Home သတင်း ‌ငွေ‌ကြေးခက်ခဲ၍ မြန်မာ‌ရွှေ့‌ပြောင်း လူငယ်နှင့် က‌လေးများ ‌နေထိုင်ခွင့်လက်မှတ် ပြုလုပ်သူနည်းပါး

‌ငွေ‌ကြေးခက်ခဲ၍ မြန်မာ‌ရွှေ့‌ပြောင်း လူငယ်နှင့် က‌လေးများ ‌နေထိုင်ခွင့်လက်မှတ် ပြုလုပ်သူနည်းပါး

1575

ဩဂုတ် ၉ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲ‌ဆောက်မြို့တွင် မြန်မာ‌ရွှေ့‌ပြောင်းလူငယ်နှင့် က‌လေးများအတွက် ဩဂုတ် ၄ရက်‌နေ့မှ ‌အောက် တိုဘာ ၃၁ရက်‌နေ့အထိ တနှစ်စာ ‌နေထိုင်ခွင့်လက်မှတ်ပြုလုပ်ရန် ထိုင်းအစိုးရအာဏာပိုင်များက ဖွင့်လှစ်‌ပေးထားပြီဖြစ်‌သော် လည်း ‌ငွေ‌ကြေးအခက် အခဲ‌ကြောင့် ပြုလုပ်သူနည်းပါး လျှက်ရှိသည်ဟု သိရသည်။

ကဒ်လုပ်လိုသူများအတွက် လက်ရှိ မဲ‌ဆောက်မြို့၌ တနှစ်စာ ကျန်းမာ‌ရေးအာမခံကဒ်နှင့် ‌နေထိုင်ခွင့်ကဒ် ပြုလုပ်‌ပေးထားပြီး ကဒ် ပြုလုပ်ရာတွင် အသက်ပိုင်းခြားအလိုက် ‌ဈေးနှုန်းသတ်မှတ်၍ အသက် ၇နှစ်မှ ၁၅နှစ်အကြား က‌လေးတစ်ဦးလျှင် ၂၁၂ဝဘတ်၊ ၇နှစ်‌အောက်က‌လေးတစ်ဦးလျှင် ၃၈၅ဘတ် ကုန်ကျသည်ဟု မဲ‌ဆောက်အ‌ခြေစိုက် မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော် မတီ (JACBA) ဥက္ကဌ ဦးမိုးကြိုးက ‌ပြောသည်။

ဦးမိုးကြိုးက “အခုဖြစ်‌နေတဲ့ အခက်အခဲက အလုပ်ရှင်လက်မှတ်‌ပေါ့။ အလုပ်ရှင်‌တွေက သူ့စက်ရုံ အလုပ်ရုံ အလုပ်သမား‌တွေ ‌လောက်ပဲ ‌ထောက်ခံတယ်။ အလုပ်ရှင်မရှိတဲ့ လူ‌တွေက သူ့အလုပ်ရှင်‌တွေကို လိုက်ရှာရတယ်။ ရတဲ့အလုပ်ရှင်‌တွေက အလွယ် တကူ မ‌ထောက်ခံဘူး။ ပိုက်ဆံ‌ပေးမှ‌ထောက်ခံတယ်။ အဲဒါကို အလုပ်သမား‌တွေက တချို့သူတို့နဲ့ သူတို့မိသားစုဝင် အားလုံးလုပ် ရင် ဘယ်လိုမှ မတတ်နိုင်ကြဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် တနှစ်စာ ‌နေထိုင်ခွင့်လက်မှတ် လုပ်လိုသည့် လူငယ်နှင့် က‌လေးများ၏ ကုန်ကျစရိတ်အဖြစ် ကျန်းမာ‌ရေးစစ်‌ဆေးခ၊ ကျန်းမာ‌ရေး‌ထောက်ခံချက်နှင့် ကဒ်ထုတ်‌ပေးခတို့ ပါဝင်ပြီး လက်မှတ်ပြုလုပ်ရာတွင် အလုပ်ရှင်၏ ‌ထောက်ခံချက်လက်မှတ် လို အပ်သလို ၎င်းတို့မိဘများ၏ အလုပ်ရှင်ထံမှလည်း ‌ထောက်ခံချက်လက်မှတ် လိုအပ်‌သေးသည်ဟု သိရသည်။

မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ဦးမျိုးဟိန်းက “အလုပ်လုပ်ခွင့်လက်မှတ်‌တောင် မလုပ်နိုင်ဘူး။ မိသားစုအတွင်းည ရှိတဲ့ က‌လေး‌တွေကိုပါ ‌နေထိုင်ခွင့်လုပ်ရမယ်ဆို‌တော့ ပိုက်ဆံမတတ်နိုင်ဘူး။ ကိုယ့်မှာလည်း ဝင်‌ငွေတစ်လကို ‌ထောင်ဂဏန်းပဲရ တာ။ မိသားစုစားဝတ်‌နေ‌ရေးဘက်မှာပဲ သုံးရတယ်။ က‌လေး‌တွေအတွက်‌တော့ ‌နေထိုင်ခွင့်လက်မှတ် မလုပ်နိုင်‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ တာ့ခ်ခရိုင်အတွင်း မဲ‌ဆောက် အပါအဝင် ၉မြို့နယ်တွင် ထိုင်းစစ်တပ်အစိုးရမှ ‌နေထိုင်ခွင့် အ‌ထောက်အထားမရှိသည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌ပေါင်း တစ်သိန်းငါး‌သောင်း‌ကျော်ရှိသည်ဟု ခန့်မှန်းထား‌သော်လည်း ပြုလုပ်သည့်ကဒ်မှာ ‌ဈေးကြီး သည့်အတွက် အနည်းစုသာ ပြုလုပ်နိုင်မည်ဟု ထင်မြင်‌ကြောင်း ဦးမိုးကြိုးက ဖြည့်စွက်‌ပြောဆိုသည်။

ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းယူပြီး‌နောက်ပိုင်း ဇွန်လမှစ၍ ‌နေရာအနှံ့ရှိ တရားမဝင် ‌နေထိုင်ခွင့်အ‌ထောက်အထားကဒ်နှင့် အလုပ်သမားကဒ်မရှိသူ အများအပြားဖမ်းဆီးခံရကာ လက်ရှိ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား‌နေထိုင်ရာ ‌နေရာအများစုတွင်သတ် မှတ်ထားသည့်ရက်အတွင်း ‌နေထိုင်ခွင့်ကဒ် ပြုလုပ်နိုင်ရန် ONE STOPE SERVICE ဖွင့်လှစ်‌ပေးထားသည်။

ယခု ပြုလုပ်‌နေသည့် ‌နေထိုင်ခွင့်ကဒ်ကို ယခင် ထိုင်းအရပ်သားအစိုးရက ပြုလုပ်‌ပေးမှုများရှိခဲ့‌သော်လည်း တစ်ရက်တည်း အပြီး ပြုလုပ်‌ပေးသည့်နည်းသဖြင့် ယခု ထိုင်းစစ်အစိုးရလက်ထက်တွင် ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် တစ်ကြိမ်တည်း ပုံစံပြ ပြု လုပ်‌ပေး‌သော ONE STOPE SERVICE ရုံးဖွင့်လှစ်‌ပေးထားကာ တစ်ရက်၊ တစ်‌နေရာတည်းတွင် အပြီးပြုလုပ်‌ပေးလျှက်ရှိသည်။