Home သတင်း ဖားအံမြို့၌ သတင်း‌ထောက်တစ်ဦး တစ်ကိုယ်‌တော် ဆန္ဒထုတ်‌ဖော်

ဖားအံမြို့၌ သတင်း‌ထောက်တစ်ဦး တစ်ကိုယ်‌တော် ဆန္ဒထုတ်‌ဖော်

1969

စက်တင်ဘာ ၈ ရက်၊ ၂၀၁၄ ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သတင်း‌ထောက်တစ်ဦးဖြစ်သည့် မြန်မာပို့စ် သတင်း‌ထောက် ဦး‌ဇော်ရဲထက် ဆိုသူသည် ယ‌နေ့မနက် ၉ နာရီမှ ၁၁ နာရီအထိ မီဒီယာလွတ်လပ်ခွင့်အတွက် တစ်ကိုယ်‌တော် ဆန္ဒထုတ်‌ဖော်ခဲ့သည်။

ထိုသို့ ဆန္ဒထုတ်‌ဖော်ရာ၌ ဖားအံမြို့ အမှတ်(၃) ရပ်ကွက် အာဇာနည်‌ကျောက်တိုင်မှစ၍ နာရီစင်၊ မီးပွိုင့် လမ်းဆုံမှ ဘုရားကြီးဝင်း၊ ပဒုမ္မာလမ်း၊ ‌ဈေးတန်းလမ်း၊ ‌မြေတံတာလမ်းတို့ကို ပတ်ကာ ‌ရွှေရည်‌မျှော်ဘုရား လည်း ဝင်‌ရောက်ဖူး‌မြော်ပြီး အာဇာနည်‌ကျောက်တိုင်ကွင်းတွင် ပြန်လည်အဆုံးသတ်ခဲ့သည်ဟု ကရင်ပြည်နယ် အ‌ခြေစိုက် မြန်မာပို့စ် သတင်း‌ထောက် ဦး‌ဇော်ရဲထက်ကိုယ်တိုင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဆန္ဒထုတ်‌ဖော်တာ အာဇာနည်‌ကျောက်တိုင်က‌နေ စတင်တာ‌ပေါ့။ အခု ကျ‌နော် မီဒီယာလွတ်လပ်ခွင့် အတွက် ခွင့်ပြုချက်ယူပြီး‌တော့ တစ်‌ယောက်တည်း ဆန္ဒထုတ်‌ဖော်တာဖြစ်တယ်။ အဖွဲ့အများကြီးနဲ့ဆိုရင် အစည်း အ‌ဝေး ဆုံးဖြတ်ချက်တို့၊ ဘာတို့ အလုပ်များမှာ ဖြစ်လို့ပါ”ဟု ဦး‌ဇော်ရဲထက်က ‌ပြောသည်။

မီဒီယာဖိနှိပ်မှုကို ကာကွယ်ရန် လက်ရှိ မြန်မာပြည် ‌တောင်ပိုင်းဂျာနယ်လစ်ကွန်ယက်အဖြစ် ဖွဲ့ထားသည့် တနသာင်္ရီ၊ ‌မော်လမြိုင်၊ ဖားအံ စသည့် ‌ဒေသများတွင် အ‌ခြေစိုက်‌နေကြသည့် မီဒီယာအဖွဲ့များကို ယခုလို ဆန္ဒထုတ်‌ဖော်ရန် ‌ခေါ်နိုင်‌သော်လည်း အချိန်ကြန့်ကြာမည်ဖြစ်သဖြင့် တစ်ဦးတည်း လုပ်‌ဆောင်ရခြင်းဖြစ် ‌ကြောင်း ဦး‌ဇော်ရဲထက်က ဆက်‌ပြောသည်။

ဦး‌ဇော်ရဲထက်သည် မီဒီယာဖိနှိပ်မှုရပ် ‌ခေါင်းစဉ်ဖြင့် ပိုစတာကို ကိုင်‌ဆောင်ကာ “သမ္မတ‌ပြောတဲ့ မီဒီယာ လွတ်လပ်ခွင့် ‌ပေးပါ၊ မီဒီယာ လွတ်လပ်ခွင့်‌ပေးခြင်းဖြင့် ပြည်သူ့အသံနား‌ထောင်ပါ၊ မီဒီယာ နည်းဥပ‌ဒေ အမြန်‌ရေးဆွဲ‌ပေး၊ မီဒီယာ လွတ်လပ်ခွင့်အတွက် လွှတ်‌တော်များမှ ကူညီ‌ဆောင်ရွက်‌ပေးပါ၊ စတုတ္ထမဏ္ဍိုင် သည် ဒီမိုက‌ရေစီ၏ အသက်‌သွေး‌ကြောဖြစ်သည်၊ မီဒီယာသည် ပြည်သူ၏ နား၊ မျက်စိဖြစ်သည်”စသည့် အချက်များကို ‌တောင်းဆိုခဲ့သည်။

မီဒီလွတ်လပ်ခွင့်ကို ဆန္ဒထုတ်‌ဖော်ရန်အတွက် ဦး‌ဇော်ရဲထက်သည် စက်တင်ဘာ ၂ ရက်‌နေ့က ဖားအံမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ခွင့်ပြုချက်တင်ထားပြီး စက်တင်ဘာ ၇ ရက်‌နေ့၊ ည ၉ နာရီခွဲတွင် ခွင့်ပြုချက်ကျလာ ပြီး‌နောက် ယခုကဲ့သို့ ဆန္ဒထုတ်‌ဖော်လာခြင်းဖြစ်သည်ဟုလည်း သိရသည်။

ဆန္ဒထုတ်‌ဖော်မှုအ‌ပေါ် Hot News ဂျာနယ်မှ ဖားအံမြို့‌ဒေသခံသတင်း‌ထောက် ကိုပွင့်စန်း(ပုပ္ပါး)က “ဒီဆန္ဒ ထုတ်‌ဖော်မှုကို သူ့(ဦး‌ဇော်ရဲထက်)ကို ‌မေးကြည့်‌တော့ သူက (ဖားအံမှာ) ဒုသမ္မတလာတဲ့ အချိန်၊ သူရ ဦး‌ရွှေမန်းလာတဲ့ အချိန်မှာ သတင်းမီဒီယာ‌တွေကို အထဲ ဝင်ခွင့်မ‌ပေးဘူး။ ဒါ‌ပေမယ့် မြဝတီ၊ NRC ၊ မြန်မာ့အသံတို့လို နိုင်ငံပိုင် သတင်းမီဒီယာ မျိုးကျ‌တော့ ဝင်ခွင့်‌ပေးတယ်။ အဲလို မဖြစ်သင့်ဘူးလို့ သူက ‌ပြောပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့တွင် လယ်ယာ‌မြေပြဿနာနှင့် ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးအ‌ဖြေရှာ ရန် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့များက လယ်သမားများနှင့် ၈၈ မျိုးဆက်ကရင်‌ကျောင်းသားများကို ယခုလ စက်တင်ဘာ ၁ ရက်‌နေ့၌ ‌ခေါ်ယူ‌ဆွေး‌နွေးသည့်အခါ မီဒီယာများကို ဖိတ်‌ခေါ်ခဲ့‌သော်လည်း ‌ဆွေး‌နွေးသည့် အခန်းထဲသို့ ဝင်ခွင့်မရခဲ့‌ကြောင်းလည်း ဦးပွင့်ဆန်းက ဖြည့်စွက်‌ပြောဆိုသည်။

ဩဂုတ်လ ၂၅ ရက်‌နေ့က ကရင်ပြည်နယ်၊ ဖားအံမြို့တွင် သိမ်းဆည်းလယ်‌မြေများပြန်ရရှိရန် ရည်ရွယ်၍ ၈၈ မျိုးဆက်ကရင်‌ကျောင်းသားအစည်းအရုံးမှ ဦးစီး၍ လယ်သမား ၁၀ဝ ‌ကျော်နှင့် စု‌ပေါင်းကာ ဆန္ဒထုတ်‌ဖော်မှုတစ်ရပ် ဖြစ်ပွားခဲ့‌သေးသည်။