Home သတင်း ကရင်ပြည်နယ်တွင် အစိုးရစစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ‌အောင်ချက်ရာခိုင်နှုန်း ၅ဝသာရှိ

ကရင်ပြည်နယ်တွင် အစိုးရစစ် စတုတ္ထတန်းနှင့် အဋ္ဌမတန်း ‌အောင်ချက်ရာခိုင်နှုန်း ၅ဝသာရှိ

1574

ဧပြီ ၂၁ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

၂၀၁၄-၂၀၁၅ခုနှစ် ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထမဦးဆုံးအကြိမ် ပြန်လည်ကျင်းပသည့် စတုတ္ထ တန်းနှင့် အဋ္ဌမတန်း အစိုးရစစ် အတန်းတင်စာ‌မေးပွဲ ‌အောင်ချက်မှာ ကရင်ပြည်နယ်တစ်ခုလုံးတွင် ၅ဝရာခိုင်နှုန်းသာရှိသည်ဟု ပြည်နယ်ပညာ‌ရေးမှူးက ‌ပြောသည်။

ယခုလ ဧပြီ ၁၈ရက်‌နေ့က ယင်းအစိုးရ အတန်းတင်စာ‌မေးပွဲ ‌အောင်စာရင်းထွက်လာပြီး‌နောက် ကရင်ပြည်နယ်အတွင်း ဝင် ‌ရောက်‌ဖြေဆိုသည့် ‌ကျောင်းသူ‌ကျောင်းသားများ၏ ‌အောင်ချက်နှင့် ပတ်သက်၍ ‌ကေအိုင်စီ၏ ‌မေးမြန်းချက်ကို ပြည်နယ်ပညာ ‌ရေးမှူး ဦး‌အောင်‌မောင်းက ယခုလို ‌ဖြေကြားလိုက်ခြင်းဖြစ်သည်။

“နှစ်စဉ် ‌ကျောင်းသား‌တွေက ပထမနှစ်ဝက် ဒုတိယနှစ်ဝက်ဆိုပြီး လအလိုက် တစ်ပိုင်းစီ‌ဖြေကြတယ်‌လေ။ ဒီနှစ်က စာအုပ်တစ် အုပ်လုံးကို အစအဆုံး တနှစ်လုံး စာကို ကျက်ရတယ်ဆို‌တော့ က‌လေး‌တွေက အ‌လေ့အကျင့် မရှိဘူး။ ဒါ‌ကြောင့် စာ‌မေးပွဲမှာ ဒီ ‌လောက် ရာခိုင်နှုန်းပဲ ‌အောင်တာ‌ပေါ့။ က‌လေး‌တွေက တဖြည်းဖြည်း ‌လေ့ကျင့်‌ပေးလာရင် သူတို့‌တွေ နိုင်မှာပါ”ဟု ဦး‌အောင် ‌မောင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရစစ် အတန်းတင်စာ‌မေးပွဲကျသည့် ‌ကျောင်းသူ‌ကျောင်းသားများအားလုံးအတွက် ကျရှုံးသည့် ဘာသာရပ်များကို ၂၀၁၅ခု နှစ်၊ ‌မေလ ၁၄ရက်‌နေ့တွင် ကရင်ပြည်နယ်တစ်ခုလုံးတွင် ပြန်လည် ‌ဖြေဆိုသွားရမည်ဖြစ်သည်ဟုလည်း ဦး‌အောင်‌မောင်းက ဆက်လက် ‌ပြောဆိုသည်။
DSC06777
အဆိုပါ စာစစ်‌အောင်ချက်နှင့် ပတ်သက်၍ ဖားအံမြို့နယ် ဝဲကရင်အထက်တန်း‌ကျောင်းမှ အလယ်တန်းပြ‌ကျောင်း ဆရာမတစ်ဦး က “ကျမတို့က တတ်နိုင်သ‌လောက်က‌လေး‌တွေကို သင်ပါတယ်။ ဒါ‌ပေမယ့် ‌ကျောင်းသား‌တွေ စာ‌မေးပွဲကျများတာ တချို့ ‌ကျောင်းသားမိဘ‌တွေက သင်‌ပေးတဲ့ ဆရာမ‌တွေကို အပြစ်မြင်ကြတယ်။ အမှန်‌တော့ ဘယ်‌ကျောင်းဆရာမ‌တွေမှ ကိုယ့်တပည့် ‌တွေကို စာ‌မေးပွဲကျတာ မမြင်ချင်ပါဘူး။ အတတ်နိုင်ဆုံး သင်‌ပေးခဲ့ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် အစိုးရစစ်ဖြစ်သည့် စတုတ္ထတန်းနှင့် အဋ္ဌမတန်း‌အောင်စာရင်းတွင် ‌အောင်မြင်သည့် ‌ကျောင်းသူ‌ကျောင်းသားများကို ရမှတ်အ‌ပေါ် မူတည်၍ အဆင့် A၊ အဆင့် B နှင့် အဆင့် C ခွဲခြားသတ်မှတ်ကာ အဆင့် D သတ်မှတ်ခံရသူများအား ပြန်လည် ကုစားသည့်အ‌နေဖြင့် ၎င်းတို့ကျရှုံးသည့် ဘာသာရပ်များကို ‌မေလတွင် စာ‌မေးပွဲ ပြန်လည်‌ဖြေဆိုရမည်ဟု သိရသည်။

ယင်းသို့ စာ‌မေးပွဲ ပြန်လည်ကုစား‌ဖြေဆိုရမည့် ‌ကျောင်းသူ‌ကျောင်းသားများမှာ ဧပြီလ တတိယပတ်တွင် ‌ကျောင်းပြန်တက်ရမည် ဖြစ်ပြီး ‌မေလ ၁၄၊ ၁၅နှင့် ၁၆ရက်‌နေ့များ၌ တစ်‌နေ့ နှစ်ဘာသာနှုန်းဖြင့် စာ‌မေးပွဲ‌ဖြေဆိုရမည်ဖြစ်သည်ဟု ကရင်ပြည်နယ် ပညာ ‌ရေးမှူးက ‌ပြောဆိုသည်။