Home သတင်း KNLA တပ်ကြပ်ကြီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွား

KNLA တပ်ကြပ်ကြီးတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်သွား

1658

ဧပြီ ၂၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ပဲခူးတိုင်း‌ဒေသကြီးရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ထိန်းချုပ်နယ်‌မြေ တပ်မဟာ(၃)၊ ‌ရွှေကျင်မြို့နယ်တွင် ဧပြီလ ၁၇ရက်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း(၇)မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး မိမိကိုယ်ကို အဆုံးစီရင်မှုတစ်ခု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

‌သေဆုံးသွားသူမှာ တပ်ကြပ်ကြီးအဆင့်ရှိသူ အသက် (၄၂)နှစ်အရွယ် ‌စော‌မော‌စောဖြစ်ပြီး ထို‌နေ့ နံနက် ၁ဝနာရီခန့်က စယ် ‌သောခီးရွာ‌ဟောင်းအနီးရှိ ၎င်းအလုပ်လုပ်‌နေကျ ‌တောင်ယာထဲတွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ခြင်းဖြစ်‌ကြောင်း ‌ကေအဲန်ယူ ‌ညောင်‌လေးပင်ခရိုင်၊ ‌ရွှေကျင်မြို့နယ် ဥက္ကဌ ‌စောဝါး‌ရေတိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောဝါး‌ရေတိုးက “သူ့လုပ်‌ဖော်ကိုင်ဖက်‌တွေ ‌ပြောပြချက်အရ အရင်ကလည်း သူ (၂)ခါ‌လောက် အဲလိုလုပ်ဖူး‌ပြောတယ်။ ‌ဘေး နားက သူ့မိန်းမလည်း တားချိန်မရလိုက်ဘူး။ အခုက ကိုယ့်ကိုယ်ကို ကာဘိုင်နဲ့ ပြန်ပစ်သတ်တာ”ဟု ‌ပြောဆိုသည်။

၎င်းတပ်ကြပ်ကြီး၏ ဈာပနကို ဧပြီလ ၂၃ ရက်‌နေ့တွင် ၎င်း၏ တပ်ရင်းမှူးဖြစ်သူ ဒုဗိုလ်မှူးကြီး‌စောလားဖိုးမှ အမိန့်စာပြန်ခြင်းနှင့် ဘုရားဝတ်ပြုရှိခိုးခြင်း အစီအစဉ်များဖြင့် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

‌သေဆုံးသွားသူ တပ်ကြပ်ကြီး‌စော‌မော‌စောသည် KNLA တွင် နှစ် (၂၀)‌ကျော်ကြာ တာဝန်ထမ်း‌ဆောင်ခဲ့သူဖြစ်ပြီး ‌သေဆုံးချိန် တွင် ဇနီးနှင့် သားသမီး (၇)ဦး ကျန်ရစ်ခဲ့သည်။