Home သတင်း အဋ္ဌမအကြိမ်‌မြောက် KNU တပ်မဟာ(၆) စစ်ဘက်ဆိုင်ရာ မွမ်းမံသင်တန်းပြီးဆုံး

အဋ္ဌမအကြိမ်‌မြောက် KNU တပ်မဟာ(၆) စစ်ဘက်ဆိုင်ရာ မွမ်းမံသင်တန်းပြီးဆုံး

2097

ဒီဇင်ဘာ ၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ရင်း(၂၀၁)က ကြီးမှူး၍ ‌အောက်တိုဘာလ ၃ရက်မှ ဒီဇင်ဘာ ၈ရက်‌နေ့အထိ ပြုလုပ်‌ပေးခဲ့သည့် အဋ္ဌမအကြိမ်‌မြောက် စစ်ဘက်ဆိုင်ရာ မွမ်းမံ သင်တန်းကို ၎င်းတို့ဌာနချုပ်ရှိရာ မြဝတီမြို့နယ်ရှိ ‌ဝေါ်‌လေခီးစခန်းတွင် ယ‌နေ့ သင်တန်းဆင်းပွဲ ကျင်းပပြီးစီးခဲ့သည်။

အဆိုပါမွမ်းမံသင်တန်း ပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ KNLA (၂၀၁)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စောဘူး‌ဖေါက “အရင် စစ်ပွဲကာလတုန်းက တိုက်ပွဲ‌တွေ‌ကြောင့် အ‌ခြေခံစစ်ပညာဖြစ်ဖြစ်၊ နိုင်ငံ‌ရေးဖြစ်ဖြစ် သင်တန်းတစ်ခါမှ မရဖူး‌သေးတဲ့ ရဲ‌ဘော်‌တွေကို အခု အပစ်အခတ်ရပ်စဲ‌ရေးကာလမှ အဲဒီလူ‌တွေကို သင်တန်း‌ပေးတဲ့အ‌နေနဲ့ ဒီသင်တန်းကို လုပ်တာဖြစ်တယ်။ ‌နောက်ပြီး ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်‌တွေကို ‌အောက်‌ခြေတပ်မှူး၊ တပ်သားများအားလုံး ရှင်းလင်းစွာ သိရှိနားလည် နိုင်ဖို့ ဒီမွမ်းမံသင်တန်းမျိုး များစွာ လိုအပ်‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နံနက် ၈နာရီမှ မွန်းလွဲ ၁နာရီအထိ အပိုင်းနှစ်ပိုင်းခွဲကာ ကျင်းပပြုလုပ်သည့် ၎င်းသင်တန်းဆင်းပွဲသို့ KNLA စစ်ဦးစီး ပထမတန်း G-1 (ယာယီ) ဗိုလ်မှူး‌စောလှ‌ငွေ၊ G-3 ဗိုလ်မှူး‌စောတာမလာ‌သော၊ KNU တပ်မဟာ(၆) လက်‌အောက်ခံ KNLA တပ်ရင်း(၁၈)၊ (၂၀၁)နှင့် (၁၀၃)မှ တပ်ရင်းမှူးများ၊ ကရင်အမျိုးသမီးအစည်းအရုံး (KWO)၊ ‌ဒေသခံရွာသားများနှင့် သင်တန်းသူသင်တန်းသား များ စုစု‌ပေါင်း ၂၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။
P1030770
ထို့အပြင် သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းသူ သင်တန်းသားများ သစ္စာ‌ရေ‌သောက်သုံးခြင်း၊ မြန်မာအစိုးရနှင့် KNU တို့အကြား ငြိမ်းချမ်း‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်များကို ချပြခြင်းတိုက် တက်‌ရောက်သည့် ‌ခေါင်း‌ဆောင်များက အမှာစကား ‌ပြော ကြားခဲ့ကြသည်။

အခမ်းအနားတွင် ဗိုလ်မှူး‌စောလှ‌ငွေက “စစ်သား‌ကောင်းဆိုတာ အမိန့်နာခံမှုနဲ့ တာဝန်ကို ဘယ်‌လောက် အ‌ရေးထားသလဲ ဆိုတဲ့အ‌ပေါ်မှာ မူတည်ပြီး‌တော့ ကြည့်ပြီးသတ်မှတ်ရမယ်။ အခု ခင်ဗျားတို့ အမျိုးသားအလံ‌တော်ကို နမ်းရှိုက်ပြီး သစ္စာ‌ရေ ‌သောက်ခဲ့တယ်ဆိုတာ မပြီး‌သေးတဲ့တာဝန်ကို ဆက်လက်ထမ်း‌ဆောင်ဖို့ဖြစ်တယ်။ ဒါ‌ကြောင့် မပြီး‌သေးတဲ့တာဝန်ကို ဆက် လက်ထမ်း‌ဆောင်ကြပါ”ဟု ကရင်ဘာသာဖြင့် ‌ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ KNU တပ်မဟာ(၆)လက်‌အောက်ခံ KNLA တပ်ရင်း ၁၈၊ ၂၀၁နှင့် ၁၀၃တို့မှ သင်တန်းသား ၄၁ဦးနှင့် သင် တန်းသူ ၁ဦးတို့ တက်‌ရောက်ခဲ့ကြပြီး သင်တန်းကာလအတွင်း အ‌ခြေခံ စစ်အတတ်ပညာ၊ လတ်တ‌လော နိုင်ငံ‌ရေးအ‌ခြေအ‌နေ နှင့် သစ်‌တောထိန်းသိမ်း‌ရေးဆိုင်ရာတို့ကို သင်တန်းဆရာ ၆ဦးက အဓိကထားကာ သင်ကြားပို့ချ‌ပေးခဲ့ခြင်းဖြစ်သည်။

“ဒီသင်တန်းမှာ နိုင်ငံ‌ရေး၊ သဘာဝ သစ်‌တော ထိန်းသိမ်း‌ရေးနဲ့ပတ်သက်ပြီး အများကြီးသိလာတယ်။ ဒါ‌ကြောင့် ‌ဒေသခံပြည်သူ ‌တွေနဲ့ ထိ‌တွေ့ရမဲ့ ကျ‌နော့်လို စစ်သားတစ်‌ယောက်အ‌နေနဲ့ အများကြီး အ‌ထောက်အကူဖြစ်‌စေပါတယ်”ဟု KNLA (၂၀၁) တပ် ရင်းမှ သင်တန်းသား‌စောဆဲက ‌ပြောသည်။

မြန်မာစစ်အစိုးရအဆက်ဆက်ကို နှစ်‌ပေါင်း (၆၀)‌ကျော်ကြာ လက်နက်ကိုင် ခုခံ‌တော်လှန်ခဲ့သည့် KNU သည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အ‌စောပိုင်းတွင် ဦးသိန်းစိန်အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေးကို လက်မှတ်‌ရေးထိုး သ‌ဘောတူညီခဲ့ပြီး ‌နောက်ပိုင်းတွင် ၎င်း တို့ထိန်းချုပ်ရာ ခရိုင်၊ တပ်မဟာအချို့တွင် အ‌ခြေခံစစ်သင်တန်း၊ မွမ်းမံသင်တန်းများကို အလျင်းသင့်သလို ပြုလုပ်လျှက်ရှိသည်။