Home သတင်း ဘီအဲန်အိုင်မှ တိုင်းရင်းသားအယ်ဒီတာများ အရည်အ‌သွေးမြှင့်တင်

ဘီအဲန်အိုင်မှ တိုင်းရင်းသားအယ်ဒီတာများ အရည်အ‌သွေးမြှင့်တင်

1586

ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

တိုင်းရင်းသားသတင်းဌာန အများစုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်း(ဘီအဲန်အိုင်)မှ ဦးစီး၍ အယ်ဒီတာအဆင့်ရှိ သူနှင့် အကြီးတန်းသတင်း‌ထောက်များအား အယ်ဒီတာစီမံခန့်ခွဲမှုသင်တန်းတစ်ရပ်ကို ရန်ကုန်တိုင်း‌ဒေသကြီး၊ ရန်ကုန်မြို့ တာ‌မွေမြို့နယ်ရှိ Fame ဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ရက်မှ ၂၃ရက်‌နေ့အထိ ပြုလုပ်ခဲ့သည်။

‌ခြောက်ရက်ကြာ ပြုလုပ်မည့် ယင်းရက်တိုသင်တန်းကို တိုင်းရင်းသားသတင်းစာ၊ တိုင်းရင်းသားသတင်းသမားများ ဖွံ့ဖြိုးတိုး တက်‌စေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး သင်တန်းဖြစ်‌မြောက်‌ရေးအတွက် မြန်မာပြည်အ‌ခြေစိုက် United Nations Educational Scientific and Cultural Organization-UNESCO က ကူညီ‌ထောက်ပံ့‌ပေးသည်ဟု ဘီအဲန်အိုင် စီမံခန့် ခွဲ‌ရေး ညွှန်ကြား‌ရေးမှူး ဦးဇင်လင်းက ‌ပြောသည်။

“ဒီသင်တန်းထဲမှာ အထူးပြုထားတာက အွန်လိုင်းမီဒီယာပါ။ အွန်လိုင်းမီဒီယာက‌နေတဆင့် တိုင်းရင်းသားသတင်း‌တွေကို တစ် နိုင်ငံလုံးအတွင်းမှာ ပြန့်ပွားဖို့၊ ဒါ့အပြင် နိုင်ငံနယ်နိမိတ်ကို‌ကျော်ပြီး‌တော့ တခြားနိုင်ငံ‌တွေနဲ့ နိုင်ငံတကာက‌နေ သိဖို့လုပ်တာ ဖြစ် တယ်။ အွန်လိုင်းမီဒီယာရဲ့ အားသာချက်က ပရင့်(ပုံနှိပ်)မီဒီယာထက် စရိတ်သက်သာတယ်။ လူနည်းနည်းနဲ့လည်း လုပ်လို့ရ တယ်”ဟု ဦးဇင်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တိုင်းရင်းသားသတင်းသမားများသည် အွန်လိုင်းမီဒီယာကို စနစ်တကျ လုပ်ကိုင်တတ်ပြီး အသုံးပြုနိုင်ခြင်းအားဖြင့် ၎င်း တို့တိုင်းရင်းသား‌ဒေသများအတွင်း အမှန်တကယ် ဖြစ်ပျက်‌နေသည့် နိုင်ငံ‌ရေး၊ စစ်‌ရေး၊ စီးပွား‌ရေး စသည့်သတင်းများကို တစ် နိုင်ငံလုံးအပြင် ကမ္ဘာ့နိုင်ငံများကိုလည်း မီး‌မောင်ထိုးပြနိုင်မည်ဖြစ်‌ကြောင်းလည်း ဦးဇင်လင်းက ဆက်‌ပြောသည်။

ဒီဇင်ဘာ ၁၉ရက်တွင် ပြုလုပ်သည့် ၎င်းသင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံ စာနယ်ဇင်း‌ကောင်စီ(ယာယီ) ဒုတိယ ဥက္ကဌ ဦးခင်‌မောင် ‌လေး၊ UNESCO မှ မြန်မာနိုင်ငံ မီဒီယာအထူးအစီအစဉ် တာဝန်ခံ Ms. Raheela K. Chaudhry၊ သင်တန်းပို့ချသူ ‌ဒေါ်‌မေသကြင်္န် ဟိန်း၊ မြန်မာဂျာနယ်လစ်အင်စတီကျူမှ ကိုယ်စားလှယ်၊ သင်တန်းသူသင်တန်းသားများ ၁၄ဦးနှင့် ဘီအဲန်အိုင်တာဝန်ရှိသူများ အပါအဝင် စုစု‌ပေါင်း ၂၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

“မြန်မာနိုင်ငံမှာ အမှီအခိုကင်းတဲ့ မီဒီယာ‌တွေကို ဒီသင်တန်းက‌နေ ကျမတို့ အား‌ပေးချင်တယ်။ လွတ်လပ်စွာ ထုတ်‌ဖော်‌ပြောဆို ခွင့်နဲ့ မြန်မာနိုင်ငံတဝှမ်း အလုပ်လုပ်‌နေကြတဲ့ တိုင်းရင်းသားမီဒီယာ‌တွေကို အား‌ပေးချင်တယ်။ သူတို့‌တွေက ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ ‌တွေ၊ သတင်းအချက်အလက်‌တွေ၊ ပြည်သူကို အသိပညာ‌ပေးတာ‌တွေ၊ ငြိမ်းချမ်း‌ရေးအခန်းကဏ္ဍမှာလည်း ပါဝင်နိုင်တဲ့အတွက် မြန်မာပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အ‌ထောက်အကူပြုပါတယ်။ ဒီသင်တန်းက‌နေ မိမိဌာနကို ပြန်သွားတဲ့အခါ ပိုပြီး အလုပ်လုပ်နိုင်မယ် လို့ ကျမ ‌မျှော်လင့်ပါတယ်”ဟု UNESCO ကိုယ်စားလှယ် Ms. Raheela K. Chaudhry က ‌ကေအိုင်စီသို့ ‌ပြောသည်။

သင်တန်းသူ မွန်သတင်းအင်ဂျင်စီမှ မိမွန်ကျဲကလည်း “ဒီလိုသင်တန်းမျိုး ကျမ ပထမဆုံးအကြိမ် တက်ဖူးတာပါ။ သင်တန်းမှာ သတင်းကျင့်ဝတ်‌တွေ၊ မီဒီယာနဲ့ ပတ်သက်တဲ့ ဥပ‌ဒေ‌တွေ သိရဖို့ ‌မျှော်လင့်ပါတယ်။ ယခင်တုန်းကနဲ့စာရင် ကျမတို့အတွက် ပိုပြီး ‌တော့ အလုပ်ဖြစ်ဖို့အတွက်ကို တဖက်တလမ်းက‌နေ ပံ့ပိုး‌ပေးနိုင်မယ်လို့လည်း ‌မျှော်လင့်ပါတယ်”ဟု ‌ပြောဆိုသည်။

ရန်ကုန်တွင် ပြုလုပ်သည့် ယခု အယ်ဒီတာသင်တန်းမှာ မြန်မာနိုင်ငံ‌တောင်ပိုင်းရှိ တိုင်းရင်းသားသတင်းမီဒီယာအဖွဲ့များအတွက် ဖြစ်ပြီး လာမည့် ၂၀၁၅ခုနှစ်၊ ဇန်နဝါရီလတွင် မန္တ‌လေးမြို့၌လည်း မြန်မာနိုင်ငံ‌မြောက်ပိုင်း‌ဒေသမှ တိုင်းရင်းသားမီဒီယာအဖွဲ့များ အတွက် ရည်ရွယ်ကာ အလားတူ သင်တန်းမျိုးကို ဘီအဲန်အိုင်မှ ပြုလုပ်သွားရန်ရှိသည်ဟု သိရသည်။

ဘီအဲန်အိုင်ကို ၂၀၀၃ခုနှစ်က ဖွဲ့စည်းခဲ့ပြီး လက်ရှိအချိန်တွင် တိုင်းရင်းသားမီဒီယာများဖြစ်ကြသည့် ကချင်၊ ကရင်နီ(ကယား)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ သျှမ်း အပါအဝင် လွတ်လပ်သည့် သတင်းမီဒီယာ ၁၃ဖွဲ့ပါဝင်‌သော မီဒီယာကွန်ရက်တစ်ခုဖြစ်သည်။