Home သတင်း ကရင်အမျိုးသား နှီး‌နှောဖလှယ်ပွဲ ‌မေလဆန်းတွင် ကျင်းပမည်

ကရင်အမျိုးသား နှီး‌နှောဖလှယ်ပွဲ ‌မေလဆန်းတွင် ကျင်းပမည်

1506

၂၀၁၄ခုနှစ်က ကျင်းပခဲ့သည့် ဆယ်ကြိမ်‌မြောက် ကရင်အမျိုးသားစည်းလုံး ညီညွှတ်‌ရေး နှီး‌နှောဖလှယ်ပွဲ

ဧပြီ ၂၇ရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး

ပြည်တွင်းပြည်ပရှိ အလွှာ‌ပေါင်းစုံ ကရင်အဖွဲ့အစည်းများ ပါဝင်သည့် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို လာမည့် ‌မေလ ဆန်းတွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအန်ယူ) ထိန်းချုပ်နယ်‌မြေ၊ ‌လေးဝါးစခန်းတွင် ကျင်းပသွားမည်ဖြစ်‌ကြောင်း ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲ ဖြစ်‌မြောက်‌ရေး‌ကော်မတီက ယ‌နေ့ ‌ပြောဆိုသည်။

နှီး‌နှောဖလှယ်ပွဲ ဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စောလှထွန်းက “လက်ရှိ ‌ပြောင်းလဲလျှက်ရှိတဲ့ မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေနဲ့ ကမ္ဘာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ ကရင့်အမျိုးသားအနာဂတ်အတွက် ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့ အချိန်သင့် အခါသင့်ဖြစ် လာတယ်။ ဒါ‌ကြောင့် ကရင်အမျိုးသားညီလာခံ ကျင်းပနိုင်ဖို့ ကနဦးအ‌နေနဲ့ နှီး‌နှောဖလှယ်ပွဲကို ကျင်းပသွားမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းနှီး‌နှောဖလှယ်ပွဲတွင် ကရင်တစ်မျိုးသားလုံး၏ အနာဂတ်အတွက် အမျိုးသား‌ရေးစီမံကိန်းကို အ‌ကောင်အထည်‌ဖော် လုပ် ‌ဆောင်နိုင်မှု၊ ဆုံးဖြတ်ချက်ချမှတ်မှုနှင့် နိုင်ငံ‌ရေးဖြစ်စဉ်များတွင် ကရင့်အမျိုးသားအတွက် အာမခံချက်ရှိမည့် အ‌ကြောင်းအရာ များကို အဓိကထား ‌ဆွေး‌နွေးသွားမည်ဖြစ်သည်ဟု သိရသည်။
DSC04437
ကရင်အမျိုးသား နှီး‌နှောဖလှယ်ပွဲသို့ ပြည်တွင်းရှိ ဘာသာ‌ရေးအဖွဲ့အစည်းများ၊ နိုင်ငံ‌ရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ကရင့် ယဉ်‌ကျေးမှု‌ကော်မတီများနှင့် တတ်သိပညာရှင်များ၊ ပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများ၊ နယ်စပ်အ‌ခြေစိုက် ကရင်လူမှုအဖွဲ့အ စည်းများနှင့် ကရင်လက်နက်ကိုင်အဖွဲ့များ အသီးသီးမှ လူဦး‌ရေ ၂၀၀‌ကျော် တက်‌ရောက်မည်ဟု ခန့်မှန်းထား‌ကြောင်း ဖြစ် ‌မြောက်‌ရေး‌ကော်မတီက ‌ပြောသည်။

ယင်းနှီး‌နှောဖလှယ်ပွဲသို့ တက်‌ရောက်မည့် (International Karen Organization-IKO)၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌နော်ထူးခုဆာ ‌စေးက “နှီး‌နှောဖလှယ်ပွဲမှာ ကျမအ‌နေနဲ့ ‌ကေအဲန်ယူရဲ့ ဖွဲ့စည်းပုံအရ ရပ်တည်လုပ်‌ဆောင်မှုများကို အ‌ခြေခံကျကျ ပြန်လည် ဆန်းစစ်ခြင်းနဲ့ ကရင်‌ဒေသများအတွင်း လက်ရှိ နိုင်ငံ‌ရေးအ‌ခြေအ‌နေအရ ဖြစ်ပျက်မှု အ‌ခြေအ‌နေ‌တွေအ‌ပေါ် ‌ဆွေး‌နွေးသွား မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ၁၅ကြိမ်‌မြောက် ‌ကေအဲန်ယူကွန်ဂရက်အပြီး ‌ရွေး‌ကောက်ထား‌သော ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များကို ၎င်းတို့၏ လုပ် ‌ဆောင်ချက်များသည် ကရင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ တစ်မျိုးသားလုံးအတွက် အကျိုးရှိ‌သော လုပ်ရပ်များဖြစ်‌အောင် IKO အ‌နေဖြင့် နှီး‌နှောဖလှယ်ပွဲတွင် အကြံပြု‌ဆွေး‌နွေးသွားမည်ဟုလည်း သူမက ဆက်‌ပြောသည်။

ပြီးခဲ့သည့်နှစ်များက ကရင်အမျိုးသား စည်းလုံးညီညွတ်‌ရေး နှီး‌နှောဖလှယ်ပွဲကို ဆယ်ကြိမ်အထိ ကျင်းပခဲ့ပြီး‌နောက် ယခုနှစ်တွင် တဆင့်တက်ကာ အမျိုးသားစီမံကိန်းကို ဦးတည်သည့် ကရင်အမျိုးသားနှီး‌နှောဖလှယ်ပွဲကို ပြုလုပ်ကျင်းပလာခြင်းဖြစ်သည်ဟု သိရသည်။