Home သတင်း ဖားအံမြို့တွင် ဖက်ဒရယ်လမ်းစဉ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပမည်

ဖားအံမြို့တွင် ဖက်ဒရယ်လမ်းစဉ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲ ကျင်းပမည်

1350

စက်တင်ဘာ ၅ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC) မှ ဦးစီးပြီး ဖက်ဒရယ်လမ်းစဉ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး ‌နွေးပွဲတစ်ရပ်ကို ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ‌နောက်ဆုံးအပတ် သို့မဟုတ် ‌အောက်တိုဘာ ပထမအပတ်အ တွင်း ပြုလုပ်ကျင်းပသွားမည်ဖြစ်‌ကြောင်း KUPC ‌ကော်မတီဝင် နမ့်ခင်‌အေးဦးက ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

နမ့်ခင်‌အေးဦးက “ဖက်ဒရယ်လမ်းစဉ်ကို လုပ်ရတဲ့ ရည်ရွယ်ချက်က ဖယ်ဒရယ်လမ်းစဉ်ဆိုတာ အမျိုးမျိုးဖြစ်‌နေတယ်။ အ‌မေရိ ကားရဲ့ ဖက်ဒရယ်လည်း ရှိတယ်။ ဒီအ‌ရှေ့‌တောင်အာရှမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစု‌တွေအတွက်က လက်‌တွေ့ကျတဲ့ ဖက်ဒရယ် မျိုး ဖြစ်ဖို့လိုတယ်။ ဒါ‌တွေကို ‌ဒေသခံ လူထုကြားနဲ့ (အရပ်ဘက်လူမှု အဖွဲ့အစည်း)CSO ‌တွေရဲ့ ကြားထဲမှာပါ ပိုမိုသိရှိ‌အောင် လုပ်‌ပေးတာပါ”ဟု ‌ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ စက်တင်ဘာလ ၄ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတွင် KUPC ‌ကော်မတီအစည်းအ‌ဝေး ကျင်းပရာ၌ ယင်းသို့ဆုံးဖြတ်ခဲ့ကြပြီး လာမည့် အလုပ်ရုံ‌ဆွေး‌နွေးပွဲကိုလည်း သု‌မေဓာရာမ ကြား ‌တောရ‌ကျောင်း၌ပင် ပြုလုပ်သွားမည်ဟု သိရသည်။

ဖက်ဒရယ်လမ်းစဉ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ပြုလုပ်ရန် ယူရိုဘားမားအဖွဲ့အစည်း(EBO)မှ ကမ်းလှမ်းသည့်အ‌ပေါ် အစည်း အ‌ဝေးပြုလုပ်ကာ ယခုကဲ့သို့ ‌ဆွေး‌နွေးတိုင်ပင်ကြခြင်းဖြစ်ပြီး အစည်းအ‌ဝေးတွင် KUPC ‌ကော်မတီဝင်ဖြစ်ကြသည့် ‌ကေအဲန်ယူမှ ပဒို‌စောလှထွန်း၊ ပဒို‌စောတာဒိုမူး၊ ဘာသာ‌ရေး‌ခေါင်း‌ဆောင် ဆရာ‌တော် ‌စောမက်သယူး‌အေးနှင့် ဆရာ‌တော် ဦးစန္ဒာဝရ၊ နမ့်ခင် ‌အေးဦး၊ ‌နော်ရီဘက်ခါထင်နှင့် ဖားအံမြို့ရှိ ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးတာဝန်ခံ ဗိုလ်မှူး‌စောရှီးရှို အပါအဝင် စုစု‌ပေါင်း ၁၇ဦး တက် ‌ရောက်ခဲ့ကြသည်။

ပဒို‌စောတာဒိုမူးက “ဒါက လုပ်သင့်လုပ်ထိုက်ဟာပဲ‌လေ။ ဘာ‌ကြောင့်လဲဆို‌တော့ အထူးသဖြင့် ဖက်ဒရယ်ကိစ္စကို ကျ‌နော်တို့ တိုင်းရင်းသားတိုင်းက‌တော့ လိုလား‌နေကြတာ ကြာပါပြီ။ ဒါ‌ပေမယ့် ဖက်ဒရယ်က ဘာလဲဆိုတာက တိတိကျကျနဲ့ အ‌သေးစိတ် ‌လေ့လာပြီး‌တော့ လုပ်ရမယ့်အချိန်‌ရောက်‌နေပြီ”ဟု ၎င်း၏အမြင်ကို ‌ပြောဆိုသည်။

ထို့အပြင် တစ်ပြည်လုံးအပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှုဖြစ်လာပါက တချိန်ကျလျှင် နိုင်ငံ‌ရေး ‌ဆွေး‌နွေးငြင်းခုံမှုမှ ထွက်လာ မည့်အ‌ဖြေကို ရရှိရန် ယခုကတည်းက ပြင်ဆင်မှုများစွာ လုပ်‌ဆောင်ရန်လိုအပ်ရာ ဖက်ဒရယ်အသိပညာ‌ပေးမှုမှာ မရှိမဖြစ်လို အပ်သလို တိုင်းရင်းသားလူမျိုးတိုင်းကလည်း လုပ်ထားသင့်သည်ဟု ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

အလားတူ ဖက်ဒရယ်လမ်းစဉ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲများကို ယူရိုဘားမား(EBO)မှ ပံ့ပိုး‌ပေးမှုဖြင့် ရခိုင်ပြည်နယ်တွင် ‌အောင် မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့သည်။ သို့‌သော် ချင်းပြည်နယ်၊ က‌လေးမြို့၌ ကျင်းပရာတွင် ပြည်နယ်အာဏာပိုင်များ၏ ခွင့်ပြုချက်ကို မယူသည့်အတွက် တားမြစ်ခြင်းများခံခဲ့ရ‌ကြောင်း သိရသည်။

ကရင်အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ကော်မတီ (KUPC) မှ ဦးစီး၍ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခု ပြုလုပ် မည့် ဖယ်ဒရယ်လမ်းစဉ်ဆိုင်ရာ အလုပ်ရုံ‌ဆွေး‌နွေးပွဲမှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း KUPC က ‌ပြောဆိုသည်။