Home သတင်း ပါတီမှတ်ပုံတင်မကျ‌သေး၍ စည်းရုံး‌ရေးလုပ်ရန် KNP ခက်ခဲ‌နေ

ပါတီမှတ်ပုံတင်မကျ‌သေး၍ စည်းရုံး‌ရေးလုပ်ရန် KNP ခက်ခဲ‌နေ

1254

‌အောက်တိုဘာ ၂၃ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသားပါတီ(KNP)သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ရက်‌နေ့က ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံသို့ ပါတီမှတ်ပုံ တင်သွား‌ရောက်‌လျှောက်ထားပြီးဖြစ်‌သော်လည်း ယ‌နေ့အချိန်ထိ မှတ်ပုံတင်ခွင့် မရရှိ‌သေးသည့်အတွက် ပါတီစည်းရုံး‌ရေးလုပ် ငန်းစဉ်များ လုပ်‌ဆောင်ရန် ခက်ခဲလျှက်ရှိ‌ကြောင်း ပါတီ‌ခေါင်း‌ဆောင် မန်း‌ကျော်ငြိမ်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ပြည်‌ထောင်စု‌ရွေး‌ကော်ပွဲ‌ကော်မရှင်က ကျ‌နော်တို့ကို ဇူလိုင် ၁၆ရက်‌နေ့က ပါတီတည်‌ထောင်ခွင့်ပြုလိုက်ပါတယ်။ အဲ့‌တော့ နိုင်ငံ ‌ရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပ‌ဒေအတိုင်း ‌ခေါင်‌ဆောင်နှစ်ဦး‌ရွေးပြီး ‌ကော်မရှင်ကို ပါတီမှတ်ပုံတင် သွား‌လျှောက်ထားခဲ့ ‌ပေမဲ့ အခုထိ အ‌ကြောင်းမပြန်‌သေးဘူး။ ပါတီနဲ့ ပူး‌ပေါင်း‌ဆောင်ရွက်လိုသူ‌တွေ ‌နေ့စဉ် ဆက်သွယ်‌မေးမြန်းတာရှိ‌ပေမဲ့ ‌လော‌လော ဆယ် မှတ်ပုံတင်မကျ‌သေး‌တော့ ပါတီစည်းရုံး‌ရေးလုပ်ငန်းကို မလုပ်နိုင်‌သေးဘူးဖြစ်‌နေတယ်”ဟု မန်း‌ကျော်ငြိမ်းက ‌ပြောသည်။

၎င်းကိစ္စအ‌ပေါ် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၊ ဒုညွှန်ကြား‌ရေးမှူး ဦးလှ‌မောင်ချိုက လက်ရှိ KNP ၏ အမည်၊ အလံနှင့် တံဆိပ်တို့ကို နိုင်ငံ‌ရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပ‌ဒေပုဒ်မ-၁၄ အရ ကန့်ကွက်နိုင်‌ကြောင်း၊ သတင်းစာတွင် ‌ကြော်ငြာခဲ့ပြီး ဖြစ်သလို သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ပြည်‌ထောင်စု မပြိုကွဲ‌ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ‌ရေးတို့အပြင် နိုင်ငံ ‌တော်တံဆိပ်၊ အခြားအသင်းအဖွဲ့များတံဆိပ်တို့နှင့် တုပ သုံးထားခြင်း ရှိမရှိတို့ကို စိစစ်ပြီး‌နောက် အ‌ကြောင်းပြန်လာပါက ပါတီ မှတ်ပုံတင်ခွင့်ပြုနိုင်‌ရေးအတွက် လုပ်‌ဆောင်သွားမည်ဟု ‌ပြောဆိုသည်။

ဦးလှ‌မောင်ချိုက “‌လော‌လောဆယ်အ‌နေအထားအရ ကရင်အမျိုးသားပါတီက စိစစ်ဆဲကာလပဲ ရှိပါ‌သေးတယ်။ စိစစ်ချက်‌တွေ ပြန်လာပြီး အားလုံးစုံရင် အမှာစာနဲ့တင်မယ်။ ကျ‌နော်ထင်ပါတယ်။ အချိန်ကာလ သိပ်မကြာဘူးလို့ ထင်ပါတယ်။ သူ မှတ်ပုံတင် ကျသွား‌ကောင်း ကျသွားနိုင်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNP ပါတီကို အမျိုးသားတန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရ‌ရေး၊ အခြားတိုင်းရင်းသားများနှင့် လက်တွဲကာ စစ်မှန်သည့် ဒီမိုက ရက်တစ်ဖက်ဒရယ် ပြည်‌ထောင်စု‌ပေါ်ထွန်း‌ရေး၊ ကရင်လူထုနစ်နာဆုံးရှုံးမှုများကို ကာကွယ်‌ပေးပြီး ရပိုင်ခွင့်များ ‌တောင်းဆို‌ရေး စသည့်ရည်ရွယ်ချက်များဖြင့် တည်‌ထောင်ရခြင်းဖြစ်‌ကြောင်း ဦး‌ဆောင်တည်‌ထောင်ခဲ့သူများက ‌ပြောဆိုထားသည်။

ယခုနှစ်ဆန်းပိုင်း၌ KNP တည်‌ထောင်ရန် ရန်ကုန်၊ ပန်းတ‌နော်၊ ‌ကျောင်းကုန်း၊ အိမ်မဲနှင့် ဝါးခယ်မမြို့နယ်တို့တွင် လူထု‌တွေ့ဆုံပွဲ များ ပြုလုပ်ခဲ့ပြီး ဦး‌ဆောင်သူ ၁၅ဦးအား ဧပြီလ ၂၇ရက်‌နေ့က ဝါးခယ်မမြို့နယ်၊ ‌သေ‌တော‌ကျေးရွာအတွင်း ပါတီတည်‌ထောင် ‌ရေး လူထု‌တွေဆုံပွဲ ပြုလုပ်ကာ ‌ရွေးချယ်ခဲ့သည်။

ထို့‌နောက် KNP သည် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ထံသို့ ဇွန်လ ၂ရက်‌နေ့က တည်‌ထောင်ခွင့်‌လျှောက်ထားခဲ့ပြီး ဇူလိုင်လ ၁၆ရက် ‌နေ့တွင် ပါတီတည်‌ထောင်ခွင့်ရရှိကာ လက်ရှိ မှတ်ပုံတင်ရရှိ‌ရေးကိုသာ ‌စောင့်စား‌နေ‌ကြောင်း သိရသည်။