Home သတင်း Aveno ဗိုင်းရပ်စ်‌ကြောင့် မျက်စိနာ‌ရောဂါ အဖြစ်များဟု မျက်စိခွဲစိတ်အထူးကု ‌ပြောဆို

Aveno ဗိုင်းရပ်စ်‌ကြောင့် မျက်စိနာ‌ရောဂါ အဖြစ်များဟု မျက်စိခွဲစိတ်အထူးကု ‌ပြောဆို

1959

ဩဂုတ် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဇူလိုင်လမှ ဩဂုတ်လအထိ မျက်စိနာ‌ရောဂါ အဖြစ်များ‌နေခြင်းမှာ Aveno ကူးစက်ဗိုင်း ရပ်စ်ပိုးတစ်မျိုး‌ကြောင့် ဖြစ်သည်ဟု ဖားအံပြည်သူ့‌ဆေးရုံမှ မျက်စိခွဲစိတ် အထူးကုဆရာဝန်ကြီး ‌ဒေါက်တာ‌ဒေါ်ချိုချို ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီမျက်စိနာတာက ကရင်ပြည်နယ်ကြီးပဲ ဖြစ်တာ မဟုတ်ဘူး။ တစ်ပြည်လုံး အတိုင်းအတာဖြစ်တယ်။ ဒီရာသီက မျက်စိနာတဲ့ရာသီ‌လေ။ အခု မျက်စိနာတာက Aveno ဗိုင်းရပ်စ်‌ကြောင့် ဖြစ်တယ်။ ဗိုင်းရပ်စ်ဆိုတာက တုပ်‌ကွေးတို့ လိုမျိုးပဲ ကူးစက်တာ‌ပေါ့‌နော်။ ဆိုးရွားတဲ့‌ရောဂါ မဟုတ်ဘူး။ မိုးရာသီဆို ဖြစ်တတ်တယ်”ဟု ‌ဒေါက်တာ‌ဒေါ်ချိုချိုဝင်း က ‌ပြောသည်။

မျက်စိနာ‌ဝေဒနာသည် ရာသီဥတုအ‌ပေါ် မူတည်၍ ဖြစ်ပွားတတ်ပြီး ယခု ဖားအံမြို့တွင်းရှိ ‌ဘော်ဒါ‌ဆောင်များ၊ ရပ် ကွက်များနှင့် စာသင်‌ကျောင်းများရှိ ‌နေထိုင်သူများကအစ အသက် ၄-၅နှစ်မှ ၆ဝအရွယ်ထိ လူကြီးလူငယ်များမှာ ၎င်းမျက်စိနာ‌ရောဂါ ဖြစ်ပွားလျှက်ရှိ‌ကြောင်း သိရှိရသည်။

မျက်စိနာသူများသည် မျက်လုံးနီခြင်း၊ ‌ရောင်ရမ်းခြင်း၊ ယားနာခြင်း စသည့်လက္ခဏာများဖြစ်‌ပေါ်ကာ တစ်ဦးမှ အခြား တစ်ဦးသို့ ကူးစက်တတ်သည့်အတွက် သန့်ရှင်းစွာ ထားရမည်ဖြစ်သလို မျက်စိကို မပွတ်ရန်၊ မျက်စိနာသူ၏ အသုံး အ‌ဆောင်ပစ္စည်းများကို ကိုင်တွယ်ခြင်း မပြုရန်၊ ‌ဝေဒနာဖြစ်သူမှာ လိုအပ်ပါက အကိုက်အခဲ‌ပျောက်‌ဆေးများ မှီဝဲရန် နှင့် မသိနားမလည်ဘဲ ‌ဆေးများ မှားမသုံးမိရန် လိုအပ်သည်ဟု ‌ဒေါက်တာ‌ဒေါ်ချိုချိုဝင်းက ဆက်‌ပြောသည်။
IMG_0090
ဖားအံမြို့ရှိ အကြင်နာမီးအိမ်ပညာရပ်ဝန်း‌ဘော်ဒါ‌ဆောင်တာဝန်ရှိသူ ‌စော‌ကျော်နိုင်က “ကျ‌နော်တို့ ‌ဘော်ဒါ‌ဆောင်မှာ ‌ကျောင်းသားလူဦး‌ရေက အ‌ယောက် ၅ဝရှိတယ်။ မျက်စိနာ‌ရောဂါဖြစ်တာက ၂၅‌ယောက်‌လောက်ဖြစ်တယ်။ ‌ကျောင်း သားတစ်‌ယောက်က‌နေ စဖြစ်ပြီး အခြားသူ‌တွေကို ကူးစက်သွားတဲ့ ပုံစံမျိုးဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖားအံမြို့ အမှတ် (၄) ရပ်ကွက်တွင် ‌နေထိုင်သည့် ‌နော်‌အေမီကလည်း ၎င်းတို့‌နေအိမ်တွင် မိသားစုအလိုက် မျက်စိ နာ‌ကြောင်း သူမက “ကျမတို့အိမ်မှာ တစ်အိမ်လုံးဖြစ်ကြတယ်။ အိမ်က ‌မောင်‌လေးအငယ်ဆုံး က စဖြစ်တယ်။ သူ က ဖားအံမြို့ အထက (၂)မှာ ‌ကျောင်းတက်တယ်။ မျက်စိနာတဲ့အခါကျ‌တော့ ဆရာမ‌တွေက ‌ကျောင်းမတက်ခိုင်း ဘူး။ အဲဒီက‌နေပြီး‌တော့ တစ်အိမ်လုံးကူးသွားတယ်”ဟု ‌ပြောသည်။

ရာသီဥတု အပူအ‌အေး၊ အ‌ပြောင်းအလဲ‌ကြောင့် ဖြစ်ပွား‌နေသည့် မျက်စိနာမှုသည် အသက်အန္တရာယ်ရှိသည့် ‌ရောဂါ အမျိုးအစား မဟုတ်‌သော်လည်း မျက်စိနာ‌ဝေဒနာ ခံစားရသူများအ‌နေဖြင့် လိုအပ်ပါက နီးစပ်ရာ ‌ဆေးရုံ၊ ‌ဆေး‌ပေး ခန်းများသို့ သွား‌ရောက်ပြသကြရန် လိုအပ်‌ကြောင်း ဖားအံမြို့ရှိ ကျန်းမာ‌ရေးဝန်ထမ်းများက ‌ပြောဆိုသည်။