Home သတင်း သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်အားလုံး ပါဝင်သည့် အစည်းအ‌ဝေး ဒီ‌ကေဘီ‌အေ ကျင်းပ

သက်ဆိုင်ရာ ‌ခေါင်း‌ဆောင်အားလုံး ပါဝင်သည့် အစည်းအ‌ဝေး ဒီ‌ကေဘီ‌အေ ကျင်းပ

2190
ဧပြီ ၇ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

သက်ဆိုင်ရာ‌ခေါင်း‌ဆောင် အားလုံးပါဝင်သည့် အစည်းအ‌ဝေးတစ်ရပ်ကို ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)က ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ကောင်းမှု‌ကျေးရွာတွင် ယ‌နေ့ စတင်ကျင်းပလျှက်ရှိသည်ဟု ၎င်းအဖွဲ့၏ တတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူး စမင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “မ‌နေ့က အကြို‌ဆွေး‌နွေးပွဲ လုပ်ပြီး‌တော့ ဒီ‌နေ့ အားလုံးပါဝင်တဲ့ အစည်းအ‌ဝေးကို စတင်‌နေပြီ။ ဘယ်နှစ်ရက်အထိ ပြုလုပ်မလဲဆိုတာက‌တော့ ‌ပြောလို့ မရ‌သေးဘူး‌ပေါ့‌နော်။ အစည်းအ‌ဝေးလုပ်တာက လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေနဲ့ အဖွဲ့အစည်းရဲ့ အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးဖို့ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခင် မတ်လ ၃ဝရက်‌နေ့က ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှု လုပ်ငန်း‌ကော်မတီ (UPWC)နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးဆိုင်ရာ ညှိနှိုင်း‌ရေးအဖွဲ့(NCCT)တို့ကြား လက်မှတ်‌ရေးထိုးခဲ့‌သော တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးစာချုပ်(NCA) ‌နောက်ဆက်တွဲအ‌ခြေအ‌နေ၊ ဒီ‌ကေဘီ‌အေအဖွဲ့အစည်း၏ တပ်ဖွဲ့ စည်းပုံ ဆိုင်ရာကိစ္စရပ်များကို အစည်းအ‌ဝေးတွင် ‌ဆွေး‌နွေးကြမည်ဟုလည်း ဗိုလ်မှူး စမင်းက ဆက်‌ပြောသည်။

အဆိုပါ ဒီ‌ကေဘီ‌အေ ‌ခေါင်း‌ဆောင်များ အစည်းအ‌ဝေးသို့ ဒီ‌ကေဘီ‌အေ ဗဟိုဌာနချုပ်မှ ထိပ်ပိုင်း ‌ခေါင်း‌ဆောင်များ၊ ကလို့ထူးဝါး တပ်မဟာ၊ ကလို့ထူးလား တပ်မဟာတို့မှ တပ်မှူးများနှင့် တပ်ရင်း အသီးသီးတို့မှ တပ်မှူးတို့ တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်ဟု ဒီ‌ကေဘီ‌အေက ဆိုသည်။

ဒီ‌ကေဘီ‌အေအဖွဲ့ ထိန်းချုပ်ရာနယ်‌မြေရှိ ‌ဒေသခံ ရွာသားတစ်ဦးဖြစ်သူ ‌စောရန်မျိုးနိုင်က “ဒီအစည်းအ‌ဝေး က‌နေတဆင့် ပြည်သူ‌တွေ အကျိုးရှိ‌စေမယ့် ‌ကောင်းမွန်တဲ့ ဖွဲ့စည်းပုံ၊ မူတစ်ခုခု ချမှတ်‌ပေးနိုင်ဖို့ ‌မျှော်လင့်ပါ တယ်။ အဲသလို ချမှတ်နိုင်ရင် ကျ‌နော်တို့ ပြည်သူ‌တွေအ‌နေနဲ့ ဝမ်း‌မြောက်ဝမ်းသာ ကြိုဆိုသွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒီ‌ကေဘီ‌အေသည် ၁၉၉၄ခုနှစ်၌ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)မှ ခွဲထွက်ပြီး အစိုးရနှင့် ၁၅နှစ် ‌ကျော်ကြာ ပူး‌ပေါင်းခဲ့ရာ အများစုသည် ၂၀၁ဝခုနှစ်တွင် နယ်ခြား‌စောင့်တပ်အဖြစ်သို့ ကူး‌ပြောင်း သွား‌သော် လည်း ဗိုလ်ချုပ်ကြီး ‌စောလားပွယ် ဦး‌ဆောင်သည့် ကလိုထူး‌ဘောအဖွဲ့က အစိုးရကို ပြန်လည်တိုက်ခိုက်ရာ ၁နှစ်နီးပါးခန့်တွင် ပဏာမ အပစ်အခတ်ရပ်စဲ‌ရေးသ‌ဘောတူညီမှု ရယူခဲ့သည်။