Home သတင်း ပြဿနာများကို ငြိမ်းချမ်းစွာ ‌ဖြေရှင်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီ ဆုံးဖြတ်

ပြဿနာများကို ငြိမ်းချမ်းစွာ ‌ဖြေရှင်းရန် ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီ ဆုံးဖြတ်

2586

ဒီဇင်ဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ကရင်လက်နက်ကိုင်အချင်းချင်း ပြဿနာများ ထပ်မံဖြစ်ပွားပါက ငြိမ်းချမ်း‌သောနည်းဖြင့် ‌ဖြေရှင်းသွားကြရန် ဒီဇင်ဘာ ၅ရက် ‌နေ့တွင် ‌ကော့ကရိတ်မြို့နယ်၊ နန်း‌ရွှေမှုံရွာ၌ ပြုလုပ်ခဲ့‌သော ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီ၏ (၅)ကြိမ် ‌မြောက်အစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ကြသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မတီ၏ အတွင်း‌ရေးမှူးဖြစ်သူ ဗိုလ်မှူးကြီး‌စော‌ဖောဒိုက “ဖြစ်ခဲ့ပြီးတဲ့ ပြဿနာ‌တွေ အ‌ပေါ် အ‌ခြေခံပြီး‌တော့ ‌နောက်‌နောင်‌အောက်‌ခြေမှာ ပြဿနာဖြစ်ရင် ‌သေနတ်နဲ့ ‌ဖြေရှင်းတာ မဟုတ်ဘဲ သက်ဆိုင်ရာ တာဝန်ခံ ‌တွေက‌နေတဆင့် လူချင်း‌တွေ့ဆုံပြီး ‌အေး‌ဆေး‌ပြောဆို‌ဖြေရှင်းဖို့ အဲလိုဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ယင်းအစည်းအ‌ဝေးတက်‌ရောက်သည့် အဖွဲ့ဝင်ကိုယ်စားလှယ်များက အဖွဲ့ဝင်များအကြား ဆက်လက် ပူး‌ပေါင်း‌ဆောင်ရွက်သွား ကြရန် သ‌ဘောတူခဲ့ကြပြီး ‌ခေါင်း‌ဆောင်အဆင့်သာမက ‌အောက်‌ခြေအဆင့်အထိ အပြန်အလှန် ပိုမိုချိတ်ဆက်မှုရှိရန် လုပ် ‌ဆောင်သွားမည်ဟု ‌ဆွေး‌နွေးခဲ့ကြ‌ကြောင်းလည်း သိရသည်။

ကရင်လက်နက်ကိုင်အဖွဲ့များညီညွတ်‌ရေး‌ကော်မတီကို ပုံမှန်အားဖြင့် သုံးလတစ်ကြိမ် အစည်းအ‌ဝေး ကျင်းပ‌လေ့ရှိရာ ယခုတစ် ကြိမ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) အပါအဝင် အဖွဲ့ဝင်များဖြစ်သည့် BGF၊ DKBA၊ KNU/KNLA ငြိမ်းချမ်း‌ရေး‌ကောင် စီ၊ ‌ဟောင်သ‌ရော အထူး‌ဒေသ ငြိမ်းချမ်း‌ရေးတပ်ဖွဲ့၊ ဘုရားကုန်း ‌ခေါ် ပဒို‌အောင်ဆန်းအဖွဲ့နှင့် ကရင်နယ်ခြား‌စောင့်တပ် BGF အဖွဲ့ တို့မှ ကိုယ်စားလှယ်များနှင့် ဗုဒ္ဓဘာသာ ကရင်ဘုန်း‌တော်ကြီးများ အပါအဝင် စုစု‌ပေါင်း ၁၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။
Group 4
အစည်းအ‌ဝေးတက်‌ရောက်ခဲ့သူ BGF ဗဟိုအကြံ‌ပေးနှင့် ကွပ်ကဲ‌ရေး အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူက “ဒီဆုံး ဖြတ်ချက်ကို ကျ‌နော်တို့ ကြိုဆိုတယ်။ ဘာဖြစ်လို့လဲဆို‌တော့ ကျ‌နော်တို့ရဲ့ ပူး‌ပေါင်းပါဝင်မှုကို လူထုက ‌ထောက်ခံလာတယ်။ ‌အောက်‌ခြေမှာ တချို့ပြဿနာ‌တွေရှိ‌ပေမယ့် ဥက္ကဌ ဖူး‌ဂျော်နီက ပြတ်ပြတ်သားသားနဲ့ အချင်းချင်း ပိုမိုထိ‌တွေ့ပြီး ရင်းနှီးမှုရှိ‌အောင် လုပ်ကြဖို့ ‌ပြောထားပြီးလည်း ဖြစ်တယ်”ဟု ‌ပြောသည်။

ကရင်လက်နက်ကိုင် ‌အောက်‌ခြေတပ်မှူးများအ‌နေဖြင့် ဖြစ်လာသည့် ပြဿနာများကို တစ်ဦးချင်း နားလည်မှု အားနည်းသည့်အ တွက် အရည်အချင်းမြှင့်တင်‌ရေးသင်တန်းများ၊ ပဋိပက္ခ‌ဖြေရှင်းနည်းဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးမှုများ ပြုလုပ်ပြီး ကရင်လက်နက် ကိုင်အဖွဲ့များ၏ ‌ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအဖြစ် ထည့်သွင်း‌ဆောင်ရွက်မည်ဟုလည်း သိရသည်။

ထို့အပြင် အစည်းအ‌ဝေးတွင် ကရင်လက်နက်ကိုင်ညီညွှတ်‌ရေး‌ကော်မတီ စတင်ဖွဲ့စည်းချိန်မှ ယ‌နေ့အထိ လုပ်‌ဆောင်လာသည့် လုပ်ငန်းများအ‌ပေါ် ပြန်လည်သုံးသပ်ခြင်း၊ မူးယစ်‌ဆေးဝါးတိုက်ဖျက်‌ရေး အ‌ခြေအ‌နေများကို ‌ဆွေး‌နွေးခဲ့သလို ‌ကော်သူး‌လေတပ် မ‌တော်(KAF) ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင်များ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးက ဆုံးဖြတ်ထားသည့် အတိုင်း KNU ၏ (၁၆)ကြိမ်‌မြောက်ကွန်ဂရက်တွင် ဆုံးဖြတ်သွားရန် ‌ဆွေး‌နွေးလက်ခံခဲ့ကြသည်ဟု သိရသည်။

၁၅ကြိမ်‌မြောက် ‌ကေအဲန်ယူ ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ ကရင်လက်နက်ကိုင်အဖွဲ့များ ပြန်လည်စည်းလုံးညီညွှတ်‌ရေးအ တွက် ၇ဦးပါ ‌ကော်မတီတခုကို ဖွဲ့စည်းခဲ့သည်။ ၎င်း‌ကော်မတီက ဦး‌ဆောင်၍ ကရင်လက်နက်ကိုင်အဖွဲ့များ ညီညွတ်‌ရေး‌ကော်မ တီကို ကရင်လက်နက်ကိုင်အဖွဲ့ ၆ဖွဲ့မှ ‌ကော်မတီဝင် (၁၇)ဦးဖြင့် ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုးရွာ၌ ၂၀၁၃ခုနှစ်၊ ‌မေလ ၂၈ ရက်‌နေ့က ဖွဲ့စည်းခဲ့သည်။