Home ထိပ်တန်းသတင်း ကရင်မျိုးနွယ်စု အမည်မှန်များ ‌ဖော်ထုတ်ရန် KAC ဦး‌ဆောင်လှုပ်ရှား

ကရင်မျိုးနွယ်စု အမည်မှန်များ ‌ဖော်ထုတ်ရန် KAC ဦး‌ဆောင်လှုပ်ရှား

1987

ဧပြီ ၂ဝရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်တိုင်းရင်းသားလူမျိုးထဲတွင် မျိုးနွယ်စုအမည်မှန်များ ‌ဖော်ထုတ်ရန်အတွက် ကရင်‌ရေးရာ‌ကော်မတီ(KAC)မှ ဦး‌ဆောင်၍ ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်အ‌နောက်ခြမ်း ‌ကျောက်တလုံး‌ကျေးရွာတွင် ကရင်မျိုးနွယ်စုဆိုင်ရာ ‌တွေ့ဆုံပွဲကို ဧပြီ ၁၁ ရက်‌နေ့က ပြုလုပ်ခဲ့သည်။

ယင်း‌ဆွေး‌နွေးပွဲတွင် ဖားအံမြို့နယ်၊ သံလွင်အ‌နောက်ခြမ်းရှိ ‌ကော့ရင်း(အထက်)၊ ‌ကော့ရင်း(‌အောက်)၊ ‌ကျောက်တလုံး၊ နှစ်ခြား၊ ‌နောင်ကျန်၊ မိကရင်၊ မုက္ကတိ‌ကျေးရွာအုပ်စု ၂၀‌ကျော်တို့မှ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးများ၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ လူထုအ ‌ခြေပြုအဖွဲ့အစည်း(CBO)များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်း(CSO)၊ လူငယ်နှင့် ‌ဒေသခံများ စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက် ‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်မျိုးနွယ်စုအမည်များ ‌ဖော်ထုတ်‌ရေး စီမံကိန်းမန်‌နေဂျာ ‌စော‌ကျော်စွာက “ကျ‌နော်တို့ ကရင်မျိုးနွယ်စုဆိုင်ရာ ‌တွေ့ဆုံပွဲ ပြု လုပ်ရတာက တကယ်ရှိ‌နေတဲ့ ကရင်မျိုးနွယ်စု‌တွေကို ပြန်လည်‌ဖော်ထုတ် သတ်မှတ်ဖို့ပါ။ ကရင်မျိုးနွယ်စုအမည်‌တွေကို ‌ဖော် ထုတ်သတ်မှတ်ရာမှာ ကိုယ်ပိုင်လက်ခံထားတဲ့ အမည်‌တွေကို ရယူအတည်ပြုတယ်။ မိမိတို့မျိုးနွယ်စုကိုယ်စားလှယ်‌တွေကို ကိုယ်တိုင်သတ်မှတ်တယ်။ ပြီး‌တော့ ကရင်မျိုးနွယ်စုများ‌နေထိုင်တဲ့ ‌ဒေသများကို ‌ဖော်ထုတ်ရယူဖို့ ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ဇန်နဝါရီလက ဖားအံမြို့တွင် ပြုလုပ်‌သော မြန်မာနိုင်ငံတစ်ဝှမ်းရှိ ကရင်အမျိုးသားများ ပါဝင်သည့် အစည်းအ‌ဝေးတွင် သန်း‌ခေါင်စာရင်းအရ ကရင်လူမျိုး မျိုးနွယ်စု‌ပေါင်း ၁၁စု ‌ဖော်ပြသတ်မှတ်ထားပြီး ထိုအထဲတွင် ကရင်မျိုးနွယ်စု အမှန်တကယ် ဖြစ်‌သော်လည်း ကရင်လူမျိုးအုပ်စုတွင် မပါရှိခြင်း၊ အချို့မျိုးနွယ်စုမှာ ‌နေရာ‌ဒေသကိုသာ အ‌ခြေခံပြီး အမည်‌ခေါ်ထားခြင်းနှင့် အမှန်တကယ်ရှိသည့် မျိုးနွယ်စုအမည်များကိုသာသုံးရန် လိုအပ်ခြင်း စသည်တို့ကို ဆုံးဖြတ်ခဲ့ကြသည်ဟု ‌စော‌ကျော်စွာက ဆက်‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံတဝှမ်းရှိ ကရင်လူမျိုးများ‌နေထိုင်ရာ ပြည်နယ်တိုင်း‌ဒေသများ၌ ကရင်မျိုးနွယ်စုဆိုင်ရာ ‌တွေ့ဆုံပွဲပြုလုပ်ပြီး လျှင် မိမိတို့မျိုးနွယ်စုအလိုက် ‌ရွေးချယ်ထားသည့် ကိုယ်စားလှယ်များကို အစည်းအ‌ဝေးတရပ် ဖိတ်‌ခေါ်၍ ရရှိလာသည့် ရလဒ် များအ‌ပေါ် အစိုးရနှင့် ဗဟိုသန်း‌ခေါင်စာရင်း‌ကော်မရှင်ထံသို့ တင်ပြ‌ဆွေး‌နွေးသွားမည်ဟု KAC က ဆိုသည်။

‌ကျောက်တလုံး‌ကျေးရွာ ‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်ခဲ့သူ ‌စော‌အောင်‌ကျော်ဦးက “အခုလို ကရင်မျိုးနွယ်စု ‌တွေ့ဆုံပွဲလုပ်‌ပေးတာ ကျ‌နော် အပါအဝင် သံလွင်အ‌နောက်ဘက်ခြမ်းမှာရှိတဲ့ ‌ကျေးရွာအုပ်စု‌တွေက အကျယ်တဝင့် သိသွားမယ်။ တချို့က သံသယ ‌တွေ ရှိ‌နေကြတယ်။ စ‌ဝေါ်(စ‌ကောကရင်)တို့၊ ပဝို(ပိုးကရင်) တို့ ရှိ‌နေတဲ့အ‌ပေါ်မှာ တ‌လေပွားတို့ ‌မော်‌နေပွားတို့ ပကူးတို့ဆိုတာ ဒီဘက်မှာ မရှိဘူး‌လေ။ ဒါ‌ကြောင့် အခုလို လာ‌ရောက်ရှင်းပြ‌ပေးတဲ့အတွက် ‌ကျေးဇူးတင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

ကရင်မျိုးနွယ်စုဆိုင်ရာ‌တွေ့ဆုံပွဲကို ကရင်ပြည်နယ်ရှိ ဖားအံမြို့နယ် သံလွင်(အ‌နောက်ခြမ်း၊ အ‌ရှေ့ခြမ်း)၊ လှိုင်းဘွဲ၊ သံ‌တောင်ကြီး၊ လိပ်သို၊ သံ‌တောင်မြို့သစ်၊ မြဝတီ၊ ‌တောင်ငူ၊ ပဲခူးတိုင်းတို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ‌ရှေ့ဆက်၍ ကြာအင်းဆိပ်ကြီး၊ ‌ကော့ကရိတ်၊ ‌ကျောက်ကြီး၊ သာယာဝတီ၊ ဖာပွန်၊ မွန်ပြည်နယ်နှင့် ကျန်ရှိ‌နေသည့် တိုင်းများသို့လည်း ဆက်လုပ်သွားမည်ဟု KAC ‌ပြောသည်။

ကရင်‌ရေးရာ‌ကော်မတီ(KAC)သည် ၂၀၁၂ခုနှစ်၊ မတ်လအတွင်းက ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စတင်ဖွဲ့စည်းတည်‌ထောင်ခဲ့ပြီး ကရင့်အ‌ရေးအရာ ကိစ္စရပ်များကို အဓိကထား ‌ဆောင်ရွက်‌နေသည့် အဖွဲ့ဖြစ်သည်။