Home သတင်း နိုင်ငံလုံးဆိုင်ရာ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ဗဟို‌ကော်မတီ ဖွဲ့စည်းလုပ်‌ဆောင်မည်ဟု ကရင်‌ရေးရာဝန်ကြီး ‌ပြောဆို

နိုင်ငံလုံးဆိုင်ရာ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ဗဟို‌ကော်မတီ ဖွဲ့စည်းလုပ်‌ဆောင်မည်ဟု ကရင်‌ရေးရာဝန်ကြီး ‌ပြောဆို

1616

ဩဂုတ် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောထွန်းလင်း

ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှုများကို ‌ဖော်ထုတ်ထိန်းသိမ်းနိုင်‌ရေးအတွက် ရည်ရွယ်ကာ တစ်နိုင်ငံလုံးဆိုင်ရာ ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု ဗဟို‌ကော်မတီတစ်ရပ် ဖွဲ့စည်းနိုင်ရန် ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ရန်ကုန်တိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား ‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်က ဩဂုတ်လ ၁၆ရက်‌နေ့က ‌ပြောဆိုလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဩဂုတ်လ ၁၆ရက် ‌နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ဟိုက်ပတ်လမ်း၊ မာရာနသာခမ်းမ ၌ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီဖွဲ့စည်းခြင်း အခမ်းအနားအပြီးတွင် ၎င်းက ‌ကေ အိုင်စီသို့ သီးခြား ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“‌ရှေ့လုပ်ငန်းစဉ်အ‌နေနဲ့က‌တော့ ရန်ကုန်တိုင်းမှာ ၄၅မြို့နယ်ရှိတယ်၊ သက်ဆိုင်ရာမြို့နယ်အလိုက် စာ‌ပေ ယဉ်‌ကျေးမှု‌ကော်မတီ ‌တွေ ဖွဲ့မယ်၊ ရန်ကုန်တိုင်းအ‌နေနဲ့ဖွဲ့ပြီးရင် ဧရာဝတီတိုင်း၊ တနသင်္ာရီတိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်အလိုက် ဖွဲ့ စည်းပြီးရင် စုစည်းပြီး‌တော့ တစ်နိုင်ငံလုံးဆိုင်ရာ ကရင်စာ‌ပေနဲ့ယဉ်‌ကျေးမှု ဗဟို‌ကော်မတီကို ‌ဖော်ထုပ်ဖွဲ့စည်းသွားဖို့ ရည်ရွယ် ထားတယ်”ဟု ဝန်ကြီး‌စောထွန်း‌အောင်မြင့် ဆိုသည်။

လက်ရှိတွင် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီကို ပါ‌မောက္ခများ၊ ဘုန်း‌တော်ကြီးများနှင့် ကရင်စာ‌ပေ ပညာရှင်များအထဲမှ ‌ကော်မတီနာယက ၂၇ဦး၊ ဥက္ကဌအဖြစ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ ဒုဥက္ကဌ များအဖြစ် ‌စောလှထွန်း (ရန်ကုန်ကရင်နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီဝင်)နှင့် ‌ဒေါက်တာရီဘက်ခါထင်၊ အ‌ထွေ ‌ထွေအတွင်း‌ရေးမှူးအဖြစ် မန်းဖိုး‌စောတို့ အပါအဝင် ဗဟို‌ကော်မတီအဖွဲ့ဝင် ၃ဝဦးဖြင့် စတင် ဖွဲ့စည်းလိုက်ပြီးဖြစ်သည်။

ကရင်‌ရေးရာများကို ကူညီ‌ဆောင်ရွက်‌ပေး‌နေသူ ‌နော်အုန်းလှက “ကရင်‌ရေးရာဝန်ကြီး‌တွေအ‌နေနဲ့ ကရင့်အ‌ရေးကို ပိုလုပ်‌ဆောင် သင့်တာ‌ပေါ့‌နော်၊ အဓိကက‌တော့ ရန်ကုန်တိုင်းမှာ ကရင်စာ‌ပေသင်ကြားဖို့ လုပ်‌စေချင်တယ်။ ဩဂုတ် ၁၆ရက်‌နေ့မှာပဲ ကျမတို့ ‌မှော်ဘီမြို့နယ်မှာ စာယဉ်ဖွဲ့လိုက်ပြီး အခု‌မှော်ဘီက စာသင်‌ကျောင်း‌တွေမှာ ကရင်က‌လေး‌တွေစာရင်းကို စ‌ကောက်‌တော့မယ်”ဟု ‌ပြောသည်။

ယခုဖွဲ့စည်းလိုက်သည့် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီအ‌နေဖြင့် နိုင်ငံ‌တော်က ကရင်စာ‌ပေသင် ကြားရန် ခွင့်ပြုလိုက်ပြီးဖြစ်သည့်အတွက် အစိုးရနှင့်တ‌ပြေးညီ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ဖတ်စာအုပ်များ ‌ရေးဆွဲထုတ်‌ဝေကာ လုပ်‌ဆောင်သွားမည်ဟု ‌ကော်မတီဥက္ကဌ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်က ဖြည့် စွက်‌ပြောဆိုသည်။

လက်ရှိတွင် ကရင်ပြည်နယ်၌ ပြည်နယ်အဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်သလို ရန်ကုန်နှင့် ပဲခူးတိုင်း‌ဒေသကြီးတို့တွင်လည်း တိုင်းအဆင့်ဖွဲ့စည်းထားပြီးဖြစ်ကာ ဧရာဝတီတိုင်း‌ဒေသကြီး၌လည်း တိုင်းအဆင့် ကရင်စာ‌ပေ ယဉ်‌ကျေးမှု‌ကော်မတီဖွဲ့ရန် စီစဉ်လျက်ရှိ‌ကြောင်း သိရသည်။