Home သတင်း အမှန်တကယ် ငြိမ်းချမ်း‌ရေးမရ‌သေး‌ကြောင်း တိုင်းရင်းလူမှုအဖွဲ့များ ရှင်းလင်း‌ပြောဆို

အမှန်တကယ် ငြိမ်းချမ်း‌ရေးမရ‌သေး‌ကြောင်း တိုင်းရင်းလူမှုအဖွဲ့များ ရှင်းလင်း‌ပြောဆို

1563

နိုဝင်ဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့် ကာလတွင် တိုင်းရင်းသား‌ဒေသအတွင်း လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုနှင့် စစ်ပွဲများ ရှိ‌နေဆဲဖြစ် သည့်အတွက် အမှန်တကယ် ငြိမ်းချမ်း‌ရေးမရရှိ‌သေးတဲ့အ‌ကြောင်းကို နိုင်ငံတကာသို့ သိ‌စေလို၍ ကချင်၊ ကရင်၊ ရှမ်း တိုင်းရင်း သားများ ကိုယ်စားပြု လူမှုအဖွဲ့အစည်း ၃ဖွဲ့က နိုဝင်ဘာလ ၁၂ရက်‌နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ချင်းမိုင်တက္ကသိုလ်၌ သွား ‌ရောက်ရှင်းပြခဲ့သည်။

မြန်မာအစိုးရက နိုင်ငံတကာမျက်နှာစာတွင် အပစ်ခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးထား၍ ငြိမ်းချမ်း‌ရေးရ‌နေပြီးဟု ‌ကြေညာထားခဲ့ ‌သော်လည်း လက်ရှိအချိန်တွင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ တိုက်ပွဲ ဆက်လက်ရှိ‌နေပြီး ဒုက္ခသည် များ ‌လျော့နည်းလာခြင်းမရှိ‌ကြောင်း ကိုယ်တိုင် သွား‌ရောက်ရှင်းပြခဲ့သူ ကချင်အမျိုးသမီးအစည်းအရုံး(KWAT)မှ ဂျက်စီးကာအင် ခွမ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အဓိက‌တော့ လက်ရှိအုပ်ချုပ်‌နေတဲ့ အစိုးရ ဦးသိန်းစိန်အုပ်ချုပ်မှုတာ ၃နှစ်ရှိပြီး နိုင်ငံတကာကလည်း သူ့ကို ဒီမိုက‌ရေစီလမ်း ‌ကြောင်း လုပ်‌နေတယ်လို့ ထင်ကြပြီ။ ဒါ‌ပေမဲ့ တကယ့်ပြည်သူလူထု‌တွေဆီမှာ ဒီ ၃နှစ်အတွင်း ‌နေရာတိုင်းမှာ စစ်တပ်‌တွေ တိုးချဲ့ တယ်။ လူ့အခွင့်အ‌ရေးချိုး‌ဖောက်တာ‌တွေရှိဆဲပဲ။ အတင်းအဓမ္မ‌ပြောင်း‌ရွှေ့ခိုင်းတာရှိတယ်။ မြို့ကြီးမှာ တိုးတက်ပြီး တိုင်းရင်းသား ‌ဒေသမှာ ပဋိပက္ခရှိ‌နေဆဲမို့ ကျမတို့က တကယ်‌ပြောင်းလဲ‌နေပြီလို့ လက်မခံဘူး။ အဲဒီအချက်‌တွေကို ‌ထောက်ပြတာ”ဟု ဂျက်စီ ကာအင်ခွမ်က ဆိုသည်။

အဆိုပါရှင်းလင်းပွဲသို့ ချင်းမိုင်တက္ကသိုလ်မှ ‌ကျောင်းသူ‌ကျောင်းသားများ၊ နိုင်ငံ‌ရေးစွမ်းရည်မြှင့်တင်‌ရေးသင်တန်းမှ ‌ကျောင်းသူ ‌ကျောင်းသားများ တက္ကသိုလ်ပါ‌မောက္ခအချို့နှင့် နိုင်ငံခြားဧည့်သည်များ စုစု‌ပေါင်း ကိုယ်စားလှယ် ၁၀၀‌ကျော် တက်‌ရောက်‌ဆွေး ‌နွေး ‌မေးမြန်းခဲ့ကြသည်။

ရှင်းလင်းပွဲတွင် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုပူး‌ပေါင်း‌ဆောင်ရွက်‌ရေးအဖွဲ့ KESAN မှ ဒါရိုက်တာ ‌စော‌ပေါလ်စိန်ထွားက “အစိုးရဘက် တင်ပြတဲ့ အ‌ခြေအ‌နေ‌တွေကို နိုင်ငံတကာက ယုံကြည်‌နေပြီး အဲဒါကို ကျ‌နော်တို့ တိုင်းရင်းသားဘက်က စိုးရိမ် တယ်။ ကျ‌နော်တို့ ‌လေ့လာသိရသ‌လောက် တိုင်းရင်းသားဘက်မှာ ဖြစ်ပျက်‌နေတဲ့ တိုက်ပွဲ‌တွေကို အစိုးရဘက်က ဒါကို မ‌တော် တဆပဲလို့ သတ်မှတ်တယ်။ ‌ဖြေရှင်း‌ပေးတာမရှိဘူး။ အဲဒါ‌တွေကို နိုင်ငံတကလည်း သိဖို့လိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုနှစ် ‌အောက်တိုဘာလအတွင်းက ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များတွင် အစိုးရစစ်တပ်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွားမှုများရှိခဲ့ပြီး ကရင်ပြည်နယ်၊ လှှိုင်းဘွဲမြို့နယ်အတွင်း တိုက်ပွဲ ‌ကြောင့် ကရင်‌ဒေသခံ ၂၀၀‌ကျော်မှာ ထိုင်းနိုင်ငံသို့ ယာယီ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသည်။