Home သတင်း ‌ခြောက်လအတွင်း အစိုးရ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ၁၀၃ခုရှိ‌ကြောင်း ND-Burma ထုတ်ပြန်

‌ခြောက်လအတွင်း အစိုးရ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု ၁၀၃ခုရှိ‌ကြောင်း ND-Burma ထုတ်ပြန်

1723

ဩဂုတ် ၁၄ရက်၊ ၂၀၁၄ခုနှစ်။ ‌စောခါးစူးညား

မြန်မာနိုင်ငံရှိ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို လိုက်လံမှတ်တမ်းတင်‌နေသည့် လူ့အခွင့်အ‌ရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma)က ယခုနှစ် ‌ခြောက်လအတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ မြန်မာအစိုးရ၏ လူ့အခွင့်အ‌ရေးချိုး‌ဖောက် မှုဖြစ်ရပ် ၁၀၃ခုရှိ‌ကြောင်း ဩဂုတ်လ ၁၄ရက်‌နေ့တွင် အစီရင်ခံစာတစ်‌စောင် ထုတ်ပြန်လိုက်သည်။

၂၀၁၄ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ သျှမ်း(ရှမ်း)ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် တနသင်္ာရီတိုင်း‌ဒေသများအတွင်းရှိ ညှင်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မတရား ဖမ်းဆီးထိန်းသိမ်း ခြင်း၊ အခွန်‌ကောက်ခံခြင်း၊ အတင်းအဓမ္မခိုင်း‌စေခြင်း၊ ‌ရွှေ့‌ပြောင်းခြင်း၊ လူကုန်ကူးမှုနှင့် အတင်းအဓမ္မ ပြုကျင့်ခံရခြင်း စသည့် အစိုးရနှင့် စစ်တပ်တို့၏ လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု အချက်အလက်များကို ND-Burma က အစီရင်ခံစာဖြင့် ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

ND-Burma ၏ စီမံဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဆလိုင်း‌ဘွေပီးက “မြန်မာနိုင်ငံမှာ အ‌ပြောင်းအလဲ‌တွေ ဖြစ်‌နေပြီဆို‌ပေမယ့် လူ့အ ခွင့်အ‌ရေး‌တွေ ချိုး‌ဖောက်မှု‌တွေ ‌နေရာတိုင်းမှာ ဆက်ဖြစ်‌နေ‌သေးတာကို မီး‌မောင်းထိုးပြချင်လို့ ဒီအစီရင်ခံစာကို ကျ‌နော်တို့ထုတ် တာဖြစ်တယ်။ အချက်အလက်‌တွေ ကျ‌နော်တို့ကွန်ရက်ထဲက အဖွဲ့‌တွေ ‌သေချာကွင်းဆင်း‌ကောက်ယူထားတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ်ရပ်စဲထားသည့်ကာလ၌ အစိုးရ၏ လူ့အ ခွင့်အ‌ရေး ချိုး‌ဖောက်မှုနှင့်ပတ်သက်၍ ND-Burma အ‌နေဖြင့် ‌ခြောက်လအတွင်း လက်လှမ်းမီသမျှ ‌ကောက်ခံရရှိသည့် အချက် အလက်များသာဖြစ်ပြီး အခြားလက်လှမ်းမမီသည့်ဖြစ်ရပ် အများအပြားရှိ‌ကြောင်းနှင့် လက်ရှိအချိန်ထိ လူ့အခွင့်အ‌ရေးချိုး‌ဖောက် မှုများမှာ ဆက်လက်ဖြစ်‌ပေါ်‌နေ‌သေး‌ကြောင်းလည်း ဆလိုင်း‌ဘွေပီးက ဖြည့်စွက်‌ပြောဆိုသည်။

ND-Burma အစီရင်ခံစာအရ အစိုးရစစ်တပ်၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု သိမ်းယူခြင်း၊ ဖျက်ဆီးခြင်းဖြစ်ရပ် ၃၆ခုမှာ အများဆုံးဖြစ်ပြီး လူသတ်မှု ၁၄ခု၊ ညှင်းပမ်းနှိပ်စက်မှု ၁၄ခု အပါအဝင် အခြားချိုး‌ဖောက်မှု‌ပေါင်း ၁၀၃ခုအနက် မွန်ပြည်နယ်အတွင်းမှ လူ့အခွင့်အ ‌ရေး ချိုး‌ဖောက်မှုဖြစ်ရပ်များမှာ အများဆုံးဖြစ်‌ကြောင်း ထည့်သွင်း‌ဖော်ပြထားသည်။

ထို့အပြင် အပစ်ရပ်ကာလ၌ ဘာသာ‌ရေးပဋိပက္ခများ၊ ဆန္ဒပြမှုဖြစ်‌ပေါ်မှုများနှင့် တိုက်ပွဲဖြစ်ပွား‌သော တိုင်းရင်းသား‌ဒေသအချို့တွင် လူသတ်မှုများ၊ ညှင်းပမ်းနှိပ်စက်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် မတရားပုဒ်မတပ်၍ ဖမ်းဆီး‌ထောင်ချမှုများ စသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ဆက်လက်ဖြစ်‌ပေါ်‌နေသည်ဟုလည်း ND-Burma က ‌ထောက်ပြထားသည်။

ND-Burma ၏ စည်းရုံးလှုံ့‌ဆော်‌ရေးအဖွဲ့ဝင် လိုည်းပိုးညိူဝ်းက “အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း‌တွေ တစ်ပြည် လုံး အပစ်အခတ်ရပ်စဲ‌ရေးအတွက် ညှိနှိုင်း‌ဆွေး‌နွေး‌နေ‌ပေမယ့် စစ်ပွဲ‌တွေ‌ကြောင့် ‌ထောင်နဲ့ချီတဲ့ ပြည်သူလူထု‌တွေဟာ ပြည်တွင်း စစ်‌ရှောင် ဒုက္ခသည်‌တွေအဖြစ် ကြီးထွားလာတာကို ‌တွေ့ရတယ်”ဟု ‌ပြောသည်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အ‌ရေးအဖွဲ့များကို ‌ထောက်ပံ့ကူညီရန်နှင့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှု အချက်အလက်များကို ရှာ‌ဖွေ စု‌ဆောင်းမှတ်တမ်းတင်ရန် ရည်ရွယ်၍ ND-Burma ကို ၂၀၀၄ခုနှစ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လူ့အခွင့်အ‌ရေးဆိုင်ရာလှုပ်ရှား ‌နေသည့်အဖွဲ့များဖြင့် ဖွဲ့စည်းခဲ့ပြီး ယခင်နှစ်များကလည်း အလားတူ လူ့အခွင့်အ‌ရေးဆိုင်ရာ အစီရင်ခံစာများ ထုတ်ပြန်လျှက်ရှိ သည်။

လက်ရှိ ND-Burma တွင် အဖွဲ့ဝင်များ၊ ဆက်စပ်အဖွဲ့ဝင်များနှင့် ပူး‌ပေါင်းအဖွဲ့အစည်းများဖြင့် စု‌ပေါင်းဖွဲ့စည်းထားပြီး နိုင်ငံ‌ရေးအ ကျဉ်းသားများ ကူညီ‌စောင့်‌ရှောက်‌ရေးအသင်း-မြန်မာနိုင်ငံ(AAPP)၊ မြန်မာ့‌ရေးရာ(BI)၊ ချင်းလူ့အခွင့်အ‌ရေးအဖွဲ့(CHRO)၊ မွန်လူ့ အခွင့်အ‌ရေး‌ဖောင်‌ဒေးရှင်း(HURFOM)၊ လားဟူအမျိုးသမီးအစည်းအရုံး(LWO)၊ ကချင်အမျိုးသမီးအစည်းအရုံး-ထိုင်းနိုင်ငံ (KW-AT)၊ ပ‌လောင်အမျိုးသမီးအစည်းအရုံး(PWO)၊ ရခိုင်ပြည်လုံးဆိုင်ရာ‌ကျောင်းသားနှင့် လူငယ်များအစည်းအရုံး(AASYC)၊ ပအိုဝ်း လူငယ်အစည်းအရုံး(PYO)နှင့် Former Political Prisoners (FPPs) အပါအဝင် အဖွဲ့ဝင်‌ပေါင်း ၁၃ဖွဲ့ရှိ‌ကြောင်း ND-Burma အွန် လိုင်းစာမျက်နှာတွင် ‌ဖော်ပြထားသည်။