Home သတင်း ဖမ်းဆီး‌ထောင်ချခံရသည့် ဒီ‌ကေဘီ‌အေဒုဗိုလ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်‌မြောက်

ဖမ်းဆီး‌ထောင်ချခံရသည့် ဒီ‌ကေဘီ‌အေဒုဗိုလ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်‌မြောက်

1950

‌အောက်တိုဘာ ၇ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြအကျဉ်း‌ထောင်တွင် ‌ထောင်ဒဏ် ၂နှစ် ချမှတ်ခြင်းခံရသည့် ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့ အ‌ခြေစိုက် ဒီမိုက‌ရေစီကရင်အကျိုးပြုတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)ဌာနချုပ် လက်‌အောက်ခံ အထူးစစ်‌ကြောင်းတပ်ဖွဲ့မှ ဒုဗိုလ်‌စော မြ‌စောသည် မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ယမန်‌နေ့က ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

နိုင်ငံ‌တော် တည်ငြိမ်‌အေးချမ်း‌ရေး၊ တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးအတွက်လည်း‌ကောင်း၊ လူသား ချင်းစာနာ‌ထောက်ထားမှုကို အ‌လေး‌ပေး‌သောအားဖြင့် နိုင်ငံ‌တော်သမ္မတက ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ ပုဒ်မ(၂၀၄)၊ ပုဒ်မခွဲ(က) အရ အကျဉ်းသူ၊ အကျဉ်းသား ၃၀၇၃ဦးကို လွတ်ငြိမ်းချမ်းသာခွင့်‌ပေးလိုက်‌ကြောင်း အစိုးရ၊ ပြန်ကြား‌ရေးဝန်ကြီးဌာနက ‌အောက်တိုဘာ ၇ရက်‌နေ့ ထုတ်ပြန်ခဲ့ရာ ထိုအထဲတွင် ‌စောမြ‌စော ပါဝင်ခဲ့ခြင်းဖြစ်သည်။

ပြန်လည်လွတ်‌မြောက်လာသည့် ‌စောမြ‌စောက “‌နေ့လည် ၂နာရီ‌လောက်မှာ ‌ထောင်ဝန်ထမ်း‌တွေက နာမည်စာရင်း စ‌ကြေညာ တယ်။ ‌နေ့လည် သုံးနာရီခွဲမှာ ‌ထောင်က လွတ်လာတယ်။ ‌လော‌လောဆယ်ရွာမှာပဲ။ မြဝတီကို‌တော့ မပြန်ရ‌သေးဘူး။ အဖွဲ့ကို လည်း အ‌ကြောင်းကြားပြီးသွားပြီ။ စဖမ်းထဲကဆို တနှစ်နဲ့တစ်လ ‌ထောင်ထဲမှာ ‌နေခဲ့ရတယ်။ ကျန်းမာ‌ရေးလည်း ‌ကောင်းပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောမြ‌စောသည် ဧရာဝတီတိုင်းအတွင်းရှိ အလုပ်လက်မဲ့ လူငယ်များကို ဘုရားသုံးဆူမြို့နယ်အတွင်းရှိ ဒီ‌ကေဘီ‌အေပိုင် ရာဘာ နှင့် သစ်‌မွှေးခြံများတွင် အလုပ်လုပ်ရန် ၂၀၁၃ခုနှစ်၊ ဩဂုတ် ၂၆ရက်‌နေ့က လာ‌ရောက်‌ခေါ်ယူစဉ် မအူပင်မြို့နယ်အစိုးရကဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး ကျည်ဆံ နှစ်‌တောင့် လက်ဝယ်‌တွေ့ရှိသည့်အတွက် လက်နက်မှုနှင့် မှတ်ပုံတင်နှစ်ခု ကိုင်‌ဆောင်မှု ပုဒ်မ ၄၂၀၊ ၁၉(င)၊ ၁၉(စ)တို့ဖြင့် အမှုဖွင့်ကာ ‌ထောင်ဒဏ် ၂နှစ်ချမှတ်ခံခဲ့ရာမှ ယခုလို ပြန်လည်လွတ်‌မြောက်လာခြင်းလည်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ၏ လွတ်ငြိမ်းသာခွင့်အဖြစ် ပြန်လည်လွတ်‌မြောက်လာသည့် အကျဉ်းသား ၃၀၇၃ဦးထဲတွင် နိုင်ငံခြား အကျဉ်းသား ၅၈ဦး ပါဝင်‌ကြောင်း သိရသည်။

အစိုးရ၏ ယင်းလွတ်ငြိမ်းချမ်းသာခွင့်အ‌ပေါ် နိုင်ငံ‌ရေးအကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း (AAPP)မှ တွဲဖက်အတွင်း ‌ရေးမှူး ဦးဘိုကြည်က “အခု လွတ်တဲ့သူ‌တွေထဲမှာ မြစ်ကြီးနား‌ထောင်က‌နေ လွတ်လာတဲ့ မာလတစ်‌ယောက်ပဲ နိုင်ငံ‌ရေးအကျဉ်း သားအဖြစ် ပါတယ်။ ကျန်တာက‌တော့ ကျ‌နော်တို့‌တောင်းထားတဲ့ထဲမှာ တိုင်းရင်းသား‌တွေ ကျန်ပါ‌သေးတယ်။ ‌ကေအဲန်ယူက ‌လေးငါး‌ယောက်နဲ့ SSA က ကျန်‌နေတာ‌တွေ ရှိပါ‌သေးတယ်။ ဒါ‌တွေက အမျိုးသားပြန်လည်သင့်မြတ်‌ရေးရှု‌ထောင့်က‌နေ လွတ် ကို လွတ်‌ပေးသင့်တဲ့ကိစ္စ။ ဒါကို အစိုးရအ‌နေနဲ ့အမြန်ဆုံး အ‌ကောင်အထည်‌ဖော်ရင်‌တော့ တိုင်းပြည်အတွက် ‌တော်‌တော် ‌ကောင်းမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌အောက်တိုဘာ ၇ရက်‌နေ့က ထုတ်ပြန်သည့် လွတ်ငြိမ်းချမ်းသာခွင့်အရ ဗုံး‌ပေါက်ကွဲမှုတွင် ‌ကေအိုင်‌အေနှင့် ဆက်သွယ်မှုရှိသည် ဟုဆိုကာ ဖမ်းဆီးခံရပြီး ‌ထောင်ဒဏ် ၅နှစ် ချမှတ်ခံရသူ မာလ တစ်ဦးတည်းသား နိုင်ငံ‌ရေးအကျဉ်းသားအဖြစ် ပါဝင်‌ကြောင်း၊ ယခင် စစ်‌ထောက်လှမ်း‌ရေးတပ်ဖွဲ့ဝင် ၈ဦးတို့လည်း ပြန်လည်လွတ်‌မြောက်လာ‌ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ အကျဉ်း‌ထောင်များ တွင် နိုင်ငံ‌ရေးအကျဉ်းသား ၇၀‌ကျော်ရှိ‌သေး‌ကြောင်း AAPP ၏ စာရင်းပြုစုထားချက်များအရ သိရသည်။