Home သတင်း ၂၀၁၄-၂၀၁၆အတွက် AKO ဗစ်တိုးရီးယားပြည်နယ် အမှု‌ဆောင်‌ကော်မတီဝင်များ ‌ရွေးချယ်ပြီးစီး

၂၀၁၄-၂၀၁၆အတွက် AKO ဗစ်တိုးရီးယားပြည်နယ် အမှု‌ဆောင်‌ကော်မတီဝင်များ ‌ရွေးချယ်ပြီးစီး

1892

ဩဂုတ် ၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ဩစ‌တြေးလျားကရင်အဖွဲ့အစည်း (Australia Karen Organization-AKO)က ၂၀၁၄-၂၀၁၆ အတွက် ဗစ်တိုးရီးယားပြည်နယ် ၏ AKO အမှု‌ဆောင်‌ကော်မတီဝင် ၁၉ဦးကို ဩဂုတ်လ ၂ရက်‌နေ့က ပြုလုပ်ခဲ့‌သော နှစ်ပတ်လည် အစည်းအ‌ဝေး၌ ‌ရွေးချယ်တင် ‌မြှောက်လိုက်သည်။

ဗစ်တိုးရီးယားပြည်နယ် Woodville Primary School ၊ Hopper Crossing တွင် ပြုလုပ်သည့် ဗစ်တိုးရီးယားပြည်နယ် AKO ၏ နှစ်ပတ်လည်အစည်းအ‌ဝေးတွင် ဥက္ကဌ ‌စောသာ့‌တောကူးနူး၊ ဒုဥက္ကဌ ‌စော‌လော်‌ဘော‌လော်မူ၊ အတွင်း‌ရေးမှူး ‌နော်လား‌စေး‌ဝေ၊ တွဲဖက်အတွင်း‌ရေးမှူး ‌စောလုလူး‌ဂျော်နီ၊ ဘဏ္ဍာ‌ရေးမှူး ‌နော်သ‌မေ‌ဖော‌နေ‌စေး၊ တွဲဖက်ဘဏ္ဍာ‌ရေးမှူး ‌နော်လုလူ‌ဖော အပါအဝင် ၁၉ဦးကို ‌ရွေးချယ်တင်‌မြောက်ခဲ့ခြင်းဖြစ်သည်။

ဗစ်တိုးရီးယားပြည်နယ် (AKO)ဥက္ကဌအဖြစ် တင်‌မြောက်ခံရသူ ‌စောသာ့‌တောကူးနူးက “‌ကော်မတီဝင်‌တွေ‌တော့ ‌ရွေးချယ်မှုလုပ် တာ ပြီးသွားပြီ။ ကျ‌နော်တို့အဖွဲ့က ဒီမှာ‌ရောက်ရှိလာကြတဲ့ ကိုယ့်ကရင်‌တွေအ‌နေနဲ့ ‌နောက် လာမယ့်မျိုးဆက်‌တွေမှာ ကိုယ့်စာ ‌ပေ၊ ယဉ်‌ကျေးမှု‌တွေ မ‌ပျောက်ပျက်‌အောင် ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ကို ရည်မှန်းပြီး လုပ်‌ဆောင်သွားဖို့ ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

AKO ဗစ်တိုးရီးယားပြည်နယ်အ‌နေဖြင့် လက်ရှိတွင် အမျိုးသမီး‌ရေးရာ၊ လူငယ်‌ရေးရာ၊ ပညာ‌ရေး၊ သတင်းနှင့် ပြန်ကြား‌ရေး၊ ယဉ်‌ကျေးမှု၊ အားကစား စသည့်တာဝန်ခံများဖြင့် ကရင်စာ‌ပေများ သင်ကြား‌ပေးခြင်း၊ ကရင်ဒုံးအကများ သင်ကြား‌ပေးခြင်း၊ လူငယ်စွမ်းရည်မြှင့်သင်တန်း‌ပေးခြင်းတို့အပြင် ကရင်‌နေ့ထူး‌နေ့မြတ် အခမ်းအနားများကိုလည်း နှစ်စဉ်ကျင်းပ‌ကြောင်း ‌စောသာ့ ‌တောကူးနူးက ဆက်‌ပြောသည်။

ဗစ်တိုးရီးယားပြည်နယ်တွင် ကရင်တိုင်းရင်းသား သုံး‌ထောင်‌ကျော် အ‌ခြေချ‌နေ ထိုင်လျက်ရှိပြီး အများစုမှာ ၂၀၀၄-၂၀၀၅‌နောက် ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ် ကရင်ဒုက္ခသည်စခန်းများမှတဆင့် ‌ပြောင်း‌ရွှေ့ အ‌ခြေချ‌နေထိုင်သူများဖြစ်သည်။ ယခုပြုလုပ်သည့် AKO ဗစ်တိုးရီးယားပြည်နယ် အမှု‌ဆောင်‌ကော်မတီဝင် ‌ရွေးချယ်မှုသည် ၁၃ကြိမ်‌မြောက်ဖြစ်ပြီး အဖွဲ့ဝင် ၁၀၀‌ကျော် တက်‌ရောက် ခဲ့ကြသည်ဟု AKO ဗစ်တိုးရီးယားက ဆိုသည်။

ဩစ‌တြေးလျားနိုင်ငံ‌ရောက် ကရင်လူမျိုးအ‌ရေးအရာများကို ကူညီ‌ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ (Australia Karen Organiza tion-AKO)ကို ၁၉၉၈ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ယခုအချိန်တွင် ဗစ်တိုးရီးယား(Victoria)၊ ကွင်းစ်လန်း(Queensland)၊ ဝက်စတန်း ဩစ‌တြေးလျား(Western Australia)နှင့် နယူး‌ဆော့သ်‌ဝေး(NSW) စသည့် ပြည်နယ် ၄ခု၌ ပြည်နယ် AKO အမှု‌ဆောင် ‌ကော်မ တီဝင်များ အ‌ခြေစိုက်ထားရှိကာ လုပ်ငန်းလည်ပတ်လျှက်ရှိ‌ကြောင်း သိရသည်။