Home သတင်း ကရင်ပြည်နယ်လွှတ်‌တော် လုပ်ငန်း‌ဖော်‌ဆောင်မှုအားနည်းဟု လွှတ်‌တော်ကိုယ်စားလှယ်အချို့ ‌ဝေဖန်

ကရင်ပြည်နယ်လွှတ်‌တော် လုပ်ငန်း‌ဖော်‌ဆောင်မှုအားနည်းဟု လွှတ်‌တော်ကိုယ်စားလှယ်အချို့ ‌ဝေဖန်

1314

ဒီဇင်ဘာ ၉ရက်၊ ၂၀၀၄ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်လွှတ်‌တော်အတွင်း လွှတ်‌တော်ကိုယ်စားများမှ သ‌ဘောတူအတည်ပြုထားသည့် လုပ်ငန်းစဉ်များကို အစိုးရတာ ဝန်ရှိသူများအ‌နေဖြင့် အ‌ကောင်အထည်‌ဖော်‌ဆောင်မှု အားနည်း‌နေသည်ဟု ကရင်ပြည်နယ်ရှိ လွှတ်‌တော်ကိုယ်စားလှယ်အချို့ က ဒီဇင်ဘာ ၄ရက်‌နေ့တွင် ‌ဝေဖန်‌ပြောဆိုလိုက်သည်။

နိုဝင်ဘာ ၂၄ရက်‌နေ့မှ ၂၆ရက်‌နေ့အထိ ပြုလုပ်ခဲ့သည့် ပထမအကြိမ် ကရင်ပြည်နယ်လွှတ်‌တော် ဒဿမ ပုံမှန်အစည်းအ‌ဝေးသို့ တက်‌ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်အမတ်များက ပြည်နယ်လွှတ်‌တော်အတွင်း သ‌ဘောတူဆုံးဖြတ်ထားသည့် လုပ်ငန်းများ ကို ‌ဆွေး‌နွေးရာတွင် ယင်းသို့‌တွေ့ရှိခြင်းဖြစ်‌ကြောင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ် ‌စောမင်း‌အောင်လင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“လုပ်ငန်းစဉ်အ‌ကောင်အထည်‌ဖော်‌ဆောင်ဖို့ ‌မေးရာမှာ ဝန်ကြီး‌တွေက ကျ‌နော်တို့ကို ‌ယေဘုယျဆန်ဆန်‌တွေပဲ ‌ဖြေသွားတယ်။ ဥပမာတစ်ခု ‌ထောက်ပြရရင် ပြည်နယ်အမှတ်အသားအ‌နေနဲ့ ကရင်ပြည်နယ်မြို့အတွင်းမှာ ရှိတဲ့ လမ်းဆုံလမ်းဂွ‌တွေမှာ မဂင်္လာ ဖားစည်နဲ့ ကျွဲချို‌တွေ တည်‌ဆောက်ဖို့ လွှတ်‌တော်က‌နေ သ‌ဘောတူဆုံးဖြတ်ထား‌ပေမယ့် အခုထိ အ‌ကောင်အထည် မ‌ဖော်နိုင် တာ ‌တွေ့ရတယ်”ဟု ‌စောမင်း‌အောင်လင်းက ‌ပြောသည်။

ထို့အပြင် ကရင်ပြည်နယ်အတွင်း လွှတ်‌တော်ကိုယ်စားလှယ်များ၏ ‌မေးမြန်းသည့် ‌မေးခွန်းများကို အချို့‌သော အစိုးရဌာနဆိုင်ရာ များက ပြန်လည်‌ဖြေကြားရာ၌ လွဲ‌ချော်မှုရှိခြင်း ပြည့်စုံလုံ‌လောက်မှု မရှိခြင်း၊ ထိန်ချန်ထားခြင်းများ ရှိသကဲ့သို့ လွှတ်‌တော်ကိုယ် စားလှယ် အများစုမှာ ပွင့်လင်းမြင်သာစွာ ထုတ်‌ဖော်‌ပြောဆို‌လေ့ မရှိ‌ကြောင်းလည်း ၎င်းက ဆက်‌ပြောသည်။

ကရင်ပြည်နယ်၊ လွှတ်‌တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ လက်ရှိ စက်မှုနှင့်လျှပ်စစ်စွမ်းအင်ဝန်ကြီး ‌စောကြည်လင်းက “လွှတ် ‌တော်ဆုံးဖြတ်ချက်အရ လုပ်ငန်း‌တွေ အ‌ကောင်အထည်‌ဖော်ဖို့ ကိုယ်စားလှယ်‌တွေရဲ့ ‌မေးမြန်းချက်‌တွေကို ပြည်နယ်အစိုးရဌာန ‌တွေအ‌နေနဲ့ အ‌ကောင်အထည်‌ဖော်ပြီ၊ ဒါမှမဟုတ် ဘဏ္ဍာ‌ငွေ မလုံ‌လောက်လို့ မပြီး‌သေး‌ကြောင်း စတာ‌တွေကို ရှင်းရှင်းလင်း လင်း ‌ဖြေကြားသင့်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောကြားလိုက်သည်။

ကရင်ပြည်နယ်တွင် ‌ရွေး‌ကောက်တင်‌မြှောက်ခံရသည့် လွှတ်‌တော်ကိုယ်စား ၁၄ဦး၊ မွန်၊ ပအိုဝ်း၊ ဗမာ စသည့်တိုင်းရင်းသားလူမျိုး လွှတ်‌တော်ကိုယ်စားလှယ် ၃ဦးနှင့် တပ်မ‌တော်သား ကိုယ်စားလှယ် ၆ဦး အပါအဝင် စုစု‌ပေါင်း ၂၃ဦးရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်း ဦး‌ဆောင်သည့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှာ ၁၂ဦးရှိ‌ကြောင်း သိရသည်။

ကရင်ပြည်နယ်လွှတ်‌တော် ပထမအကြိမ် နဝမ ပုံမှန်အစည်းအ‌ဝေးကို ယခုနှစ်၊ စက်တင်ဘာ ၄ရက်‌နေ့၌ သုံးရက်ကြာ ကျင်းပခဲ့ ပြီး ပြည်နယ်လွှတ်‌တော် စတင်ကတည်းက နဝမပုံမှန်အစည်းအ‌ဝေးအထိ လုပ်ငန်းအတွက် အဆိုတင်သွင်း၍ အတည်ပြုထား သည့် ဥပ‌ဒေမူကြမ်းမှာ ၇ခုရှိကာ နည်းဥပ‌ဒေကိုမူ တစ်ခုတည်းသာ အတည်ပြုနိုင်ခဲ့သည်ဟု ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် များ၏ ‌ပြောဆိုချက်များအရ သိရသည်။