Home သတင်း ဆီအုန်းစီမံကိန်းတွင် ခြံ‌မြေပါဝင်မှု စိစစ်ရန် ‌ကေအဲန်ယူနှင့် ‌ဒေသခံများ သ‌ဘောတူမှုရရှိ

ဆီအုန်းစီမံကိန်းတွင် ခြံ‌မြေပါဝင်မှု စိစစ်ရန် ‌ကေအဲန်ယူနှင့် ‌ဒေသခံများ သ‌ဘောတူမှုရရှိ

1595

မတ် ၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

တနသင်္ာရီတိုင်း‌ဒေသကြီး တနသင်္ာရီမြို့နယ်၌ Malaysia Stark Prestige Plantation Co.Ltd (MSPP) ကုမ္ပဏီမှ အ‌ကောင်အ ထည်‌ဖော်‌ဆောင်ရွက်‌နေ‌သော ဆီအုန်းစိုက်ပျိုး‌ရေးစီမံကိန်းအတွင်း ရွာသားများ၏ ခြံ‌မြေပါဝင်မှုကို ပြန်လည်စိစစ်သွားရန် ကရင် အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူများနှင့် ‌ဒေသခံရွာသားများ ‌ဖေ‌ဖော်ဝါရီ ၂၈ရက်‌နေ့က သ‌ဘောတူညီမှု ရရှိခဲ့ကြသည်။

တနသင်္ာရီမြို့နယ်၊ တဖို့ခီး‌ကျေးရွာ၌ ပြုလုပ်‌သော ‌ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်နှင့် ‌ဒေသခံရွာသားများ ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲတွင် ဆီအုန်းစိုက်ပျိုး‌ရေး ဧရိယာအတွင်း ရွာသားပိုင်ခြံ‌မြေပါသွားမှုကို ပြန်လည်စိစစ်သွားရန်၊ ‌ကျေးရွာပိုင် နယ်နိမိတ် အတူတကွ ပူး ‌ပေါင်းသတ်မှတ်သွားရန်နှင့် ကဝက်ရွာသားများမှ ကုမ္ပဏီအား ခုတ်ထွင်မှု‌ပေးထား‌သော ခြံ‌မြေများကို ပြန်လည်‌ဆွေး‌နွေး အ‌ဖြေ ရှာသွားရန် စသည့် သ‌ဘောတူညီမှု ၃ချက်ကို ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲသို့ ‌လေ့လာသူအဖြစ် တက်‌ရောက်ခဲ့သည့် လူမှု‌ရေးအဖွဲ့တစ်ခုဖြစ်‌သော ECO.DEV အဖွဲ့မှ ‌နော်အယ်ထီးဝါးက “‌ကျေး ရွာနယ်နိမိတ် တိုင်းမယ့်ကိစ္စကို ရွာသား‌တွေနဲ့ ပူး‌ပေါင်းလုပ်သွားမယ်။ အဲဒီသ‌ဘောတူညီချက်‌တွေကို ဒီမတ်လအတွင်းမှာ စတင် အ‌ကောင်အထည်‌ဖော်‌ဆောင်မယ်လို့ ‌ပြောတယ်။ ‌နောက်ပြီး စိုက်ပျိုး‌ရေးစီမံကိန်းထဲမှာ ရွာထဲကို ဘယ်‌လောက်ဝင်လဲဆိုတာ ကုမ္ပဏီကိုလည်း အ‌ကြောင်းကြားမယ်လို့ ‌ပြောတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

တဖို့ခီး‌ကျေးရွာ၌ ပြုလုပ်‌သော ‌ဆွေး‌နွေးပွဲတွင် ‌ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင် ဥက္ကဋ္ဌ ပဒို‌စောဘီးလယ်၊ အ‌ထွေ‌ထွေအတွင်း ‌ရေးမှူး ပဒို‌စောအယ်နာ၊ မြို့နယ်တာဝန်ရှိသူများနှင့် တဖို့ခီး၊ တဖို့ထာ့၊ ‌ဘောတနို၊ ကဝက်၊ ပလဲ့ထာ့၊ ‌ဖွေးပ‌လောနှင့် ‌ကော‌မော ပ‌ရော့ စသည့်‌ကျေးရွာ (၇)ရွာမှ ရွာသူရွာသား ၁၁၅ဦး တက်‌ရောက်‌ဆွေး‌နွေးခဲ့ကြသည်။

ထို‌တွေ့ဆုံမှုတွင် ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်တာဝန်ရှိသူများက ‌မြေယာ‌ရောင်းစားမှုများရှိ‌ကြောင်း ထင်မြင်မှားယွင်းမှုအ ‌ပေါ် ချပြရှင်းလင်းခြင်း၊ ရွာသားများအ‌နေဖြင့် ‌မြေယာကိစ္စ‌ဖြေရှင်းမှု လုပ်‌ဆောင်‌ပေးရာတွင် ယုံကြည်မှုရှိရန်၊ ကုမ္ပဏီ၏ စိုက်ပျိုး ‌ရေးစီမံကိန်း ဧရိယာတိုးချဲ့ခုတ်ထွင်၍ ‌မြေယာနစ်နာဆုံးရှုံးမှု စိုးရိမ်ရသည့် အ‌ခြေအ‌နေနှင့် သတ်မှတ်နယ်‌မြေ‌ကျော်လွန်၍ ကုမ္ပ ဏီ၏ ဝင်‌ရောက်ခုတ်ထွင်မှု စသည်တို့ကို ‌ဆွေး‌နွေးခဲ့ကြသည်ဟုလည်း သိရသည်။

“တကယ်တမ်းကျ‌တော့ ရွာသား‌တွေ ပိုင်ဆိုင်ထားတဲ့ ‌မြေ‌တွေ၊ ‌မြေလွတ်‌မြေရိုင်း‌ပြောပြီး စီမံကိန်းထဲ ပါသွားတာ အများကြီးပဲ။ ဒီ ‌မြေ‌တွေကို ပြန်ပြီး ဖြတ်ပိုင်းထားဖို့ လိုတယ်လို့ ထင်တယ်။ ဒါမှ ရွာသား‌တွေက သူတို့‌မြေဘယ်မှာလဲဆိုတာ ‌ထောက်ပြနိုင်တယ်” ဟု ဆီအုန်းစီမံကိန်းအ‌ပေါ် ‌စောင့်ကြည့်‌လေ့လာမှု ပြုလုပ်‌နေသည့် ထားဝယ်အ‌ခြေစိုက် Southern Youth အဖွဲ့မှ ‌စောစံ‌ငွေက ‌ကေအိုင်စီသို့ ‌ပြောသည်။

MSPP ကုမ္ပဏီသည် ဆီအုန်းစိုက်ပျိုး‌ရေး စီမံကိန်းအတွက် ၂၀၁၁ခုနှစ်၌ မြန်မာအစိုးရ၏ ခွင့်ပြုချက်အရ တနသင်္ာရီမြို့နယ် ကဝက်-‌ကော့မပြင်း ဧရိယာအတွင်း ‌မြေ‌နေရာ ဧက ၄၂,၂၀ဝ ရရှိထားပြီး ဧက ၂၀၀ဝ ‌ကျော်ကို ခုတ်ထွင်ရှင်းလင်း၍ စီမံကိန်း ‌ဖော်‌ဆောင်ပြီးစီး‌နေပြီဖြစ်သည်ဟု ယင်းစီမံကိန်းကို ‌လေ့လာ‌စောင့်ကြည့်‌နေ‌သော လူမှုအဖွဲ့များက ဆိုသည်။

ယခင်လ ‌ဖေ‌ဖော်ဝါရီ ၁၇ရက်‌နေ့က ‌ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်သည် MSPP ကုမ္ပဏီအား ဆီအုန်းစိုက်ပျိုး‌ရေးစီမံကိန်း ဧရိ ယာ တိုးချဲ့လုပ်‌ဆောင်မှုကို ရပ်ဆိုင်းရန် အသိ‌ပေး အ‌ကြောင်းကြားထား‌သော်လည်း ကုမ္ပဏီဘက်က တစုံတရာ လိုက်နာ‌ဆောင် ရွက်ခြင်းများ မရှိ‌ကြောင်း ‌ဒေသခံရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။