Home သတင်း UNFC မှ ယာယီရပ်ဆိုင်းခြင်းအ‌ပေါ် KUPC အား ‌ကေအဲန်ယူ ရှင်းပြ

UNFC မှ ယာယီရပ်ဆိုင်းခြင်းအ‌ပေါ် KUPC အား ‌ကေအဲန်ယူ ရှင်းပြ

1978

စက်တင်ဘာ ၆ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)မှ ယာယီရပ်ဆိုင်းခြင်းအ‌ပေါ် ကရင်အမျိုးသားစည်းလုံးညီ ညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ(KUPC) အား ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူက ကရင်ပြည်နယ်၊ ဖားအံမြို့ သု‌မေဓာရာမကြား‌တောရ‌ကျောင်း၌ စက်တင်ဘာလ ၄ရက်‌နေ့က ကျင်းပသည့် KUPC ‌ကော်မတီအစည်းအ‌ဝေးတွင် ရှင်းပြခဲ့ သည်။

ပဒို‌စောတာဒိုမူးက “‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီးရဲ့ စကားရှိပါတယ်။ ကျ‌နော်တို့ ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမယ်ဆိုတာ‌ပေါ့ ‌နော်။ UNFC က သူ့ကွန်ကရက်က ချမှတ်လိုက်တဲ့မူ‌တွေဟာ ကျ‌နော်တို့က‌နေပြီး‌တော့ ကရင်ကံကြမ္မာကို ကရင်ဖန်တီးလို့မရတဲ့ ပုံစံ‌တွေနဲ့ ချမှတ်တာကို ကျ‌နော်တို့က ‌ဆွေး‌နွေးညှိနှိုင်းပြီး‌တော့ ကျ‌နော်တို့ လိုချင်တဲ့ဟာကို ညှိညှိနှိုင်းနှိုင်းနဲ့ ဘယ်လိုသွားသင့် လဲဆိုတာကို ကျ‌နော်တို့် ညှိနှိုင်းကြတယ်။ ဒါ‌ပေမယ့် ညှိနှိုင်းတဲ့‌နေရာမှာ တချို့က‌တော့ လက်ခံနိုင်တဲ့ အ‌နေအထားမျိုးရှိ‌ပေမယ့် အများစုက‌တော့ ပုံစံ‌ဟောင်းအတိုင်းပဲ သွားချင်တယ်ဆိုတဲ့အခါကျ‌တော့ ကျ‌နော်တို့ ‌ကေအဲန်ယူရဲ့ ‌ပေါ်လစီနဲ့ လုံးဝဆန့်ကျင်တဲ့ အခါကျ‌တော့ ဆက်သွားဖိုု့က အများကြီး အခက်အခဲရှိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း KUPC ‌ကော်မတီအစည်းအ‌ဝေးသို့ KUPC ‌ကော်မတီဝင်ဖြစ်ကြသည့် ‌ကေအဲန်ယူမှ ပဒို‌စောလှထွန်း၊ ပဒို‌စောတာဒိုမူး၊ ကရင် ဘာသာ‌ရေး‌ခေါင်း‌ဆောင် ဆရာ‌တော် ‌စောမက်သယူး‌အေးနှင့် ဆရာ‌တော်ဦးစန္ဒာဝရ၊ နမ့်ခင်‌အေးဦး၊ ‌နော်ရီဘက်ခါထင်နှင့် ဖားအံမြို့ရှိ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောရှီးရှို အပါအဝင် စုစု‌ပေါင်း ၁၇ဦး တက်‌ရောက်ခဲ့ကြသည်။

KUPC ‌ကော်မတီဝင်တစ်ဦးဖြစ်သည့် ခရစ်ယာန်ဘာသာ‌ရေး‌ခေါင်း‌ဆောင် ဆရာ‌တော် ‌စောမက်သယူး‌အေးက “ကျ‌နော်တို့က ‌တော့ သူ‌ပြောတဲ့အ‌ပေါ်မှာ‌တော့ နားလည်လို့ရတယ်‌လေ။ ‌ကေအဲန်ယူက UNFC ရဲ့ ဗဟိုဦးစီးစနစ်ကို လက်မခံနိုင်ဘူး‌လေ။ အနှစ် ၆၀‌ကျော် တိုက်ပွဲဝင်လာတဲ့ ‌ကေအဲန်ယူအ‌ပေါ်မှာ လွှမ်းမိုးတာကျ‌တော့ ကရင်လူထုအ‌နေနဲ့ နားလည်ရခက်တာ‌ပေါ့‌နော်။ တစ်ခုပဲရှိတယ်။ ‌ကေအဲန်ယူအတွင်းမှာ‌တော့ အကွဲအပြဲ‌တော့ မဖြစ်‌စေချင်ဘူး။ စုစုစည်းစည်းပဲ ဖြစ်‌စေချင်တယ်။ ဘယ်လိုပဲဖြစ် ဖြစ် ‌ကေအဲန်ယူဘက်‌တော့ အမြဲတမ်းရပ်တည်သွားမယ်”ဟု ‌ပြောဆိုသည်။

ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)၏ ပထမအကြိမ်ညီလာခံကို ဩဂုတ်လ ၂၅ရက်မှ စက်တင် ဘာလ ၂ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး ‌ကေအဲန်ယူက (UNFC)၏ ဖွဲ့စည်းပုံသည် ၎င်းတို့၏ မူများနှင့် ကိုက်ညီမှုမရှိသည့်အ တွက် UNFC နှင့် ပူး‌ပေါင်းပါဝင်မှုကို ယာယီရပ်ဆိုင်းထားခဲ့သည်။

ထို့အပြင် ‌ကေအဲန်ယူသည် ဒီမိုကရက်တစ်အဖွဲ့အစည်း ဖြစ်သည့်အတွက်‌ကြောင့် UNFC အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်‌ရေး၊ မပါဝင်နိုင် ‌ရေးကို သက်ဆိုင်ရာ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ(EC)နှင့် ဗဟိုအမြဲတမ်း‌ကော်မတီ(SC)တို့ကို ပြန်လည်တင်ပြကာ ဆုံး ဖြတ်ချက် ရယူရမည်ဖြစ်သကဲ့သို့ UNFC ညီလာခံမှ ‌ကေအဲန်ယူ ထွက်ခွာခဲ့သည့်ကိစ္စမှာ နိုင်ငံ‌ရေး‌လောက၌ရှိ‌သော သ‌ဘောမ တူညီမှုများကို အ‌ခြေခံပြီး ဖြစ်သွားသည့် ကိစ္စ‌သေး‌သေး‌လေးသာဖြစ်ရာ လက်ရှိသွား‌နေသည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များကို ထိခိုက်စရာမရှိ‌ကြောင်း ပဒို‌စောတာဒိုမူးက ထပ်မံ‌ပြောဆိုသည်။

“ကျ‌နော်တို့ ထွက်လာရတာကလည်း ကျ‌နော်တို့ ရပ်တည်မှုကို ပြတ်ပြတ်သားသား ပြတာပဲဖြစ်တယ်။ ‌နောက်တစ်ခုက ကျ‌နော် တို့ စုစုစည်းစည်းနဲ့ သွားနိုင်တဲ့ အခြားနည်းလမ်း‌တွေလည်း အများကြီးရှိပါတယ်။ ဒီလို ဗဟိုဦးစီးချုပ်ကိုင်တဲ့ စနစ်က‌နေ စုစုစည်း စည်းနဲ့ မတူညီကွဲပြားမှုကို အ‌ခြေခံတဲ့စုစည်းမှုနဲ့ သွားနိုင်တဲ့နည်းလမ်း‌တွေ အများကြီးရှိပါတယ်။ အဲလိုမျိုး ခံယူတဲ့ အဖွဲ့အစည်း ‌တွေလည်း အများကြီးရှိပါတယ်။ ဗမာပြည်ရဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို သွားတဲ့‌နေရာမှာ ဒီပုံစံနဲ့သွားတာ အသင့်‌တော်ဆုံးပါပဲ” ဟု ပဒို‌စောတာဒိုမူးက ‌ပြောသည်။

‌ကေအဲန်ယူသည် စက်တင်ဘာလ ၂ရက်‌နေ့ကလည်း ထိုင်းမြန်မာနယ်စပ်တွင် အ‌ခြေစိုက်သည့် ကရင်လူမှုအဖွဲ့အစည်းအချို့နှင့် UNFC မှ ‌ကေအဲန်ယူ ပူး‌ပေါင်းမှု ယာယီရပ်ဆိုင်းထားခြင်းအ‌ပေါ် ရှင်းပြခဲ့‌ကြောင်းလည်း သိရသည်။