Home သတင်း KNU ကို အဖွဲ့ဝင်ဆက်ဖြစ်‌ရေး UNFC ‌မျှော်လင့်ထားဆဲ

KNU ကို အဖွဲ့ဝင်ဆက်ဖြစ်‌ရေး UNFC ‌မျှော်လင့်ထားဆဲ

2007

စက်တင်ဘာ ၄ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ညီညွတ်‌သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC)က ကရင်အမျိုးသားအစည်းအရုံး (KNU)အား အဖွဲ့ဝင် ဆက် ဖြစ်‌ရေး ‌မျှော်လင့်သည့်အ‌နေဖြင့် ပထမအကြိမ်ညီလာခံအပြီး အသစ်‌ရွေးချယ်လိုက်သည့် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် အတွက် ၂‌နေရာ ချန်ထားသည်ဟု သိရသည်။

၂၀၁၄-၂၀၁၆ အထိ တာဝန်ထမ်း‌ဆောင်ရန် UNFC ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီအဖြစ် အသစ်‌ရွေးလိုက်သည့် ၁၂ဦးအ နက် ဒုတိယ ဥက္ကဌ တစ်‌နေရာနှင့် ‌ကော်မတီဝင် တစ်‌နေရာတို့အတွက် ချန်ထား‌ပေး‌ကြောင်းကို စက်တင်ဘာ ၂ရက်‌နေ့က ထုတ်ပြန်သည့် UNFC ၏ ပထမအကြိမ် ညီလာခံအပြီး ‌ကြေညာချက်တွင် ‌ဖော်ပြထားသည်။

ထပ်မံ ‌ရွေးချယ်လိုက်သည့် UNFC ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီး အင်ဘန်လ (KIO)၊ ဒုတိယ ဥက္ကဋ္ဌ(၁) နိုင်ဟံသာ (NMSP)၊ ဒုတိယ ဥက္ကဌ(၂) KNU၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ခူးဦးရယ်(KNPP)၊ အတွင်း‌ရေးမှူး(၁) ခွန် ဥက္ကာ (PNLO)၊ အတွင်း‌ရေးမှူး(၂) ဆလိုင်းထလာ‌ဟေး (CNF)တို့ကို ‌ရွေးချယ်ခဲ့ပြီး ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်များအ ဖြစ် ‌ဒေါက်တာလဂျာ၊ ဗိုလ်ချုပ်ဘီထူး၊ ဒူဝါဘူဝမ်လာ‌ရော်၊ စဝ်စိုင်းထူး၊ ‌ဒေါက်တာခင်‌မောင်နှင့် KNU ကိုယ်စားလှယ်တစ်ဦးတို့ကို အသီးသီး ‌ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

UNFC အ‌ထွေ‌ထွေအတွင်း‌ရေးမှူးသစ် ခူးဦးရယ်က “KNU က ယာယီရပ်ဆိုင်းထားတယ်ဆိုတဲ့ အ‌ခြေအ‌နေပဲ ရှိ‌သေးတာ။ နှုတ် ထွက်သွားတာမဟုတ်တဲ့အခါကျ‌တော့ ‌လော‌လောဆယ် UNFC အ‌နေနဲ့ တစိတ်တပိုင်း ပါဝင်‌နေ‌သေးတယ်ဆိုတဲ့အတွက် ‌ကော် မတီထဲမှာ ပြန်ဝင်လာဖို့ ‌နေရာထားရှိတာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ယခုညီလာခံကြီးမှ MNDAA(ကိုးကန့်)အဖွဲ့ကို အဖွဲ့ဝင်အဖြစ် ထပ်မံ အတည်ပြုနိုင်ခဲ့ပြီး ဆက်စပ်အဖွဲ့ဝင်များနှင့်အတူ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ‌ရေးအတွက် UNFC ချမှတ်ထား‌သော မူဝါဒများ နှင့်အညီ ဆက်လက် လုပ်‌ဆောင်သွားမည်ဟု ဆုံးဖြတ်ခဲ့ကြ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဩဂုတ်လ ၂၅ရက်‌နေ့မှ စက်တင်ဘာလ ၂ရက်‌နေ့အထိ ကျင်းပ‌သော UNFC ၏ ပထမအကြိမ် ညီ လာခံတွင် UNFC အဖွဲ့ဝင်အဖွဲ့အစည်းများအပြင် ဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် စုစု‌ပေါင်း (၉၀)ဦး တက်‌ရောက်ခဲ့ သည်ဟု UNFC ထုတ်ပြန်‌ကြေညာချက်တွင် ပါရှိသည်။

ဆက်စပ်အဖွဲ့ဝင်အဖြစ် ညီလာခံတက်‌ရောက်ခဲ့သူ ဒီမိုက‌ရေစီအကျိုးပြုကရင့်တပ်မ‌တော်(DKBA)မှ ဗိုလ်မှူးကြီး‌စောဆန်း‌အောင် က “‌ကောင်းရင်လည်း သွားရမှာပဲ။ မ‌ကောင်းရင်လည်း သွားရမှာပဲ။ ဘာပဲဖြစ်ဖြစ် တိုင်းရင်းသား‌တွေ စည်းလုံးညီညွတ်ဖို့အ တွက်ဆို ‌ထောက်ခံပြီးသားပါ။ တိုင်းရင်းသား‌တွေ စည်းလုံးညီညွတ်မှ ကျ‌နော်တို့ရည်မှန်းချက်က ‌အောင်မြင်မှာပါ”ဟု‌ပြောသည်။

RCSS/SSA ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ရေး‌ကော်မတီမှအတွင်း‌ရေးမှူး ဒုဗိုလ်မှူးကြီးစိုင်း‌ငေးကလည်း “ဖွဲ့စည်းပုံနဲ့ အ‌ခြေခံမူ‌တွေမှာ သာ သ‌ဘောထားကွဲတာဖြစ်လို့ တိုင်းရင်းသားများအ‌ရေးအတွက် ညှိနှိုင်းအ‌ဖြေရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။ အဖွဲ့အစည်း တိုင်းမှာလည်း ကိုယ်အဖွဲ့အစည်းရဲ့ မူပိုင်ရပ်တည်ချက်‌တွေရှိတာ‌ကြောင့် တပ်‌ပေါင်းစုနဲ့ပတ်သက်လာရင် တူတာတွဲ၊ မတူတာ ခွဲလုပ်ဆိုတာကလည်း သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့အခွင့်အ‌ရေးပဲလို့ မြင်ပါတယ်”ဟု ‌ပြောသည်။

ညီညွှတ်‌သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်‌ကောင်စီကို ၂၀၁၂ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလက အဖွဲ့ ၆ဖွဲ့ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ လက်ရှိအချိန်တွင် KIO, KNPP, KNU, NMSP, CNF, SSPP-SSA, PNLO, PSLF, LDU, ANC, WNO, MNDAA စသည့် အဖွဲ့ဝင် ၁၂ဖွဲ့နှင့် ဆက်စပ်အဖွဲ့ ၅ဖွဲ့ ရှိသည်။ ပြီးခဲ့သည့် UNFC ၏ သုံးနှစ်တာသက်တမ်းကာလအတွင်း ဒုဥက္ကဌ‌နေရာတွင် ‌ကေအဲန်ယူမှ ပဒို‌စော‌ဒေးဗစ်သက‌ဘောနှင့် ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင်တစ်ဦးအဖြစ် ‌ကေအဲန်ယူမှ ပဒိုမန်းမန်းမန်းတို့ ပါဝင်‌ဆောင် ရွက်ခဲ့ကြသည်။