Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်‌ရေးဆွဲရာတွင် နိုင်ငံ‌ရေးပြဿနာ ‌ပြေလည်‌ရေး အဓိကထားရန် UNA ‌ပြော

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်‌ရေးဆွဲရာတွင် နိုင်ငံ‌ရေးပြဿနာ ‌ပြေလည်‌ရေး အဓိကထားရန် UNA ‌ပြော

1594

ဧပြီ ၁ဝ ရက်၊ ၂၀၁၅ ခုနှစ်။ ‌စောထွန်းလင်း

နိုင်ငံ‌ရေး‌ဆွေးပွဲအတွက် မူ‌ဘောင်‌ရေးဆွဲရာတွင် မိမိပါတီ အဖွဲ့အစည်းအသာရ‌ရေးထက် နိုင်ငံ‌ရေး ပြဿနာ ‌ပြေလည်‌ရေးအ‌ပေါ် အဓိကထား‌ရေးဆွဲကြရန်လိုသည်ဟု ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) သဘာပတိအဖွဲ့ဝင် ဦး‌အေးသာ‌အောင်က ‌ကေအိုင်စီသို့ ယမန်‌နေ့က ‌ပြောဆိုလိုက်သည်။

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရတို့အကြား မတ်လ ၃၁ ရက်‌နေ့က တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်ရပ်စာချုပ်(NCA) လက်မှတ်ထိုးပြီး‌နောက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများပြုလုပ်ရန်အတွက် ‌ဆွေး‌နွေးပွဲ မူ‌ဘောင်ချမှတ်ရန် လက်ရှိ တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များ၊ အစိုးရနှင့် နိုင်ငံ‌ရေးပါတီများက နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲမူ‌ဘောင်များ ‌ရေးဆွဲ‌နေသည်နှင့်အမျှ UNA က ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပြည်တွင်းငြိမ်းချမ်း‌ရေးက အပစ်အခတ်ရပ်စဲရုံနဲ ့‌ရေရှည်တည်တံ့ခိုင်မြဲမှာ မဟုတ်ဘူး။ အဓိကပြဿနာဖြစ်တဲ့ တိုင်းရင်းသား‌တွေရဲ့ နိုင်ငံ‌ရေးတန်းတူအခွင့်အ‌ရေး၊ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု ထူ‌ထောင်‌ရေးဆိုတဲ့ နိုင်ငံ‌ရေးအ‌ခြေခံ‌ပေါ်မှာ ‌ဆွေး‌နွေးအ‌ဖြေရှာရမှာဖြစ်တဲ့အတွက် နိုင်ငံ‌ရေးမူ‌ဘောင်‌ရေးဆွဲဖို ့ ကြိုးပမ်းတဲ့အခါမှာ ကိုယ့်အဖွဲ့အစည်း အသာစီးရဖို့၊ နိုင်ငံ‌ရေးအရအသာရဖို့ အဖွဲ့များများနဲ့ လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်‌တွေနဲ့ မ‌ရေးဆွဲသင့်ဘူး။ အဓိက ပြဿနာ‌ပြေလည်ဖို့ကို ရည်ရွယ်ပြီး‌ရေးဆွဲသင့်တယ်”ဟု ဦး‌အေးသာ‌အောင်က ‌ပြောသည်။

UNA အ‌နေဖြင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်ကြမ်း တစ်‌စောင်ကို ‌ရေးဆွဲပြီးဖြစ်ကာ အဆိုပါ မူ‌ဘောင်ကြမ်းကို UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များ၊ နိုင်ငံ‌ရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများ လာမည့် ‌မေလ အတွင်း‌တွေ့ဆုံ‌ဆွေး‌နွေး အတည်ပြုသွားရန် ရှိသည်ဟု ဦး‌အေးသာ‌အောင်က ဆက်‌ပြောသည်။

အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီ ‌ခေါင်း‌ဆောင် ဦးခင်‌မောင်‌ဆွေကလည်း နိုင်ငံ‌ရေးပါတီ ၅၆ ခုက နိုင်ငံ‌ရေး ‌ဆွေး‌နွေးမှု မူ‌ဘောင်ကြမ်းတစ်‌စောင် ပြုစုရန် ၁၅ ဦးပါ ဦး‌ဆောင် ‌ကော်မတီကို ဖွဲ့စည်းပြီး လက်ရှိ မူ‌ဘောင်ကြမ်း တစ်‌စောင်ကို လွန်ခဲ့သည့် ၂ လခန့်ကတည်းက ပြုစုပြီးဖြစ်သည်ဟု ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ ၅၆ ပါတီက မူ‌ဘောင်တစ်ခု‌ရေးဆွဲပြီးသွားပြီး၊ တစ်ခါ နိုင်ငံ‌တော်အစိုးရနဲ့ တိုင်းရင်းသားလက်နက် ကိုင်‌တွေကလည်း ‌ရေးဆွဲမှာရှိတယ်။ ၅၆ ပါတီမှာ မပါတဲ့ ပါတီ‌တွေလည်း ‌ရေးဆွဲဦးမယ်။ အဲဒါ‌တွေ အားလုံးစုပြီး မူ‌ဘောင်တစ်ခုထဲဖြစ်‌အောင်လုပ်ပြီးမှ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကိုသွားလို့ရမှာ။ ဒါ‌ကြောင့် နိုင်ငံ‌တော်အဆင့် ညှိနှိုင်း ‌ရေး‌ကော်မတီတစ်ခုဖွဲ့ပြီး‌တော့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအတွက် မူ‌ဘောင်ကို အပြီးသတ်ဖို့ လိုတယ်လို့ ကျ‌နော် တင်ပြထားတယ်”ဟု ဦးခင်‌မောင်‌ဆွေက ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များနှင့် အစိုးရတို့သည် NCA လက်မှတ်ထိုးပြီး‌နောက် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ရက် ၉ဝ အတွင်း ပြုလုပ်မည်ဖြစ်သလို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ မတိုင်ခင် နိုင်ငံ‌ရေး‌ဆွေး‌နွေး ပွဲအတွက် မူ‌ဘောင်တစ်‌စောင်ရရှိရန် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့များ၊ အစိုးရနှင့် နိုင်ငံ‌ရေးပါတီ စသည့် သက်ဆိုင်ရာအဖွဲ့အစည်းများက နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမူ‌ဘောင်ကြမ်းများ ပြုစု‌ရေးဆွဲလျှက်ရှိ‌ကြောင်း သိရသည်။

UNA ကို ၂၀၀၂ခုနှစ်၌ ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ကချင်အမျိုးသား ဒီမိုက‌ရေစီကွန်ဂရက်၊ ကရင်အမျိုးသား ပါတီ၊ ကယန်းအမျိုးသားပါတီ၊ မွန်အမျိုးသားပါတီ၊ ဇိုမီးအမျိုးသားဒီမိုက‌ရေစီပါတီ၊ ရှမ်း(သျှမ်း)တိုင်းရင်းသားများ ဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုက‌ရေစီအဖွဲ့ချုပ် စသည့် တိုင်းရင်းသားပါတီများ ပါဝင်လျှက်ရှိသည်ဟု သိရသည်။