Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌တွေ့ဆုံ‌မေးမြန်းခြင်း

1637

“စနစ်တစ်ခုကို ‌ပြောင်းချင်တယ်ဆိုလို့ရှိရင် ဒီစနစ်ထဲကိုဝင်ပြီး‌တော့မှ ဒီအ‌တွေးအ‌ခေါ်၊ အယူအဆ‌တွေကို ကျမတို့ကိုယ်တိုင် လုပ်ပြရမယ်”
ရန်ကုန်မြို့‌တော် စည်ပင်သာယာ‌ရေးဌာန ‌ရွေး‌ကောက်ပွဲသို့ ဝင်‌ရောက်ယှဉ်ပြိုင်မည့် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ (KEWG)၏ ဒါရိုက်တာ ‌နော်စူစဲန်နာလှလှစိုးကို ‌ကေအိုင်စီ ‌တွေ့ဆုံ‌မေးမြန်းခြင်းဖြစ်သည်။

‌မေး။ ။ ပထမဦးဆုံးအ‌နေနဲ့ ရန်ကုန်မြို့‌တော် စည်ပင်သာယာ‌ရေး‌ရွေး‌ကောက်ပွဲဝင်ဖြစ်သွားတဲ့ အ‌ကြောင်းရင်းကို ရှင်းပြ‌ပေးပါ လား။
‌ဖြေ။ ။ ကျမက ရန်ကုန်မြို့‌တော်သူဖြစ်တယ်။ ဒီမှာပဲကြီးတယ်။ နိုင်ငံသားတစ်‌ယောက်လည်းဖြစ်‌တော့ မြို့‌တော်သူတစ် ‌ယောက်အ‌နေနဲ့ ဒီလိုမျိုး အခွင့်အ‌ရေးရလာတဲ့အချိန်မှာ အခွင့်အ‌ရေးကို လက်မလွတ်ဘဲနဲ့ ကိုယ်တတ်တဲ့ပညာနဲ့ ကိုယ်လုပ်ချင် တဲ့ဆန္ဒ‌တွေ ‌ပေါင်းစပ်ပြီး‌တော့ လုပ်ဖို့အတွက် ဒီစည်ပင်‌ကော်မတီထဲကိုဝင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

‌မေး။ ။ အကယ်၍ စည်ပင်သာယာ‌ကော်မတီဝင်အဖြစ် အ‌ရွေးခံရမယ်ဆိုရင် ဘာ‌တွေလုပ်‌ပေးသွားမယ်လို့ စဉ်းစားထားပါသလဲ။
‌ဖြေ။ ။ ကျမငယ်ငယ်ထဲက လူ‌တွေကို သန့်သန့်ရှင်းရှင်း၊ သပ်သပ်ရပ်ရပ် ‌နေ‌စေချင်တယ်။ ကျမ‌နေတဲ့ အင်းစိန်က‌နေ မြို့ထဲ ကိုလာရင် ကားကြပ်တယ်။ တစ်ခါတ‌လေ အစည်းအ‌ဝေး‌နောက်ကျတယ်။ ကျမ ပူပင်‌နေရတာ ရှိတယ်။ ‌နေ့တဓူဝ အလုပ်သွား ‌နေရတဲ့ ဥပမာ-လှိုင်သာယာတို့၊ ‌ရွှေပြည်သာတို့ လူ‌တွေဆို ပို‌တောင်‌ဝေး‌သေးတယ်။ ကုန်သွားတဲ့အချိန်‌တွေ၊ ‌ငွေ‌ကြေး‌တွေ အဲ့ဒါ ‌တွေက အင်မတန်မှ စဉ်းစားစရာ‌ကောင်းတဲ့ အချက်ဖြစ်တယ်။ ‌နောက်တစ်ခုက‌တော့ ‌ရေကြီးတဲ့ ပြဿနာ‌ပေါ့။ အခုက မိုးရွာလို့ ရှိရင် ‌ရေတက်ပြီး‌တော့ ပြန်မကျ‌တော့ဘူး။ အရင်က ‌ရေမတက်တဲ့‌နေရာ‌တွေ‌တောင် အခု‌ရေတက်တယ်။ ‌လှေနဲ့ သွားလာရ တယ်။ အဲ့ဒါ‌တွေက အင်မတန်မှ ကြီးမားတဲ့ ပြဿနာဖြစ်တယ်။ ‌နောက်တခုက အမှိုက်ပြဿနာ‌ပေါ့။ နိုင်ငံတကာကို ကြည့်ရင် ဘယ်အစိုးရမှ အမှိုက်မကြုံး‌တော့ဘူး။ အင်မတန်မှလည်း အ‌သေးစိတ်တယ်။ တစ်အိမ်ချင်း၊ တစ်ရပ်ကွက်ချင်း လုပ်ရတာ ဖြစ်တဲ့ အတွက် မြို့မိမြို့ဖ‌တွေက ‌ကော်မတီဖွဲ့လုပ်တယ်။ ကန်ထရိုက်နဲ့ အပ်တယ်။ ဒါ‌လေး‌တွေကို‌တော့ ကျမစိတ်ထဲရှိပါတယ်။ အကယ် ၍ ကျမ ‌ရွေး‌ကောက်ခံရမယ်ဆိုရင်‌တော့ ‌နေ့တဓူဝ လူတိုင်းကြုံ‌တွေ့‌နေရတဲ့ အခက်အခဲပြဿနာ‌တွေ ဖြစ်တယ်။ သို့‌သော်လည်း လူထုအ‌ခြေပြုစစ်တမ်း‌တွေ လိုပါတယ်။ အဲ့‌တော့ ကျမက ဖြစ်‌စေချင်တာ မြို့‌တော်စီမံကိန်း‌တွေချရင် စစ်တမ်းက အင်မတန်မှ အ‌ရေးကြီးတယ်။ စစ်တမ်း‌တွေ‌ကောက်ပြီး‌တော့ အဲ့အခါကျမှ ပညာရှင်‌တွေနဲ့ လက်တွဲပြီး‌တော့ လုပ်ရမှာဖြစ်တယ်။

‌မေး။ ။ ရန်ကုန်မြို့‌တော်စည်ပင်မှာ အ‌ရွေးခံရရင် လက်ရှိအစိုးရသက်တမ်းအတိုင်းပဲ တနှစ်‌ကျော်ပဲလုပ်ရမှာ ဖြစ်တယ်‌လေ။ ဒီအ ‌ခြေအ‌နေမှာ ဆရာမ အ‌ကောင်အထည်‌ဖော်မဲ့အရာ‌တွေက လုပ်ဖို့ လွယ်ပါ့မလား။
‌ဖြေ။ ။ ကျမထင်တယ် အကုန်လုံးလုပ်ဖို့‌တော့ ဘယ်လွယ်ပါ့မလဲ။ အနှစ်‌ခြောက်ဆယ်လုံးလုံး ဒီလို‌တွေဖြစ်လာတာ ကျမတို့ တနှစ်ခွဲနဲ့‌တော့ မရဘူး။ ကျမ‌ပြောချင်တာက အ‌ခြေခံအုတ်မြစ် အ‌ရေးကြီးတယ်။ စနစ်တစ်ခုကို ‌ပြောင်းချင်တယ်ဆိုလို့ရှိရင် ဒီစနစ်ထဲကိုဝင်ပြီး‌တော့မှ ဒီအ‌တွေးအ‌ခေါ်၊ အယူအဆ‌တွေကို ကျမတို့ ကိုယ်တိုင်လုပ်ပြရမယ်။ ဒီ‌တော့ ကျမထင်တယ်။ အဲ့ဒီ ‌ဖောင်‌ဒေးရှင်းက အ‌ရေးကြီးတယ်ဆို‌တော့ ဒီလိုမျိုး တနှစ်ခွဲမှာကလည်း အင်မတန်မှ အ‌ရေးကြီးတယ်။ ‌နောက်တစ်ကြိမ်က‌တော့ ငါးနှစ်‌ပေါ့။ တကယ်လို့ မဲဆန္ဒရှင်‌တွေက ကျမကို ဆက်‌ရွေးရင် ငါးနှစ်ဆက်လုပ်ရမှာ‌ပေါ့။

‌မေး။ ။ အခု ဆရာမက လူမှု‌ရေးအဖွဲ့အစည်း ကိုယ်စားပြုကိုယ်စားလှယ်အ‌နေနဲ့ အ‌ရွေးခံမယ်။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံအရ သွားမယ်။ အစိုးရဝန်ထမ်းသ‌ဘောလုပ်ရမယ်။ ဒီ့အ‌ပေါ် ဆရာမ ဘယ်လိုမျိုး စဉ်းစားထားတာ ရှိလဲ။
‌ဖြေ။ ။ ကျမစဉ်းစားထားတာက ကျမအစိုးရဝန်ထမ်းကို ငါးနှစ် လုပ်ဖူးတယ်။ ကျမငယ်ငယ်တုန်းက‌ပေါ့၊ ‌ကျောင်းဆရာမ လုပ် ဖူးတယ်။ ဒါအင်မတန်မှ ရိုးရှင်းတဲ့ အလုပ်က‌လေး၊ သို့‌သော်လည်း ငယ်ငယ်ထဲက တက်တက်ကြွကြွ မဟုတ်မခံစိတ်‌လေးရှိ‌တော့ ‌ကျောင်းအုပ်ဆရာမ‌တွေနဲ့‌ရော၊ မြို့နယ်ပညာ‌ရေးမှူး‌တွေနဲ့‌ရော ထိပ်တိုက်‌တွေ့တာ‌တွေ ရှိခဲ့တယ်။ ကျမ အဲ့ဒါ‌တွေ စဉ်းစားထား တယ်။ တကယ်လို့ အခု‌ကော်မတီအ‌နေနဲ့ အ‌ရွေးခံရရင်‌တော့ ‌ကော်မတီ ၈‌ယောက်ရှိတယ်။ ကိုယ့်အထက်မှာ မြို့‌တော်ဝန်ရှိ တယ်။ ဒီလိုမျိုးအသိုင်းအဝိုင်းနဲ့ လုပ်ရမှာ‌ပေါ့‌နော်။ အ‌ကောင်းဆုံးဆက်ဆံ‌ရေး‌ပြေလည်ဖို့ စဉ်းစားထားပြီးသားပါ။ ‌နောက်ပြီး‌တော့ အဓိက က‌တော့ ‌စေတနာပါ။ အ‌ကောင်းဆုံး ကြိုးစားလုပ်‌ဆောင်မယ်ဆိုရင်‌တော့ ကိုယ့်လုပ်‌ဖော်ကိုင်ဖက်‌တွေနဲ့လည်း ပူး‌ပေါင်း လုပ်‌ဆောင်ရတာ အဆင်‌ပြေမှာပါ။

‌မေး။ ။ ဆရာမအ‌နေနဲ့ လူမှု‌ရေးအဖွဲ့အစည်း‌တွေမှာ လုပ်ကိုင်စဉ်တုန်းက ဖွဲ့စည်းပုံပြင်ဆင်‌ရေး ကိစ္စ‌တွေကို တက်တက်ကြွကြွ လုပ်ခဲ့တာ ရှိတယ်။ အခုက‌တော့ ဖွဲ့စည်းပုံအရ လုပ်မဲ့ စည်ပင်‌ရွေး‌ကောက်ပွဲကိုဝင်မယ်ဆို‌တော့ ဆရာမရဲ့ ရပ်တည်ချက်ကို ရှင်းပြ ‌ပေးပါလား။
‌ဖြေ။ ။ ရပ်တည်ချက်က‌တော့ ကျမဝါသနာပါတဲ့ အလုပ်လည်းဖြစ်‌နေတယ်။ လူ‌တွေကို ကူညီချင်တယ်။ လူ့ဂုဏ်သိက္ခာနဲ့အ ညီ ‌နေ‌စေချင်တယ်။ တခါတ‌လေ ကျမသွားလာတဲ့အခါမှာ လူ့ဂုဏ်သိက္ခာနဲ့ မ‌နေရသလို ခံစားရတယ်။ ကား‌တွေဆိုလည်း ကြပ် ပြီး‌တော့ တ‌နေကုန် အလုပ်ပင်ပင်ပမ်းပမ်းလုပ်ပြီး‌တော့ သွားလာ‌နေတာ။ ဒါလူ့ဂုဏ်သိက္ခာနဲ့ ဘယ်လိုမှ မညီညွှတ်ဘူး‌လေ။ ကား ‌တွေဆိုလည်း တစ်စီးနဲ့တစ်စီး ‌ကျော်တက်ကြတာ မကြားဝံ့မနာသာ ‌ပြောဆိုတာ ‌တွေ့ရတယ်။ အဲ့ဒါ‌တွေကို ကျမ‌တွေ့ရတဲ့အခါ လူ‌တွေကို လူ့ဂုဏ်သိက္ခာနဲ့အညီ ‌နေ‌စေချင်တယ်ဆို‌တော့ ဒီ ၂၀၀၈က‌တော့ ဒါက တဖက်‌ပေါ့‌နော်။ ‌ပြောင်း‌ပေးဖို့လည်း အပြည့် အဝ ‌ထောက်ခံတယ်။ ဒါကို‌ထောက်ခံလို့ ဒီကိုဝင်တာ‌တော့ မဟုတ်ဘူး။ ‌ပြောင်း‌ပေးဖို့လည်း ကျမဆက်လက်ပြီး‌တော့လည်း လှုပ် ရှားသွားမှာပဲ။ အဓိက က‌တော့ ကျမဟာ လူ‌တွေကိုကူညီချင်တယ်။ လူ့ဂုဏ်သိက္ခာနဲ့အညီရှိတဲ့ လူမှုဘဝကို ရ‌စေချင်တယ်။

‌မေး။ ။ ဆရာမအ‌နေနဲ့ ‌နောင်ဆိုရင်‌ရော နိုင်ငံ‌ရေးဝင်လုပ်သွားဖို့ ရှိပါသလား။
‌ဖြေ။ ။ ရှိပါတယ်။ အဓိက လုပ်ချင်တာက‌တော့ နိုင်ငံ‌ရေးပါ။ အခုလည်း ကျမတို့ တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီး အစုအဖွဲ့ ‌လေး ဖွဲ့ထားပါတယ်။ အမျိုးသမီးနိုင်ငံ‌ရေးတက်ကြွလှုပ်ရှားမှုအဖွဲ့ ၂၀၁၅ ဆိုပြီး‌တော့ နာမည်‌လေး ‌ပေးထားပါတယ်။ အဲဒါက ‌တော့ လာမဲ့ ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အမျိုးသမီး ကိုယ်စားလှယ်‌လောင်း‌တွေ ပါဝင်ယှဉ်ပြိုင်နိုင် ဖို့ ရည်ရွယ်ပြီး‌တော့ ဖွဲ့ထားတာဖြစ်ပါတယ်။ အဲ့မှာ‌ပေါ့‌နော်။ ပထမဦးဆုံး အခွင့်အ‌ရေးတစ်ခုအ‌နေနဲ့ ၂၀၁၄ခုနှစ်အကုန်၊ ဒီဇင်ဘာ ၂၇ရက်‌နေ့မှာ ဒီနှစ်‌ပေါင်း ၆၀‌ကျော် ရပ်တန့်ထားတဲ့ စည်ပင်သာယာ‌ရေး‌ကော်မတီ ‌ရွေး‌ကောက်ပွဲပြန်လုပ်ပါမယ်လို့ ကြားလိုက် တဲ့အခါမှာ ကျမတို့အဖွဲ့က အဆင်သင့်‌ပေါ့‌နော်။ အပတ်တိုင်းလည်း ‌တွေ့ဖြစ်တိုင်ပင်ဖြစ်တယ်။ အဲဒီအချိန်မှာ ကျမက ပြည်သူလူ ထုအတွက်လည်း အမြဲရပ်တည်ခဲ့တယ်။ စီမံခန့်ခွဲမှုလည်း ရတယ်။ ဒီလုပ်ငန်းကိုလည်း စိတ်ဝင်စားတယ်ဆိုပြီး‌တော့ အားလုံးက ဝိုင်းတိုက်တွန်းတယ်။ လုပ်သင့်တယ်ဆိုပြီး‌တော့ ကိုယ်စားလှယ်‌လောင်းအဖြစ်နဲ့ ‌လျှောက်လွှာတင်ပြီး အ‌ရွေးခံသွားတာပါ။

‌မေး။ ။ အခုလက်ရှိ စည်ပင်‌ရွေး‌ကောက်ပွဲဝင်ဖို့ အမျိုးသမီးတစ်ဦးလည်းဖြစ်‌တော့ ဘယ်လိုအခက်အခဲ‌တွေ ရှိပါသလဲ။
‌ဖြေ။ ။ ‌ပြောရမယ်ဆိုရင်‌တော့ ကျမနဲ့ ယှဉ်ပြိုင်မဲ့သူ‌တွေက သူ‌ဌေး‌တွေ‌ပေါ့‌နော်။ ကျမသူတို့ကို ‌တွေ့တဲ့အချိန်မှာ အရမ်းချမ်း သာကြတယ်။ အခုလည်း ကြား‌နေရတာပဲ‌လေ။ ‌ငွေအင်အားနဲ့ မဲဆွယ်မှု‌လေး‌တွေရှိတယ်။ ကျမ‌တော့ ‌ငွေ‌ရေး‌ကြေး‌ရေး ဘယ်လို မှ မ‌ပေးနိုင်ဘူး။ ‌သေချာတယ်။ ကျမ အခု လက်ကမ်းစာ‌စောင်ထုတ်တာ‌တောင် ကိုယ့်ပိုက်ဆံနဲ့ ကုတ်ကုတ်ကပ်ကပ် လုပ်ရတဲ့ အ‌နေအထားမျိုးရှိတယ်။ ဆို‌တော့ ‌ငွေ‌ရေး‌ကြေး‌ရေး ပြဿနာက အခက်အခဲ‌တော့ ရှိမယ်။ ဒါကို ကျမ သိပ်မစိုးရိမ်ဘူး။ ကျမရဲ့ သူငယ်ချင်း‌တွေကလည်း တ‌ယောက်ကို အများကြီး‌တော့ မဟုတ်ဘူး။ သူတို့တတ်နိုင်သ‌လောက် ကူညီကြတယ်ဆို‌တော့ ကျမ ဒါကို ‌ကျော်လွှားသွားနိုင်မှာပါ။ ‌နောက်တစ်ခုက လူ‌တွေ မသိခြင်း ပြဿနာ‌ပေါ့။ စည်ပင်သာယာ အမည်ကြားကတည်းကိုက တွန့်‌နေပြီးဆို‌တော့ မဲ‌ပေးရမယ်ဆို‌တော့ ‌နောက်တဆင့်‌ပေါ့။ သူတို့ရဲ့ အ‌တွေးအမြင်ကို ‌ပြောင်း‌ပေးဖို့ကလည်း အခက်အခဲတစ်ခု လို့ မြင်တယ်။ သူတို့ကို သူတို့ကို မဲ‌ပေးချင်လုပ်ဖို့ကလည်း အခက်အခဲတစ်ခုလို့ ‌ပြောချင်ပါတယ်။

‌မေး။ ။ KWEG တာဝန်နဲ့ စည်ပင်မှာလည်း အ‌ရွေးခံရမယ်ဆိုရင် ဘယ်လိုလုပ်ကိုင်သွားမလဲ။
‌ဖြေ။ ။ ဒါက‌တော့ ဥပ‌ဒေအရ KWEG က ထွက်ရမယ်။ ‌ကော်မတီမှာက အချိန်ပြည့်လုပ်ရမှာကိုး။ ဆို‌တော့ ဒီအဖွဲ့အစည်းက လည်း ၁ဝနှစ်‌ကျော်လာပြီးဆို‌တော့ သူ့ဘာသာသူ ရပ်တည်နိုင်တယ်။ ကျမရဲ့အစား ဝင်‌ရောက်မဲ့သူလည်း ရှိပါတယ်။ ဆို‌တော့ စိတ်ချတယ်။ ဒီအဖွဲ့အစည်းက‌တော့ သူ့ရဲ့‌ဆောင်ပုဒ်အတိုင်း ရပ်တည်ချက်အတိုင်း ဆက်လုပ်သွားမယ်။ ကျမက‌တော့ အ‌ရွေးခံရ ရင် ‌ကော်မတီဝင်အ‌နေနဲ့ အချိန်ပြည့်လုပ်သွားမှာပါ။

‌နော်စူစဲန်နာလှလှစိုး၏ ကိုယ်‌ရေးအကျဉ်း
အမည်ရင်းမှာ ‌နော်လှလှစိုး (ခ) စူစဲန်နာဖြစ်ပြီး လက်ရှိ အသက်မှာ ၄၉နှစ်ဖြစ်သည်။ နှစ်ခြင်းခရစ်ယာန်ဘာသာဝင် ကရင်လူမျိုး ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် မဟာသိပ္ပံဘွဲ့(ဇီဝ‌ဗေဒ)ဖြင့်လည်း‌ကောင်း၊ အ‌မေရိကန် ပြည်‌ထောင်စု၊ ပင်စီဗင်းနီးယား အ‌ရှေ့ ပိုင်းတက္ကသိုလ်တွင် မဟာဘွဲ့(စီးပွား‌ရေးစီမံခန့်ခွဲမှုပညာ)ဖြင့်လည်း‌ကောင်း ဘွဲ့ရရှိခဲ့သည်။ လုပ်ငန်းအ‌တွေ့အကြုံအားဖြင့် ကရင် အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့၌ စီစဉ်ညွှန်ကြား‌ရေးမှူး၊ အမျိုးသမီးငြိမ်းချမ်း‌ရေး‌ရှေ့‌ဆောင်ကွန်ရက် ဥက္ကဌ၊ မြန်မာနိုင်ငံ အမျိုး သမီးများကွန်ရက် (၂၀၁၂-၂၀၁၃)တွင် သဘာပတိ၊ ကန်‌ပေါက်လူမှုစီးပွား‌ရေးအဖွဲ့ (၂၀၀၇-၂၀၀၉)တွင် စီမံကိန်းမန်‌နေဂျာနှင့် World Vision Myanmar (၁၉၉၅-၂၀၀၆)တို့တွင် တာဝန်ယူ လုပ်ကိုင်ခဲ့သူဖြစ်သည်။