Home သတင်း သတ္တုစမ်းသပ်တူး‌ဖော်‌ရေးခွင့်ပြုမှု ပွင့်လင်းမှုမရှိဟု ‌ဒေသဖွံ့ဖြိုး‌စောင့်ကြည့်‌ရေးအဖွဲ့ ‌ပြော

သတ္တုစမ်းသပ်တူး‌ဖော်‌ရေးခွင့်ပြုမှု ပွင့်လင်းမှုမရှိဟု ‌ဒေသဖွံ့ဖြိုး‌စောင့်ကြည့်‌ရေးအဖွဲ့ ‌ပြော

1424

ဧပြီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ပဲခူးတိုင်း‌ဒေသကြီး ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ် စလဲ‌ကျေးရွာအုပ်စု၊ ‌နော်ပယ်‌ကျေးရွာအနီး ‌တောင်‌ပေါ်‌ဒေသ၌ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)နှင့် အစိုးရတို့၏ ခွင့်ပြုချက်ဖြင့် ရတနာစိုင်း‌ကောင်းမြတ်‌ကျော်ကုမ္ပဏီက သတ္တုစမ်း သပ်တူး‌ဖော်‌ရေးလုပ်ကိုင်ခြင်းမှာ ‌ဒေသခံများအ‌ပေါ် ပွင့်လင်းမြင်သာမှုမရှိဟု ‌ဒေသဖွံ့ဖြိုး‌စောင့်ကြည့်‌ရေးအဖွဲ့က ‌ပြောဆိုလိုက်သည်။

ယင်းခွင့်ပြုချက်ကို ‌ကေအဲန်ယူက ယခင်နှစ် ဧပြီလ၌လည်း‌ကောင်း၊ မြန်မာအစိုးရက ဒီဇင်ဘာလ၌လည်း‌ကောင်း သ‌ဘောတူ ထားခဲ့ကြပြီး‌နောက် ရတနာစိုင်း‌ကောင်းမြတ်‌ကျော်ကုမ္ပဏီသည် ၎င်း‌ဒေသတွင် လမ်း‌ဖောက်လုပ်ခြင်း၊ အ‌ဆောက်အဦးများ ‌ဆောက်လုပ်ခြင်းနှင့် သတ္တုချက်စက်ရုံများ တည်‌ဆောက်ခြင်း စသည်တို့ကို အ‌ကောင်အထည်‌ဖော်ရာတွင် ‌ဒေသခံများအား အသိ‌ပေး တိုင်ပင်‌ဆွေး‌နွေးခြင်းများ မရှိ‌ကြောင်း ‌ဒေသဖွံ့ဖြိုး‌စောင့်ကြည့်‌ရေးအဖွဲ့မှ ‌နော်တပီးသာ့က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌နော်တပီးသာ့က “ပွင့်လင်းမြင်သာမှုမရှိတာက အစိုးရပဲဖြစ်ဖြစ်၊ ‌ကေအဲန်ယူပဲဖြစ်ဖြစ် ဒီလိုသတ္တုတူး‌ဖော် စမ်းသပ်တာ‌တွေ လုပ်မယ်ဆိုရင် ပထမဦးဆုံး သူတို့လုပ်ရမယ့်ဟာက ‌ဒေသခံ‌တွေ့ရမှာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် သူတို့ရဲ့ ပျက်ကွက်မှုက ‌ဒေသခံ‌တွေဆီကို လုံးဝ မလာဘူး။ ‌ဒေသခံဘာမှမသိဘူး။ အဲလို ဘာမှမသိရတဲ့အ‌ပေါ် သူတို့က အခွင့်‌ကောင်းယူပြီး လုပ်ချင်သလို လုပ်သွားတာ မဖြစ်သင့်ဘူး”ဟု ဆိုသည်။

လက်ရှိတွင် ကုမ္ပဏီသည် လမ်းနှင့် အ‌ဆောက်အဦးများ တည်‌ဆောက်‌နေပြီးဖြစ်သည့်အတွက် ယင်းသတ္တုချက်မည့် စက်ရုံမှ ရရှိလာသည့် အကျိုးအမြတ်များကို ‌ကေအဲန်ယူ ၂ဝရာခိုင်နှုန်း၊ အစိုးရ ၂ဝရာခိုင်နှုန်း၊ တရုတ်ပညာရှင်အတွက် ၂ဝရာခိုင်နှုန်းနှင့် ကုမ္ပဏီအတွက် ၄ဝရာခိုင်နှုန်း အကျိုးခံစားခွင့်ရရှိမည်ဖြစ်‌ကြောင်း ‌ဒေသဖွံ့ဖြိုး‌စောင့်ကြည့်‌ရေးအဖွဲ့က ဆိုသည်။

ထို့အပြင် အဆိုပါ သတ္တုတူး‌ဖော်‌ရေးလုပ်ငန်းကို လုပ်‌ဆောင်သွားမည်ဆိုပါက ရတနာစိုင်း‌ကောင်းမြတ်‌ကျော် ကုမ္ပဏီအ‌နေဖြင့် ခဲမဖြူ၊ အဖြိုက်နက်၊ သံသတ္တုတူး‌ဖော်ခြင်းနှင့် ‌ရေ‌လှောင်တမံ ‌ရေအားလျှပ်စစ်များကို ထုတ်လုပ်ရန်အတွက် ‌မြေဧက‌ပေါင်း ၇‌သောင်း‌ကျော် အသုံးပြုသွားမည်ဖြစ်ပြီး ၃နှစ်သက်တမ်း စမ်းသပ်ထုတ်လုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စအ‌ပေါ် ‌ကျောက်ကြီးမြို့ရှိ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ‌စောသားခူက “ဒီကိစ္စအ‌ပေါ်မှာ အခု ကျ‌နော်သိတာက ပထမအဆင့်အ‌နေနဲ့ အ‌ဆောက်အဦး‌တွေ ‌ဆောက်တယ်။ ပြီးရင် ပြည်သူလူထု‌တွေကို လုပ်ခွင့်‌ပေးမယ်လို့ သိရတယ်။ ကျန်တဲ့ အပိုင်း‌တော့ မသိရ‌သေးပါဘူး။ ပြည်သူလူထု‌တွေကို‌တော့ မ‌မေ့ပါဘူး။ ကျ‌နော်တို့ အကြီးအကဲ‌တွေ လုပ်တဲ့‌နေရာမှာ ‌ဒေသခံ ပြည်သူလူထု‌တွေနဲ့ အဆင်‌ပြေ‌အောင်လည်း စဉ်းစားထားပါတယ်။ ဒီဘက်‌ဒေသခံ‌တွေလည်း အလုပ်လက်မဲ့ဖြစ်တဲ့လူ‌တွေ အများကြီးရှိတယ်။ အဲဒါ‌တွေကို စဉ်းစား‌ပေးသွားမှာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

သို့‌သော် သတ္တုစမ်းသပ်တူး‌ဖော်မည့်‌နေရာသည် ‌ဒေသခံများ အသက်‌မွေးဝမ်း‌ကြောင်းပြု‌နေ‌သော စိုက်ပျိုး‌ရေး၊ ‌မွေးမြူ‌ရေးနှင့် ‌တောင်ယာခုတ်သည့်‌နေရာများ ပါဝင်သည့်အတွက် ‌ရှေ့ဆက် ၎င်းတို့၏ အသက်‌မွေးဝမ်း‌ကျောင်း ထိခိုက်နိုင်‌ကြောင်းလည်း ‌နော် တပီးသာ့က ‌ထောက်ပြ‌ပြောဆိုထားသည်။

၎င်း‌ဒေသဖွံ့ဖြိုး‌စောင့်ကြည့့်‌ရေးအဖွဲ့ကို ၂၀၁၅ခုနှစ်၊ ဧပြီ ၉ရက်‌နေ့တွင် အဖွဲ့ဝင် ၂၇ဦးဖြင့် စတင်ဖွဲ့စည်းပြီး ‌ဒေသတွင်း ဖြစ်‌ပေါ်‌နေ သည့် လက်ရှိ ဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို လက်တွဲလုပ်‌ဆောင်သွားရန်နှင့် သဘာဝပတ်ဝန်းကျင်များကို မထိခိုက်‌စေ‌ရေး ထိန်းသိမ်း ကာကွယ်‌စောင့်‌ရှောက်သွားရန် ရည်ရွယ်သည်ဟု သိရသည်။