Home သတင်း ‌ကေအဲန်ယူဗဟိုဆက်ဆံ‌ရေးရုံး အ‌ခြေခံကွန်ပျူတာနှင့် မီဒီယာသင်တန်း ဖွင့်လှစ်

‌ကေအဲန်ယူဗဟိုဆက်ဆံ‌ရေးရုံး အ‌ခြေခံကွန်ပျူတာနှင့် မီဒီယာသင်တန်း ဖွင့်လှစ်

1478

ဒီဇင်ဘာ ၁ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုဆက်ဆံ‌ရေးရုံးမှ ဦး‌ဆောင်၍ အ‌ခြေခံကွန်ပျူတာနှင့် မီဒီယာကို တစ်လ‌ကျော် ကြာ အဓိက သင်ကြားပို့ချသွားမည့် သင်တန်းတစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံမြို့၌ ယ‌နေ့ စတင် ဖွင့်လှစ်လိုက်သည်။

ယင်းသင်တန်းတွင် ကွန်ပျူတာ ပညာရပ်များ သင်ကြားရန် အခက်အခဲရှိ‌နေ‌သော လူငယ်များနှင့် လက်ရှိ တိုးတက်‌ပြောင်းလဲ‌နေ သည့်‌ခေတ်တွင် လူငယ်များအ‌နေဖြင့် အသိပညာပိုင်း၊ အတတ်ပညာပိုင်းများကို ဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းြ ဖစ်သည်ဟု ဖားအံမြို့ရှိ ‌ကေအဲန်ယူ ဗဟို ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောရှီးရှိုက ‌ပြောသည်။

“ဒီသင်တန်းက ဌာနအသီးသီး နယ်စုံလာကြတယ်ဆို‌တော့ ‌နောက်ပိုင်း က‌လေး‌တွေက သူ့ဟာနဲ့သူ ကွန်ရက်‌လေးချိတ်ပြီး‌တော့ ဆက်သွယ်မှု‌လေးရရင် လူငယ်အချင်းချင်း နားလည်မှုပိုပြီး‌တော့ ရှိလာမယ်။ ‌နောက်လူကြီး‌တွေလည်း အခုလုပ်‌နေတဲ့ ငြိမ်းချမ်း ‌ရေးဖြစ်စဉ်မှာ လူငယ်‌တွေလည်း ‌နောက်မှာ အများကြီး ကူညီပံ့ပိုးနိုင်မယ်လို့ ‌မျှော်လင့်တယ်”ဟု ဗိုလ်မှူး‌စောရှီးရှိုက ‌ကေအိုင်စီ သို့ ‌ပြောဆိုသည်။

ဒီဇင်ဘာ ၁ရက်မှ ဇန်နဝါရီ ၁၄ရက်‌နေ့အထိ သင်တန်းသူသင်တန်းသား ၂ဝဦးကို အခမဲ့ သင်ကြားပို့ချ‌ပေးသွားမည့် ၎င်းသင် တန်းကို ဖားအံမြို့၊ အ‌ဝေး‌ပြေးယာဉ်ရပ်နားစခန်း အဝင်လမ်းမကြီးအနီး၊ ‌ကျေးဇူး‌တော်ရိုးရာအထည်ဆိုင်၊ ယက်ကန်းရုံ‌ဟောင်း တွင် ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဆရာ‌လေးဦးက သင်ကြား‌ပေးသွားမည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ဖားအံဆက်ဆံ‌ရေးရုံးက ဆို သည်။

တက်‌ရောက်သည့် သင်တန်းသူသင်တန်းသားများသည် ‌ကေအဲန်ယူဆက်ဆံ‌ရေးရုံးများ ဖြစ်သည့် မြဝတီ၊ ‌ကျောက်ကြီး၊ ထား ဝယ်၊ ဘုရားသုံးဆူ၊ သထုံဆက်ဆံ‌ရေးရုံးမှတဆင့် ‌ပေးပို့လာသည့် လူငယ်များရှိသလို ကရင်ပြည်နယ်အတွင်းရှိ ကျုံဒိုးမြို့နယ်၊ ‌ကော့ကရိတ်မြို့နယ်နှင့် ဖားအံမြို့နယ်များမှ အမျိုးသမီး ၁ဝဦးနှင့် အမျိုးသား ၁ဝဦးတို့ဖြစ်ကြသည်ဟု သိရသည်။

‌ကေအဲန်ယူ ဘိတ်/ထားဝယ်ခရိုင်မှ သင်တန်းတက်‌ရောက်သူ ‌စောမိုးထက်မြင့်က “ဒီကွန်ပျူတာသင်တန်းနဲ့ ပတ်သက်ပြီး ကျ‌နော်တို့လူငယ်အတွက် ‌ကောင်းပါတယ်။ သင်တန်းက‌နေ ကျ‌နော်ဝါသနာပါတာ တစ်ခုက‌တော့ သတင်းမီဒီယာပါ။ ကျ‌နော် က ဆက်ဆံ‌ရေးရုံးမှာ အလုပ်လုပ်တယ်ဆို‌တော့ ဒီသင်တန်းက ရတဲ့ပညာ‌တွေကို ဆက်ဆံ‌ရေးရုံးမှာ ပြန်ပြီး အသုံးချမယ်။ ‌နောက်တစ်ခု ကွန်ပျူတာပညာက‌တော့ အသက်‌မွေးဝမ်း‌ကြောင်းပြုလို့ရတယ်‌လေ”ဟု ‌ပြောဆိုသည်။

‌ကေအဲန်ယူသည် ၂၀၁၂ခုနှစ်မှစ၍ မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး‌နောက်ပိုင်း အ‌ခြေခံကွန်ပျူတာနှင့် မီဒီယာသင်တန်း ကို ‌ကေအဲန်ယူ ဗဟိုဆက်ဆံ‌ရေးရုံးတွင် ပထမဦးဆုံးအကြိမ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ၎င်းဖွင့်ပွဲသို့ ‌ကေအဲန်ယူဗဟို‌ကော်မတီဝင် ကာ ကွယ်‌ရေးဌာနတာဝန်ခံ ပဒို‌စော‌ရောဂျာခင်၊ ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီး‌အောင်လွင်၊ KNU/ KNLA ငြိမ်းချမ်း‌ရေး‌ကောင်စီ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဦး‌အောင်ချစ်၊ ကရင်ပါတီအဖွဲ့များနှင့် သင်တန်းသူသင်တန်းသားများ စုစု ‌ပေါင်း ၄၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။