Home သတင်း ‌ခြေတုလက်တုအကူအညီ ရပ်ဆိုင်း‌သော်လည်း မယ်‌တော်‌ဆေးခန်း ဆက်လုပ်သွားမည်

‌ခြေတုလက်တုအကူအညီ ရပ်ဆိုင်း‌သော်လည်း မယ်‌တော်‌ဆေးခန်း ဆက်လုပ်သွားမည်

2105

ဩဂုတ် ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်း၏ ‌ခြေတုလက်တုတပ်ဆင်‌ရေးဌာနအတွက် အကူအညီ‌ပေးမှု ရပ်ဆိုင်းသွား‌သော်လည်း ‌ခြေတုလက်တုတပ်ဆင်မည့် လူနာများအတွက် အဆင်‌ပြေမည့် နည်းလမ်းများဖြင့် ဆက်လက် လုပ် ‌ဆောင်သွားမည်ဖြစ်‌ကြောင်း ‌ဆေးခန်းတာဝန်ရှိသူများက ‌ပြောသည်။

‌ခြေတုလက်တုဌာနအတွက် HWF အဖွဲ့မှ လွန်ခဲ့သည့် ၈နှစ်ခန့်ကပင် ‌ခြေတုလက်တုများကို လူနာများအား စတင် ကူညီ‌ပေးခဲ့ ခြင်းဖြစ်ပြီး‌နောက် ယခုနှစ်၊ မတ်လ၌ ယင်းအကူအညီ‌ပေးမှုကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်ဟု မယ်‌တော်‌ဆေးခန်းမှ ‌ခြေတုလက်တု ဌာန အပါအဝင် ဌာနသုံးခုကို ကြီးကြပ်တာဝန်ယူရသည့် ဆရာမ‌နော်ထူးက ယခုလို ‌ပြောသည်။

“အရင်က ဒီဌာနအတွက် အကူအညီ‌ပေးတဲ့ ဒိုနာက အခုရပ်လိုက်ပြီ‌လေ။ အဲဒီ‌တော့ ၂၀၁၄ခုနှစ်အတွက် အဆင်‌ပြေ‌ပေမယ့် ‌နောက်လာမယ့်နှစ်‌တွေအတွက်က‌တော့ တာဝန်ရှိသူ‌တွေနဲ့တိုင်ပင်ပြီး ဆက်လုပ်သွားမှာပါ”ဟု သူမက ‌ကေအိုင်စီသို့ ‌ပြော သည်။

ယင်းသို့ အကူအညီ‌ပေးမှု ရပ်ဆိုင်းသွား‌သော်လည်း အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ရရှိထား‌သော မယ်‌တော်‌ဆေးခန်း၏ စီမံခန့်ခွဲမှု‌ငွေ များထဲမှ အဆိုပါဌာနအတွက် ဝယ်ယူထားသည့် ‌ခြေတုလက်တုများမှာ ‌နောက်ထပ် ၄လစာအထိ အလုံအ‌လောက် ရှိ‌နေ‌သေး ‌ကြောင်းလည်း သူမက ဆက်‌ပြောသည်။
henry landmine pic
ပုံမှန်အားဖြင့် မယ်‌တော်‌ဆေးခန်းသို့ ‌ခြေတုလက်တု လာ‌ရောက်တပ်ဆင်သူများမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှဖြစ်ကြပြီး ထိုအထဲတွင် ကရင်ပြည်နယ်အတွင်းမှ လာ‌ရောက်တပ်ဆင်သူ အများဆုံးဖြစ်‌ကြောင်း သိရသည်။

၎င်းအပြင် ယခင်အလှူရှင်အဖွဲ့အစည်းများက ‌ခြေတုလက်တုအတွက် က‌မ္ဘောဒီးယားနိုင်ငံမှ ပစ္စည်းများကို မှာယူကာ အကူအညီ ‌ပေးခဲ့ခြင်းဖြစ်ပြီး အကူအညီ ရပ်ဆိုင်းသွားသည့်အတွက် လက်ရှိပစ္စည်းများမှာယူရာတွင် အခက်အခဲအချို့ရှိခဲ့‌ကြောင်းလည်း မယ်‌တော်‌ဆေးခန်းတာဝန်ရှိသူများက ‌ပြောဆိုသည်။

“အရင်က အလှူရှင်က ပစ္စည်းပဲ တိုက်ရိုက်လှူတာပါ။ ‌နောက်‌တော့ အလှူရှင်‌တွေနဲ့လည်း သိပ်အချိတ်အဆက်မမိဘူး။ ရုံးမှာ တာ ဝန်ယူရတဲ့ တာဝန်ခံလည်း အနားယူသွားတာတို့၊ ‌နောက်ပြီး တင်သွင်းမယ်ဆိုရင် မှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှိတဲ့သူ‌တွေနဲ့လိုက် ချိတ်ဆက်တာ အခက်အခဲရှိတာပါ”ဟု ဆရာမ‌နော်ထူးက ဖြည့်စွက်‌ပြောဆိုသည်။

လက်ရှိအ‌ခြေအ‌နေတွင် ၂နှစ်အထိ အသုံးခံသည့် အရည်အ‌သွေး‌ကောင်းမွန်သည့် က‌မ္ဘောဒီးယားပစ္စည်းများကိုသာ အသုံးပြု‌နေ ပြီး တန်ဖိုးအားဖြင့် ထိုင်း‌ငွေ ၅၀ဝဘတ်ဝန်းကျင်ရှိ ‌ခြေဖဝါးတု၊ ၂၀၀ဝဘတ်တန် ဒူး‌အောက်အရှည်ရှိ ‌ခြေတုနှင့် ၄၀၀ဝဘတ်ခန့်ရှိ ဒူးအထက်ပိုင်း‌ခြေတုများကို အခမဲ့ တပ်ဆင်‌ပေး‌နေ‌ကြောင်း သိရသည်။ သို့‌သော် လက်တုတပ်ဆင်သူ လူနာများကိုမူ မယ်‌တော် ‌ဆေးခန်းမှ မဲ‌ဆောက်‌ဆေးရုံသို့ လွှဲ‌ပြောင်းပို့‌ဆောင်ကုသ‌စေ‌ကြောင်း သိရသည်။

မယ်‌တော်‌ဆေးခန်း ‌ခြေတုလက်တုဌာနကို ၂၀၀ဝခုနှစ်တွင် စတင်‌ဆောင်ရွက်ခဲ့ပြီး အ‌ကြောင်းအမျိုးမျိုး‌ကြောင့် ကိုယ်လက်အဂင်္ါ ချို့ယွင်းသွားသူများကို အခမဲ့ တပ်ဆင်‌ပေးခဲ့ရာ ‌မြေမြုပ်မိုင်း‌ကြောင့် လာ‌ရောက်သူ ၈ဝရာခိုင်နှုန်းရှိ‌ကြောင်း ၂၀၁၂ခုနှစ်မှ ၂၀၁၃၊ ဒီဇင်ဘာအထိ စု‌ဆောင်းထား‌သော စာရင်းများအရ သိရသည်။ ၂၀၁၄ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ စာရင်းအရ ‌မြေမြုပ်မိုင်း ထိမှန်၍ လာ‌ရောက်တပ်ဆင်သူ ၁၀၅ဦး၊ ‌ရောဂါအ‌ခြေအ‌နေအရ ၁ဝဦးနှင့် မ‌တော်တဆဖြစ်ပွားမှု‌ကြောင့် ‌ခြေတု လာ‌ရောက်တပ် ဆင်သူများ အပါအဝင် စုစု‌ပေါင်း ၁၃၆ဦးရှိသည်။