Home သတင်း ဒီ‌ကေဘီ‌အေ ထိန်းချုပ်ရာနယ်‌မြေတွင် ၆၄နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ကျင်းပ

ဒီ‌ကေဘီ‌အေ ထိန်းချုပ်ရာနယ်‌မြေတွင် ၆၄နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ကျင်းပ

1857

ဩဂုတ် ၁၂ရက်၊ ၂၀၁၄ခုနှစ်။ ‌စောသိန်းမြင့်

ယ‌နေ့ကျ‌ရောက်‌သော ၆၄နှစ်‌မြောက် ကရင်အမျိုးသားအာဇာနည်‌နေ့ကို ဒီမိုက‌ရေစီအကျိုးပြု ကရင်အမျိုးသား တပ်မ‌တော်(ဒီ‌ကေဘီ‌အေ)ထိန်းချုပ်ရာနယ်‌မြေ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဆုံဆည်းမြိုင်‌ကျေးရွာတွင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင်များနှင့် ‌ဒေသခံရွာသူရွာသားများတို့က စု‌ပေါင်းကျင်းပခဲ့ကြသည်။

နံနက် (၇)နာရီမှ (၉)နာရီအထိ ကျင်းပခဲ့‌သော ယင်းအခမ်းအနားတွင် ဒီ‌ကေဘီ‌အေမှ စစ်ဘက်ဆိုင်ရာ အရာရှိများနှင့် တပ်ဖွဲ့ဝင်များ၊ ‌တောင်နီ၊ ဆုံဆည်းမြိုင်နှင့် ‌သေ‌ဘောဘိုး စသည့် ‌ကျေးရွာများမှ ရွာသူရွာသား များအပြင် ထိုင်းဘက်ကမ်းရှိ ‌ရွှေ့‌ပြောင်း ကရင်‌ကျောင်းသူ‌ကျောင်းသားများအပါအဝင် စုစု‌ပေါင်း ၅၀ဝခန့် တက်‌ရောက်ဂုဏ်ပြုခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ‌နော်စန္ဒာဝိုင်းက “အများအတွက် အသက် ‌ပေးလှူခဲ့ကြတဲ့ အာဇာနည်‌ခေါင်း‌ဆောင်နဲ့ ရဲ‌ဘော်‌တွေကို ‌အောက်‌မေ့သတိရတဲ့အ‌နေနဲ့ ကျင်းပရတာ ဖြစ်သလို၊ ကျမတို့ ပြည်သူလူထုအ‌နေနဲ့လည်း အမျိုးသားလွတ်‌မြောက်‌ရေးအတွက် ကြိုးပမ်းရာမှာ တာဝန်ရှိတဲ့အ‌ကြောင်း အသိ‌ပေးချင်တဲ့အတွက် ကျင်းပရတာဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကရင့်အမျိုးသား အာဇာနည်‌နေ့သည် ကရင်တစ်မျိုးသားလုံး လွတ်‌မြောက်‌ရေးအတွက် အသက်‌ပေး သွားသည့် အာဇာနည်‌ခေါင်း‌ဆောင်များကို ဂုဏ်ပြု‌အောက်‌မေ့သတိရသည့် ‌နေ့ထူး‌နေ့မြတ်‌နေတစ်‌နေ့ ဖြစ်‌သော ‌ကြောင့် နှစ်စဉ်နှစ်တိုင်း ‌အောက်‌မေ့ဖွယ် ဂုဏ်ပြုအခမ်းအနားကျင်းပပြုလုပ်ရန် ကရင်ပြည်သူများအားလုံး တာဝန်ရှိသည်ဟု ‌နော်စန္ဒာဝိုင်းက ဆက်‌ပြောသည်။

ယ‌နေ့အခမ်းအနားတွင် ဒီ‌ကေဘီ‌အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စောလားပွယ်၏ မိန့်ခွန်းကို ဖတ်ကြားခြင်း၊ နယ်‌မြေခံ တာဝန်ရှိသူများ မိန့်ခွန်း‌ပြောကြားခြင်း၊ အာဇာနည်ရဲ‌ဘော်များ၏ ကျန်ရစ်သူဇနီးသည်များနှင့် ကိုယ်လက်အဂင်္ါ ဆုံးရှုံးသွား‌သော ရဲ‌ဘော်များကို ဂုဏ်ပြုခြင်း၊ အာဇာနည်များအား လွမ်းသူ့ပန်း‌ခွေများဖြင့် အ‌လေးပြုဦးညွှတ်ခြင်း၊ အာဇာနည်‌နေ့ ဖြစ်‌ပေါ်လာပုံ ‌ပြောကြားခြင်း၊ ‌ပေးပို့လာ‌သော သဝဏ်လွှာများကို ဖတ်ကြားခြင်းတို့အပြင် ‌နေ့လည်ဘက် ခရစ်ယာန်ဘာသာနှင့် ဗုဒ္ဓဘာသာတို့ဖြင့် ဝတ်ပြုဆု‌တောင်းခဲ့ကြသည်။

အခမ်းအနားသို့ တက်‌ရောက်‌သော (ဒီ‌ကေဘီ‌အေ)စစ်‌ရေးချုပ် ဗိုလ်မှူးကြီး ‌စောစိန်မြင့်က “ဒီ‌နေ့ဟာ ကျ‌နော်တို့ အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးက အများအတွက် အသက်‌ပေးလှူသွားခဲ့တဲ့‌နေ့ တစ်‌နေ့ဖြစ်တယ်။ ဒါ‌ကြောင့် ‌စောဘကြီး ချမှတ်ထားတဲ့ လမ်းစဉ်‌တွေကို ကျ‌နော် ဆက်လက်လုပ်‌ဆောင်ရမှာ ဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် အခမ်းအနားတက်‌ရောက်ခဲ့သည့် ‌ကျောင်းသူတစ်ဦးဖြစ်သူ ‌နော်ဆာ‌ဂေက “ဒီ‌နေ့ အများ‌လေးစားတဲ့ ‌ခေါင်း‌ဆောင်‌တွေ ကျဆုံးသွားတဲ့ ‌နေ့တစ်‌နေ့ဖြစ်တဲ့အတွက် သမီးအရမ်းဝမ်းနည်းတယ်။ အမှန်ဆို ဒီလို‌နေ့မျိုး ဆိုရင် ပြည်သူ‌တွေ ဒီထက်ပိုပြီး ပူး‌ပေါင်းပါဝင်သင့်တယ်။ ဒါမှ ကိုယ့်ရဲ့အာဇာနည်အ‌ကြောင်း သိရှိနားလည် မယ်”ဟု ‌ပြောဆိုသည်။

၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ‌ကေအဲန်ယူ ဥက္ကဌ ‌စောဘဦးကြီးအပါအဝင် ဗိုလ်ချုပ် စိုင်း‌ခေနှင့် ၎င်းတို့ရဲ‌ဘော်များအား ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာတွင် မြန်မာအစိုးရက ဝင်‌ရောက်ပစ်ခတ်ပြီး ကျဆုံးသွားခဲ့သည့်‌နေ့ကို ကရင်အမျိုးသားအာဇာနည်‌နေ့အဖြစ် သတ်မှတ်ခဲ့ကာ နှစ်စဉ် ဂုဏ်ပြု‌အောက်‌မေ့ပွဲ အခမ်းအနား ကျင်းပ‌လေ့ရှိသည်။

ယ‌နေ့ကျ‌ရောက်‌သော ၆၄နှစ်‌မြောက် ကရင်အမျိုးသား အာဇာနည်‌နေ့ကို ‌ကေအဲန်ယူ ထိန်းချုပ်ရာ ခရိုင်၊ တပ်မဟာအသီးသီးတို့တွင် ဂုဏ်ပြု‌အောက်‌မေ့ပွဲ ကျင်းပခဲ့သလို ပြည်တွင်းရှိ ‌နေရာတစ်ချို့နှင့် ပြည်ပ‌ရောက် ကရင်ပြည်သူများလည်း ကျင်းပခဲ့ကြသည်ဟု သိရသည်။