Home သတင်း နိုင်ငံဖွံ့ဖြိုး‌ရေးအတွက် လူငယ်အခန်းကဏ္ဍ အ‌ရေးကြီး‌ကြောင်း ‌ကေအဲန်ယူ ‌ပြောဆို

နိုင်ငံဖွံ့ဖြိုး‌ရေးအတွက် လူငယ်အခန်းကဏ္ဍ အ‌ရေးကြီး‌ကြောင်း ‌ကေအဲန်ယူ ‌ပြောဆို

2207

ဩဂုတ် ၁၈ရက်၊ ၂၀၁၄ခုနှစ်၊ နန်း‌ချောင်‌ဖော့

နိုင်ငံတစ်နိုင်ငံနှင့် လူမျိုးတစ်မျိုး ဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လူငယ်အခန်းကဏ္ဍသည် အ‌ရေးကြီးသည်ဟု ကရင်ပြည်နယ်၊ ဖားအံမြို့၊ ကန်သာဦးခမ်းမတွင် ဩဂုတ်လ ၁၆ရက်‌နေ့က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့တွင် ကရင်အမျိုး သားအစည်းအရုံး(‌ကေအဲန်ယူ) ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီဝင် ပဒို‌စောသမိန်ထွန်းက ‌ပြောဆိုလိုက်သည်။

“ဒီက‌နေ့ ပစ္စုပ္ပန်ကာလမှာ ကမ္ဘာကြီးကို လူကြီး‌ရော၊ လူငယ်‌ရော ပိုင်ဆိုင်ကြပါတယ်။ ဒါ‌ပေမယ့် အနာဂတ်ကို‌တော့ လူငယ်များ သာ ပိုင်ဆိုင်ကြပါတယ်။ ဒါ‌ကြောင့် လူငယ်‌တွေဟာ မိမိရဲ့တန်ဖိုးကို တိုးမြှင့်နိုင်ဖို့၊ ပွားများနိုင်ဖို့ အများကြီးပဲ လိုအပ်ပါတယ်။ အဲဒီ ‌တော့ တိုင်းပြည်နဲ့ လူမျိုးတစ်မျိုးရဲ့ တိုးတက်ဖွံ့ဖြိုးမှုကို ကြည့်တဲ့အခါ လူငယ်‌တွေမှာ ကြည့်ရမယ်”ဟု ပဒို‌စောသမိန်ထွန်းက အခမ်းအနားတွင် ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် အတိတ်သမိုင်းများနှင့် များစွာ လွဲ‌ချော်မှုဖြစ်ခဲ့ရပြီး တိုးတက်ပြီးသား နိုင်ငံတစ်ခုမှ အဆင့်နိမ့်သည့် နိုင်ငံတစ်ခု သို့ ကျဆင်းသွားရပြီး ထိုမှတဖန် တိုးတက်သည့်နိုင်ငံအဖြစ် ပြန်လည်ထူ‌ထောင်နိုင်ရန် လူငယ်များ၏ အခန်းကဏ္ဍမှာ အလွန်အ ‌ရေးကြီး‌ကြောင်းလည်း ပဒို‌စောသမိန်ထွန်းက ဆက်‌ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့ အခမ်းအနားကို ဖားအံ Youth Network မှ ကမကထ ပြုလုပ်ကျင်းပပြီး အခမ်းအနားသို့ ‌ကေအဲန်ယူမှ ပဒို‌စောသမိန်ထွန်းနှင့် ပဒို‌စောလှထွန်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြား‌ရေးမှူး ဦး‌စောမြတ်ထွဋ်ဝင်း၊ ပြည် သူ့လွှတ်‌တော်ကိုယ်စားလှယ် နန်း‌စေအွာ၊ ဖားအံတက္ကသိုလ်‌ကျောင်းသူ‌ကျောင်းသားလူငယ်အဖွဲ့၊ ဖားအံ‌စေတနာရှင်လူငယ်အဖွဲ့၊ EGG ‌ကျောင်းသူ‌ကျောင်းသား၊ ပအိုဝ်းလူငယ်အဖွဲ့၊ မွန်ပြည်နယ်လူငယ်အဖွဲ့ အပါအဝင် စုစု‌ပေါင်း ၁၅ဖွဲ့မှ လူဦး‌ရေ ၅၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။
Int_YouthDay KantharOo hall
အခမ်းအနားဖြစ်‌မြောက်‌ရေး ဦး‌ဆောင်ကျင်းပသည့် ဖားအံ Youth Network မှ ‌ကော်မတီတစ်ဦးဖြစ်သူ နန်းမြင့်‌အောင်က “ဒီပွဲ လုပ်ရတဲ့ရည်ရွယ်ချက်က လူငယ်‌တွေ တစ်‌နေရာမှာ စုစည်းနိုင်မယ့် အခန်းကဏ္ဍကို မြှင့်တင်‌ပေးချင်လို့ပါ။ ဒီနှစ်မှာ လူငယ်‌တွေ ကျမတို့မှန်းထားတာက ၃၀၀‌လောက်ပဲ။ တကယ်တက်လာတာ ၅၀ဝ ‌ကျော်တာ ‌တွေ့ရ‌တော့ ဒါက ပါဝင်မှု အား‌ကောင်းလာတာ ပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အခမ်းအနားတွင် လူငယ်နှင့် ပညာ‌ရေး၊ လူငယ်နှင့် လူမှု‌ရေး၊ လူငယ်စွမ်းရည်မြှင့်တင်‌ရေးအခန်းကဏ္ဍနှင့် မြန်မာ့ငြိမ်း ချမ်း‌ရေးတည်‌ဆောက်မှုဖြစ်စဉ်နှင့် လူငယ်များ၏ အခန်းကဏ္ဍများကို သက်ဆိုင်ရာ အဖွဲ့အစည်းများက ထည့်သွင်း‌ဟော‌ပြောခဲ့ ကြသည်။

အခမ်းအနား တက်‌ရောက်သည့် သူရိယစန္ဒာမျိုးဆက်သစ် ပအိုဝ်းလူငယ်အသင်းမှ နန်းကြူကြူခိုင်က “ဒီလိုမျိုးပွဲ‌တွေလုပ်မှပဲ လူ ငယ်‌တွေရဲ့စိတ်ထဲမှာ ဘာရှိလဲဆိုတာ ဖွင့်‌ပြောလို့ ရသွားတယ်။ လူငယ်တစ်‌ယောက်အ‌နေနဲ့ လွတ်လွတ်လပ်လပ်‌ပြောလို့ရတယ်။ ‌မေးလို့ရတယ်။ ဒီပွဲကို တက်‌ရောက်ခွင့်ရတဲ့အ‌ပေါ် ဝမ်းသာတယ်”ဟု ဆိုသည်။

၁၉၉၈ခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့က ‌ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့တွင် ကျင်းပခဲ့သည့် လူငယ်‌ရေးရာဝန်ကြီးဌာနများ၏ ကမာ္ဘလုံး ဆိုင်ရာကွန်ဖရင့်မှတဆင့် ဩဂုတ်လ ၁၂ရက်‌နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့အဖြစ် သတ်မှတ်‌ပေးရန် ‌ထောက်ခံတိုက် တွန်းချက်ကို ဆုံးဖြတ်ချက် (၅၄/၁၂၀)ဖြင့် ၁၉၉၉ခုနှစ်၊ ၅၄ကြိမ်‌မြောက် ကမာ္ဘ့ကုလသမဂ္ဂညီလာခံတွင် အတည်ပြုခဲ့သည်။

ကရင်ပြည်နယ်အတွင်း အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့ကို ၂၀၁၂ခုနှစ်က အာကာ‌ဘေဘုရား‌ကျောင်း၌ တစ်ကြိမ်၊ ၂၀၁၃ခုနှစ် ၌ သု‌မေဓာရာမ ကြား‌တောရ‌ကျောင်းတွင် တစ်ကြိမ် ပြုလုပ်ကျင်းပခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။