‌ကြောင့် ဇူလိုင်လ ၂ရက်‌နေ့မှစ၍ ဩဂုတ်လဆန်းအထိ ရွာသားများမှာ တစ်လကြာ စစ်‌ဘေးတိမ်း‌ရှောင်‌နေစဉ် ကာလအတွင်း ဆန်ကြိတ်စက်၊ မီးစက်၊ ဆိုင်ကယ်၊ ဆိုလာပြား၊ အိုးခွက်ပန်းကန်များအပြင် အိမ်‌မွေးတိရစ္ဆာန်များဖြစ်‌သော နွား၊ ဆိတ်နှင့် ကြက် ‌ကောင်‌ရေများစွာ ‌ပျောက်ဆုံးခဲ့ရသည်ဟု ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးဖြစ်သူ ‌စောဒိ‌ကော်ကူးက ‌ကေအိုင်စီသို့ ‌ပြော သည်။

“ဘုန်းကြီး‌ကျောင်းက မီးစက် ၂လုံး၊ အခြားပစ္စည်းနဲ့ အိုးခွက်ပန်းကန်‌တွေ အကုန်လုံး‌ပျောက်သွားတယ်။ ရွာမှာကျ‌တော့ ဆန် စက် ၁လုံး‌ပျောက်တယ်။ စတင်းစက်အများကြီး ‌ပျောက်တယ်။ ဆိုင်ကယ် ၈စီး၊ သူများစားသွားတဲ့ နွားက ၅‌ကောင်ပဲသိတယ်။ ရွာသား‌တွေ တင်ပြလာတာက နွား ၁၀‌ကောင်‌လောက် ‌ပျောက်တယ်။ လက်နက်ကြီးကျည် ထိမှန်တာက ၇‌ကောင်။ အဲသ‌လောက်ပဲ ကျ‌နော်‌ပြောတတ်တယ်။”ဟု ‌ပြောသည်။

ယခုရက်ပိုင်းအတွင်း ပစ်ခတ်မှုများ မရှိ‌တော့သဖြင့် အိမ်‌ထောင်စု ၁ဝစု‌ကျော်သည် ၎င်းတို့ ‌နေအိမ်သို့ ပြန်လည် အ‌ခြေချ ‌နေထိုင်ကြပြီဖြစ်‌သော်လည်း လုပ်ကိုင်စား‌သောက်ရန် လယ်ယာများအားလုံး ယခုနှစ်တွင် ပြန်လည်လုပ်ကိုင်၍ မရ‌တော့သဖြင့် ရွာသားများ ဘဝရပ်တည်ရှင်သန်နိုင်‌ရေးအတွက် ‌ထောက်ပံ့မှုအကူအညီများအ‌ပေါ်၌သာ ‌မျှော်လင့်‌နေရ‌ကြောင်း ၎င်းရွာသူကြီးကဆက်‌ပြောသည်။

နွား‌ပျောက်ဆုံးခဲ့သူ ရွာသားတစ်ဦးက“‌ပျောက်သွားတဲ့ ကျ‌နော့်နွားက အဝါ‌ရောင်၊ တစ်ညနှစ်ညရှိပြီး ရှာတာ မ‌တွေ့ဘူး။ ဟိုးမှာ (လက်ညိုးထိုးလျှက်) သူများ‌ပေါ်(သတ်)တာ။ အ‌မွှေးကြည့်တာ တူတယ် ဒီနွား။၊ ပြီး‌တော့ ဦး‌ခေါင်းကြည့်လိုက်တယ်။ တူတယ် ဒီနွား။ နွားက နွားသိုးကြီး‌လေ။ ဘယ်သူစားသလဲ‌တော့ ဘယ်သိမလဲ။ ကိုယ်မှမ‌တွေ့တာ”ဟု ‌ပြောသည်။

(‌ကောင်းမှု‌ကျေးရွာမှ ရွာသားများ၏ အိမ်‌မွေးနွားများ)
(‌ကောင်းမှု‌ကျေးရွာမှ ရွာသားများ၏ အိမ်‌မွေးနွားများ)

ယခုကိစ္စအ‌ပေါ် နယ်‌မြေခံ BGF တပ်မှူးတစ်ဦးက“(တိုက်ပွဲ)ဖြစ်ဖြစ်ချင်း‌တော့ ‌တွေ့တာ အကုန်စား၊ အကုန်ယူပဲ။ ကျ‌နော်တို့က ‌နောက်မှ‌ရောက်တာ၊ ‌ရောက်‌တော့ ဘာမှမ‌တွေ့‌တော့ဘူး။ သူတို့(အစိုးရစစ်တပ်)က ဒီလူ‌တွေဟာ DKBA နဲ့ မကင်းတဲ့သူ‌တွေလို့ ထင်ကြမယ်ထင်တယ်။ လူထု‌တွေ ဒီလိုဖြစ်‌တော့ ကျ‌နော်တို့လည်း ခံစားလို့မ‌ကောင်းဘူး‌ပေါ့။ တတ်နိုင်သ‌လောက် ကူညီ‌ပေး တယ်။ အထက်မှာ ကျ‌နော်တို့‌ခေါင်း‌ဆောင်‌တွေ ရှိပါတယ်။ ကျ‌နော်တို့တင်ပြမယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဇူလိုင်လ ၂ရက်‌နေ့မှစ၍ အစိုးရတပ်မ‌တော်နှင့် DKBA တို့အကြား တိုက်ပွဲဖြစ်ပွားမှု‌ကြောင့် ‌ကောင်းမှု၊ ‌ဇော်ဟဲ‌ကျေးရွာ အပါအ ဝင် ရွာ‌ပေါင်း ၆ရွာမှ ရွာသူရွာသားများမှာ နီးစပ်ရာ ‌ကျေးရွာများ၌ စစ်‌ဘေးတိမ်း‌ရှောင်‌နေရပြီး အလားတူ တိမ်း‌ရှောင်‌နေကြသည့် အခြား‌ကျေးရွာများမှ ရွာသားများ၏ ပိုင်ဆိုင်ရာပစ္စည်းများ ‌ပျောက်ဆုံးမှုများရှိခဲ့‌သော်လည်း ‌ကောင်းမှုရွာသည် အဆိုးရွားဆုံးဖြစ် သည်ဟု ၎င်းရွာသားများကို အကူအညီ‌ပေး‌နေသူတစ်ဦးက ‌ပြောသည်။

ယခုအချိန်တွင် ရွာသားအများစုမှာ မိမိတို့‌ကျေးရွာများသို့ ပြန်လည်‌နေထိုင်ကြပြီဖြစ်‌သော်လည်း လှိုင်စိမ်း‌ကျေးရွာ၌ ယာယီ ခိုလှုံ ‌နေကြ‌သော ‌ကောင်းမှုနှင့် ပျားပင်ကွင်းရွာသားအချို့မှာ ဆက်လက် ‌ရှောင်တိမ်း‌နေရဆဲဖြစ်သည်။ ‌ကောင်းမှု‌ကျေးရွာသည် ‌ကော့ ကရိတ်မြို့ အ‌ရှေ့ဘက် ၇မိုင်အကွာ၌ရှိပြီး DKBA အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံရ‌သော ဗိုလ်မှူးချုပ်‌စော‌ကျော်သက် ဦး‌ဆောင်သည့် တပ်ဖွဲ့ဝင်များ၏ အ‌ခြေချ‌နေရာဖြစ်ပြီး တိုက်ပွဲမဖြစ်ခင်က အိမ်‌ထောင်စု ၂၈စုမှ လူဦး‌ရေ ၁၈ဝဦး‌ကျော်ရှိ‌ကြောင်း သိရသည်။

အဆိုပါ‌ကောင်းမှု‌ကျေးရွာ အဝင်‌ပေါက်နှင့် ရွာအပြင်ဘက်ပတ်လည်၌ အစိုးရတပ်မ‌တော် စစ်ဆင်ကွပ်ကဲမှုဋ္ဌာနချုပ် စကခ(၁၂) လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း-ခလရ(၂၈)တပ်ဖွဲ့ဝင်များ အ‌ခြေချလှုပ်ရှားလျှက်ရှိသလို ‌ကျေးရွာထဲ၌လည်း နယ်ခြား‌စောင့် တပ် (၁၀၁၈)၊ (၁၀၁၇)တပ်ဖွဲ့ဝင်များ စခန်းချထားလျှက်ရှိသည်။